Skip to content

မန္တလေး ၊ မုံရွာ နှင့် ပြည် မြို့  တို့ တွင် လျှပ်စစ်မီး ရရှိရေး ဆက်လက် ဆန္ဒပြ

560601_10150811978983085_733413084_9704889_1187604956_n

လျှပ်စစ်မီး ရရှိ ရေး အတွက် မန္တလေး မြို့  တွင် ယနေ့ ည ဉ် ဒုတိယ အကြိမ်မြောက် တောင်း
ဆို ဆန္ဒပြ မှု များ ပြု လုပ် ခဲ့ ရာ လူ ထောင်ပေါင်း များ စွာ ပါဝင်ခဲ့ သည်။  ၂၆ နဲ့ ၂၇ လမ်းကြား၊
၇၈ လမ်း ကျုံး အနီး ရှိ မန္တလေး တိုင်း လျှပ်စစ် ရုံးချုပ် ရှေ့  တွင် ဆန္ဒပြ သူ များ က ဖယောင်း တိုင်
မီးများ ၊ ဆိုင်းဘုတ် များ ကိုင်ဆောင် ပြီး ဆန္ဒပြ ခဲ့ သည်

မန္တလေး မြို့ နည်း တူ မုံရွာ နှင့် စစ်ကိုင်းမြို့ များ တွင်လည်း လျှပ် စစ်မီး ရရှိ ရေးတောင်း ဆို ဆန္ဒပြ
မှု များ ဖြစ်ပွား ခဲ့ သည်။ မုံရွာ မြို့  တွင် မုံရွာ အား ကစား ကွင်း အရှေ့ မှ  သည် တိုင်းလျှပ်စစ် ရုံး နှင့်
မြို့ လည် ဗိုလ်ချုပ် လမ်းမ  မြို့ တော် ခန်း မရှေ့  သို့  လမ်းလျှောက် ချီ တက် ဆန္ဒပြမှု ဖြစ် ပွား ခဲ့
သည်။

မန္တလေး မြို့  ဒုတိယ နေ့  ဆန္ဒပြ မှု တွင် ရဲ ကားများ ၊ လုံထိမ်း မော်တော် ယာဉ် ကားများ ဖြင့် အနီး ကပ်
စောင့် ကြပ် ကြည့် ရှု မှု များ ပြု ခဲ့ ပြီး  တိုင်း လျှပ်စစ် ရုံး နှင့် မန္တလေး တိုင်း ဒေသ ၀န်ကြီး ချုပ် ၏ အိမ်
တို့  တွင် လုံခြုံရေး များ တိုးမြှင့် ချထား သည်။

မန္တလေး မြို့  လျှပ် စစ်မီး ရရှိ ရေး တောင်းဆို ဆန္ဒပြ သူ တစ်ဦး ဖြစ်သည့် လမ်း ၈၀ တရုတ်တန်း နေ
ကိုမောင်မောင်ကြီး က “  ၆ နာရီ မီးပေး မယ် ဆိုတဲ့ အချိန် မှာ တောင် မီး က အပြည့် မရဘူး ၊ ရာသီ
ဥတု က ပူတဲ့ အချိန် လျှပ် စစ်မီး မီး မရှိတော့ ပန်ကာ တောင် ဖွင့် လို့  မရဘူး ဟု FNG သို့  ပြောသည်။

မုံရွာ မြို့  က လျှပ်စစ်မီး ရရှိရေး တောင်း ဆို ဆန္ဒပြမှု

ယနေ့  ည မန္တလေး မြို့  မီးရရှိ ရေး ဆန္ဒပြ မှု တွင် မြို့ ခံ များ ပိုမို ပါဝင် ပူးပေါင်း Photo : Aung Shin

ယနေ့  ည မန္တလေး မြို့  မီးရရှိ ရေး ဆန္ဒပြ မှု တွင် မြို့ ခံ များ ပိုမို ပါဝင် ပူးပေါင်း Photo : Aung Shin

ယနေ့  ည မန္တလေး မြို့  ဆန္ဒ ပြ ပွဲ တွင် အစိုးရ သတင်းစာ များ တွင် ဖော် ပြထား သည့် အလှည့် ကျ မီး
ပေးဝေမှု စနစ် များ စီစဉ်ထား ပြီး ပြောသည့် အတိုင်း မလုပ် ပုံ ကို V နိုင်း ပိုစတာ များ ဖြင့် လည်း သရုပ်
ဖော် ပြသခဲ့ သည်။

ဆန္ဒပြ သူ အချို့  က တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ မှ လျှပ် စစ်မီး ကို ၀ယ်ယူထား ရှိ မှု ကို ရပ် တန့် 
ပေး ရန် တောင်း ဆို ခဲ့ သည်။

ပြည်မြို့ တွင် လည်း ယနေ့  ည ၈ နာရီ ခန့် က ဖယောင်းတိုင်မီး ထွန်းညှို ဆန္ဒပြ မှု ဖြစ်ပွား ခဲ့သည်။

Photo Credit : Mg Ba Oo, CJ Myanmar, Kyawmoe Win, Ye Aung Thu, Aung Shin, Kyaw Swar Myint

About these ads
2 Comments
  1. သူတို့ကတော့ သူတို့အမှန် ကြည့်ဘဲပြောနေတာ တကယ်က????????????

    May 22, 2012
  2. ၀န်ကြီးကတော့တောင်းပန်ထားတယ် ဒါပေမဲ့ ?????????????

    May 22, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: