Skip to content

မသီတာထွေး ကို သတ်သူ များ အား စီရင်ချက် ချမှတ်

165858_405656379484398_1354048170_n

နေမျိုးဦး ၊            ၊မေလ ၂၈ ရက် နေ့  က  ရခိုင် ပြည်နယ် ရမ်းဗြဲ မြို့ နယ် ကျောက်နီမော်
ကျေးရွာ တွင် မသီတာထွေးအား အဓမ္မ ပြု ကျင့် ပြီး သတ် ဖြတ် ခဲ့သည့် ပြစ်မှု ကျူးလွန် သူ
နှစ်ဦး ကို ကျောက်ဖြူ ခရိုင် တရားရုံး က ဇွန်လ ၁၈ ရက်နေ့ မှာ သေဒဏ် ချမှတ် ခဲ့ ပါတယ်။

သန်းဝင်း (ခ) ရော်ပီး ၊ မြင့် ရွှေ (ခ) လုလု တို့  နှစ်ဦး ကို ပြစ်မှု ဆိုင်ရာ ကျင့် ထုံးဥပဒေ ၃၀၂ ၁ (ဂ)
နဲ့  သေဒဏ် ချမှတ် ခဲ့ တာ ဖြစ်ပြီး ရော်ရှီး ခေါ် ဖြိုးဇေယျာကျော် က တော့ ဖမ်းဆီး ခံ ရပြီး သိပ်မကြာ
ခင် မှာ အချုပ် ထဲ မှာ မိမိ ကိုယ် ကို အဆုံး စီရင် ခဲ့ ပါတယ်။

ကျောက်ဖြူ ခရိုင် တရား ရုံး မှာ ကြား နာတဲ့ ဒီတရား စီရင် မှု ကို အများ ပြည် သူ ရှေ့ မှောက် မှာ စစ်
ဆေး ကြား နာခဲ့ တာ ဖြစ် ပြီး လွတ်လပ် တရား မျှတ တတဲ့ စီရင် မှု ဖြစ်တယ် လို့  တက်ရောက် လာ
သူ တွေ က ပြောပါတယ်။

စီရင်ထုံး တွေ ထဲ မှာ အမြင့် ဆုံး ဖြစ်တဲ့ သေဒဏ် အမိန့် ကို လက်ရှိ မြန်မာ နိုင်ငံ ရဲ့  ဖွဲ့  စည်း ပုံ အခြေ
ခံ ဥပဒေ အရ တရား လွှတ်တော် ချုပ် က အတည် ပြု ဖို့  လိုတယ် လို့  ရန်ကုန် မြို့  က ရှေ့ နေ တစ်ဦး
က ထောက် ပြ ပါတယ်။

ကျောက်နီမော် လူသတ် ၊ မုဒိမ်းကျင့် ၊ လုယက်မှု ကို သီတင်း ၃ ပတ် အချိန် အတွင်း မှာ စီရင် ချက် ချ နိုင်ခဲ့ လို့ 
မြန်မာ နိုင်ငံရဲ့  တရား စီရင် ရေး သမိုင် မှာ ပြစ်မှုကြီး တစ်ခု ကို အလျှင် အမြန် နဲ့  ပြစ်ဒဏ် အမိန့် 
ချ မှတ် နိုင်ခဲ့ တဲ့ အမှု လည်း ဖြစ်ပါတယ်။

ပြစ်မှု ကျုးလွန် ခဲ့ တဲ့ တရား ခံ ၃ ဦး ဟာ ကျောက်နီမော် ကျေးရွာ စံပြရပ်ကွက်မှာ စက်ချုပ်သင်ပြီး
နေအိမ်ပြန်လာတဲ့  မသီတာထွေး ကို ဇွန်လ ၂၈ ရက်နေ့  ညနေ  ကျောက်ထရံ ကျေးရွာ အနီးမှာ
အဓမ္မ ကျင့် ပစ္စည်း လုယက် ပြီး သတ် ဖြတ် ခဲ့ တာ ဖြစ်ပါတယ်။

မသီတာထွေး သတ်ဖြတ် ခံ ရ မှု နဲ့  ဆက်စက် ပြီး တောင်ကုတ် မြို့ နယ် မှာ လူဆယ် ဦး အသတ်ခံ
ရ ကာ ရခိုင်ပြည်နယ် တစ်လွှား မငြိမ် မသက် မှု တွေ ဖြစ်ပြီး ၊ အနည်း ဆုံး လူ ၅၀ ကျော် သေဆုံး
ကာ ၃၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ ပြီး အိမ် အလုံး ပေါင်း ၂၀၀၀ ကျော် ပျက် စီး ဆုံး ရှုံး ခဲ့ ပါတယ်။

About these ads
2 Comments
  1. မပေးရင်မရဘူး..ဒါပေမဲ့ဥပဒေဆိုတာ တိကျရတယ်……..ဘယ်ဖိအားကြောင့်မှ
    ပြစ်ဒဏ်ကိုသတ်မှတ်လို့မရဘူး

    June 24, 2012
  2. သေသင့်ပါတယ်
    မှန်တယ် သေဒဏ်ထက်ပြင်းတဲ့ပစ်ဒဏ်ရှိရင်တောင်ပေးသင့်တယ် အဲ့ကောင်တွေကို

    June 19, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: