Skip to content

ဝတ်(စ)မင်စတာ မှာ ဒေါ်စု သမိုင်းဝင် မိန့် ခွန်း ပြော

550388_398755273494302_2058417892_n

အင်္ဂလန် နိုင်ငံ ကို ရောက် ရှိ နေ တဲ့မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဟာ ဒီနေ့  ဗြိတိသျှ အိမ်ရှေ့ စံ ချာလ်း မင်းသား နဲ့  ကြင်ယာတော် ၊ ဗြိတိသျှ ၀န်ကြီး ချုပ် ဒေးဗစ်
ကင်မရွန်း  နဲ့  ဒေါင်းနင်းလမ်း အိမ်တော်  မှ တွေ့ ဆုံ ခဲ့ ပြီး  နိုင်ငံခြား ရေး ၀န်ကြီး ၀ီလျှံ ဟိဂ် တို့  နဲ့ 
သီခြား စီ တွေ့ ဆုံ ခဲ့ ပြီး နောက် ဗြိတိသျှ ပါ လီမန် နှစ် ရပ် ပေါင်း မှာ မိန့် ခွန်း ပြောကြား ခဲ့ ပါတယ်။

ဗြိတိသျှ ၀တ်(စ)မင်စတာ လွှတ်တော် နှစ်ရပ် ပေါင်း မှာ ပုံမှန် အား ဖြင့် နိုင်ငံ ခေါင်းဆောင် တွေ သာ
မိန့် ခွန်း ပြောကြား ခွင့် ပြု ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ပြု တဲ့ အနေနဲ့  ပြောကြားခွင့် ပေး
တာ  ဖြစ်ပါတယ်။

ဝတ်(စ)မင်စတာ လွှတ်တော် ထဲ ကို ၀င်ရောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်တော်
အမတ် တွေ က မတ်တပ် ရပ် ပြီး တော့ လက်ခုပ် တီး အား ပေး ကြိုဆို  ခဲ့ ကြပါတယ်။အောက်
လွှတ်တော်ဥက္ကဌ ဂျွန် ဘာကိုး က ဒေါ်အောင်ဆန်းစုကြည် ကို မိတ် ဆက် ပေး ရာ မှာ ” တိုင်း
ပြည် ကို ယုံကြည် ချက် နဲ့  အနစ်နာ ခံ သူ ဖြစ် ပြီး လူ အဖွဲ့ အစည်း ရဲ့  သူ ရဲ ကောင်း တစ်ဦး
လို့  ချီးကျူး ပြော ဆို ခဲ့ ပါတယ်။

အခုလို လွှတ်တော် နှစ်ရပ် ပေါင်းမှာ စကား ပြောခွင့် ရရှိ တာဟာ ဒုတိယ ကမ္ဘာ စစ်ပြီး ကတည်း
က ဆိုရင် ဗြိတိသျှ နိုင်ငံသား မဟုတ် သူ တွေ ထဲ က အမေရိကန် သမ္မတ ဘာရက် အိုဘား မား၊
ပုပ်ရဟန်း မင်းကြီး ဘင်နီဒစ် ၊ တောင်အာဖရိက ခေါင်းဆောင် နယ်(လ)ဆင် မင်ဒဲလား ၊
ပြင်သစ် သမ္မတ ချားလ်ဒီဂေါလ် တို့  လေး ဦးသာ မိန့် ခွန်း ပြောကြား ခွင့် ရခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ ၀တ်(စ)မင်စတာ မှာ မိန့် ခွန်း ပြောကြား စဉ် ဗြိတိသျှ တို့  ရဲ့ ရေးဆွဲထား
ခြင်း မရှိ ပေမယ့် ပြည်သူ တစ်ရပ် လုံး က လက်ခံ တဲ့ ဥပဒေ နဲ့  ပတ်သက် ပြီး ချီးကျုး ဂုဏ် ပြု စကား
ပြောခဲ့ ပါတယ်။

လွှတ်တော် အမတ် ၂၀၀၀ နဲ့  ဖိတ်ကြား ထားသူ တွေ ကို မိန့် ခွန်း ပြောရာ မှာ ဒေါ်အောင်ဆန်းစုကြည်
က သူ့  ကို အခု လို ” ထူးထူး ခြား ခြား ဂုဏ် ပြု တဲ့ ” အတွက် ဂုဏ် ယူ ၀မ်း မြောက် ပြီး ကျေးဇူး လည်း
တင် ရှိ ကြောင်း ဗြိတိန် လူထု ရဲ့  ထောက်ခံ အား ပေး မှု နဲ့  မြန်မာ့ ဒီမိုကရေစီ ခရီး ဟာ ရှေ့ ဆက်
နိုင်မှာ ဖြစ်တယ် လို့  ပြောကြား ခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ နေ့ လည် ပိုင်း က အိမ် ရှေ့ စံ ဝေလ မင်းသား ၊ ကြင်ယာ တော် ကမီလာ
ပါကား ဘိုလ်း တို့  နဲ့  Clarence House  အိမ်တော် မှာ တွေ့ ဆုံ ခဲ့ ပါတယ်။

ဗြိတိသျှ လွှတ်တော် နှစ် ရပ် ပေါင်းမှာ မိန့် ခွန်း ပြောကြား နေစဉ်

ဗြိတိသျှ လွှတ်တော် နှစ် ရပ် ပေါင်းမှာ မိန့် ခွန်း ပြောကြား နေစဉ်

The House of Lords နှင့် The House Of Commons လွှတ်တော် နှစ်ရပ်
ပေါင်း ရှိရာ ၁၄ ရာ စု နှစ် နှောင်းပိုင်း က တည် ဆောက် ခဲ့ ပြီး ၁၈၄၀ တွင်
ပြန်လည် ပြင် ဆင် ခဲ့ သည့် Palace of Westminster (Houses of Parliament) တွင် ဒေါ်အောင်ဆန်း စုကြည် မိန့် ခွန်း ပြော နေစဉ်

About these ads
Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: