Skip to content

ပထမ အကျော့ ပြင်သစ် ရွေးကောက်ပွဲ မှာ ဖရန်ဆွာ ဟော်လန်း အနိုင်ရ

XDA154_1445403e

ပြင်သစ် နိုင်ငံ မှာ တနင်္ဂနွေ နေ့  က ကျင်း ပခဲ့ တဲ့ ရွေးကောက် ပွဲ မှာ ဆိုရှယ် လစ် ပါတီ က
ဖရန်ဆွာ ဟော်လန်း က ၂၈.၆၁ ရာ ခိုင်နှုန်း နဲ့  အနိုင်ရရှိ ခဲ့ တယ် လို့  Le Monde သတင်း
စာ မှာ  ဖော်ပြ ထားပါတယ်။လက်ရှိ သမ္မတ နဲ့  Union for a Popular Movement ပါတီ
က နီကိုလပ်(စ) ဆာကိုဇီ က ၂၇.၀၈ မဲ ရရှိ နေကာ ဒီမဲရလာဒ် တွေ ကို ဆန္ဒမဲ ပြား တွေ ရဲ့ 
၉၈ ရာ ခိုင်နှုန်း ကျော် ကို အခြေခံ ပြီး ရေတွက် ထား တာ လို့  ဆိုပါတယ်။

ဝင်ရောက်အရွေးခံ သူ တွေ ဟာ သတ်မှတ်ထား တဲ့ ဆန္ဒမဲ ၅၀ ရာခိုင်နှုန်း ကို မကျော်တဲ့
အတွက် အများဆုံး မဲ့ ရရှိသူ နှစ်ဦး က သမ္မတ လောင်း အဖြစ် ပြန် အရွေးခံ ရမှာ ဖြစ်ပါတယ်။

သမ္မတ နီကိုလပ်(စ) ဆာကိုဇီ နဲ့  ဇနီးသည် ကာလာ ဘရူနီ တို့ လည်း ပါရီ မြို့  က မဲ ရုံမှာ ဒီ
နေ့ မနက် ဆန္ဒမဲ လာရောက် ပေးခဲ့ ပါတယ်။

ပြင်သစ် နိုင်ငံ မှာ ကြုံနေရတဲ့ အလုပ်လက်မဲ့ နဲ့  စီးပွားရေး ပြဿနာ တွေ ကြောင့် ဆာကိုဇီ
ရဲ့  လူကြိုက်များ မှု ဟာ ကျဆင်းခဲ့  တယ် လို့  ပြင်သစ် နိုင်ငံ ဆော်ဘွန်း တက္ကသိုလ်မှာ ဥပဒေ
ပညာ သင်ကြား နေတဲ့ အန်း ပြဲဖူရ် က AFP သတင်း ကို ဖော်ပြ ပါတယ်။

ဆိုရှယ်လစ် ပါတီ ရဲ့  ရှုံးချုပ် အနီးက လမ်းတွေ ပေါ် မှာ တော့  ဟော်လန်း ကို ထောက်ခံ သူ
တွေ က အောင်ပွဲ ခံ နေကြ ပြီး  မြို့ တော် ပါရီ မှတော့ လူငယ်တွေ က ဆာကို နိုင်ရမယ် လို့ 
ဟစ်ကြွေး နေကြပါတယ်။

ပြင်သစ် သမ္မတ ဟောင်း ဂျက်ရှီ ရက် ရဲ့  ဇနီး လည်း ရွေးကောက် ပွဲ မှာ ပါဝင် ယှဉ်ပြိုင်ခဲ့ ပါ
တယ်။

သမ္မတ လောင်း အဖြစ် ၀င်ရောက်ယှဉ်ပြိုင် သူများ ၊ ကိုယ်စား ပြု ပါတီ နှင့် မဲ အရေ အတွက်

Francois Hollande Socialist Party 28.61%
Nicolas Sarkozy Union for a Popular Movement 27.08%
Marine Le Pen National Front 18.05%
Jean-Luc Melenchon Left Front 11.12%
Francois Bayrou Modem 9.11%
Eva Joly Greens 2.27%
Nicolas Dupont-Aignan Stand Up for the Republic 1.80%
Philippe Poutou New Anti-Capitalist Party 1.15%
Nathalie Arthaud Workers’ Struggle Party 0.57%
Jacques Cheminade Solidarity and Progress 0.25%

Bernadette Chirac, Francois Hollande , France, Vote, Election

About these ads
Follow

Get every new post delivered to your Inbox.

Join 592 other followers

%d bloggers like this: