Skip to content

အီဂျစ် စစ်တပ် ရဲ့  အရပ်သား အာဏာ လွှဲ ပြောင်း မှု ဆိုသည့် အပြော ကို အာဏာသိမ်းမှု ဟု ဝေဖန်ကြ

120618012956-egypt-election-reaction-4-horizontal-gallery

အီဂျစ် နိုင်ငံ မှာ သမ္မတ ရွေးကောက်ပွဲ ရလဒ် အတိုင်း အခု လကုန် မှာ အာဏာ လွှဲပြောင်း ပေး
မှု တွေ ပြု လုပ် မှာ ဖြစ်တယ် ဆိုတဲ့ အီဂျစ် စစ်ကောင် စီ ရဲ့  သတင်းစာ ရှင်းလင်း ပွဲ ထုတ် ပြန်ချက်
ကို အီဂျစ် နိုင်ငံ က မွတ်ဆလင် ညီ အကို တော် များ အဖွဲ့  နဲ့  ပြည်သူ တွေ က လက်မခံ ပဲ ဒါဟာ
စစ်တပ် က အာဏာ သိမ်း မှု တစ်ခု သာ ဖြစ်တယ် လို့  ဝေဖန် ကန့် ကွက် ကြပါတယ်။

တရားဝင် နိုင်ငံရေး ပါတီလည်း ထူထောင် ထား တဲ့ မွတ်ဆလင် ညီ အကို တော် များ အဖွဲ က
အီဂျစ် နိုင်ငံ မှာ စစ်တပ် က အာဏာ သိမ်းတာ ဖြစ်လို့  ပြည်သူ တွေ က ဆန့် ကျင် ကန့် ကွက်
ဆန္ဒပြ ပွဲ တွေ လုပ် ဖို့  တိုက်တွန်းထားပါတယ်။

SCAF လို့ အတိုကောက် ခေါ် တဲ့ အီဂျစ် စစ်ကောင်စီက ပါလီမန် ရွေးကောက် ပွဲ သစ် ကျင်း ပ
ပြီး သည့် တိုင်အောင် ဘဏ္ဍာရေး နဲ့  ဥပဒေ ပြု ရေး စတာ တွေ ကို စစ်ခေါင်းဆောင် တွေ က
ချုပ် ကိုင် ထားတာ  ကို ကန့် ကွက် သူ တွေ က ထောက် ပြ ကြ ပါတယ်။

သမ္မတ ရွေးကောက် ပွဲ ရလာဒ် ကို တရားဝင် ထုတ် ပြန် ခြင်း မရှိ သေး ပေမယ့် မွတ်ဆလင် ညီ
အကို တော် များ အဖွဲ့  ရဲ့  ပါတီ ဖြစ်တဲ့ Freedom and Justice Party ကို ကိုယ် စား ပြု ပြီး ၀င်
ရောက် ယှဉ် ပြိုင် တဲ့ အသက် ၆၀ ရှိ မိုဟာမက် မာဆီ ရဲ့  ရွေးကောက် ပွဲ အောင်နိုင်ရေး ကော်မတီ
ကတော့ အနိုင်ရရှိ တယ် လို့  ကြေငြာ ထား ပေမယ့် အခြား သမ္မတ လောင်း တစ်ဦး ဖြစ်တဲ့ အာမက်
ရှာ ဖစ် ကတော့ သူ သာ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံ ရမယ် လို့  ဆိုပါတယ်။

သမ္မတ အဖြစ် ရေပန်းစား နေတဲ့ အသက် ၇၀ နှစ် အရွယ် ရှိ အာမက် ရှာ ဖစ် ဟာ မူဘာရက် အစိုး
ရ အဖွဲ့ ဟောင်း တွေ နဲ့  ဆက်နွယ် မှု ရှိ ပြီး သူက တော့ စစ်တပ် က ကျောထောက် နောက် ခံ ပေး
ထား တယ် ဆို တဲ့ ပြည်သူ တွေ ရဲ့  စွပ် ဆွဲ ချက် ကို ငြင်း ပယ် ပါတယ်။

အီဂျစ် နိုင်ငံ ရဲ့ ပထမ ဦးဆုံး လေသူ ရဲ တစ်ဦး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ တဲ့ အာမက် ရှာ ဖစ်
ဟာ လေတပ် ဦးစီးချုပ် တစ်ယောက် အဖြစ် နောက် ပိုင်း မှာ တော့ ၂၀၁၁ ခုနှစ် အီဂျစ် နိုင်ငံ မှာ
လူ ထု အုံ ကြွ မှု တွေ ပေါ် ပေါက် နေ စဉ် အတွင်း ၀န်ကြီး ချုပ် ရာထူး အထိ တိုး မြှင့် တာဝန် ထမ်း
ဆောင် ခြင်း ခံရ ပါတယ်။

ထင်ရှား တဲ့ အီဂျစ် နိုင်ငံ ရေး သမား နဲ့  နိုဘဲလ် ဆုရှင် မိုဟာမက် အယ်(လ)ဘာရာ ဒေး ကတော့
အီဂျစ် စစ် တပ် ရဲ့ အသွင် ကူး ပြောင်း ရေး ဆို တာ အီဂျစ် ဒီမို ကရေစီ နဲ့  တော်လှန်ရေး  နောက်
ပြန် ဆွဲ တာ ပဲ လို့  ဆိုပါတယ်။

အီဂျစ် နိုင်ငံ အရေး နဲ့  ပတ် သက် ပြီး နိုင်ငံ တကာ လေ့လာ စောင့်ကြည့် သူ တွေ က တော့ အီဂျစ်
နိုင်ငံ ရဲ့  အကြီး ဆုံး အဖွဲ့  အစည်း ကြီး နှစ် ခု ဖြစ် တဲ့ မွတ်ဆလင် ညီအကို တော် များ အဖွဲ့  နဲ့  စစ်
တပ် ရဲ့  အာဏာ လွန် ဆွဲ မှု နိဒါန်း လို့  မှတ် ချက် ပေး ကြ ပါတယ်။

News Ref : CNN, Al Jazeera. Photo : AFP Getty

Muslim Brotherhood, Egypt, Election

About these ads
Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: