Skip to content

အာဆဒ် ကို ဖြုတ် ချဖို့  စီအိုင်အေ ထောက်ပံ့

12

သမ္မတ အာဆဒ် ရဲ့  ဆီးရီးယား အစိုးရ အဖွဲ့  ကို ဖြုတ် ချ နိုင်ဖို့  ခု ခံ တော်လှန် နေတဲ့ ဆီးရီယားသူ
ပုန် တွေ ကို အမေရိကန် စီအိုင်အေ  က အကူ အညီ ပေး နေတယ် လို့  အမေရိကန် နဲ့  ဆော်ဒီအာ
ရေး ဗီးယား ထောက် လှမ်း ရေး သတင်း တွေ ကို ကိုကား ပြီး  New York Times သတင်းစာ မှာ
ဖော်ပြထား ပါတယ်။

တူရကီ နိုင်ငံ တောင် ပိုင်း တစ်နေ ရာ မှာ အာဆဒ် အစိုးရ ဘက်က နေ ဘက် ပြောင်း လာ တဲ့ သူ
ပုန် တွေ ကို အမေရိကန် စီအိုင် အေ က  တင့် ကား ဖျက် ဒုံး တွေ ၊ ရိုင်ဖယ် သေနတ် တွေ ၊ လက်ပစ်
ဗုံး တွေ ထောက်ပံ့ မှု ပေး နေ ပြီး သင်တန်း  လေ့ကျင့် ပေးတာ တွေ လည်း ရှိ တယ် လို့  ဆို ပါ
တယ်။

ဆော်ဒီ အာရေး ဗီးယား နိုင်ငံ က ဘက် ပြောင်းလာ တဲ့ စစ်သား တွေ ကို လစာ ပေး ဖို့  ပါ စီစဉ် ထား
ရှိ တယ်  လို့  ဒီနေ့  ဆော်ဒီ အစိုးရ က တရား ၀င် သတင်း ထုတ် ပြန်ပါတယ်။ ဒီလို  ပေး ရတဲ့ ရည်ရွယ်
ချက် က အာဆဒ် ကို ထောက်ခံ သူ တွေ ဘက် ပြောင်း လာ ဖို့  နဲ့  မြန်မြန် ဆန်ဆန် ဖြုတ် ချ နိုင်ဖို့  အတွက်
လို့  ဆို ပါတယ်။

မနေ့  ဆီးရီယား လေတပ် က ဗိုလ်မှုးကြီး တစ်ဦး ဟာ ဂျက် တိုက်လေယာဉ် နဲ့  ဂျော်ဒန် နိုင်ငံ ကို ထွက်
ပြေး ခို လှုံ ခဲ့ ပြီး ၊ ဒီေ န့ မနက် အစော ပိုင်းမှာ တော့ တူရကီ လေတပ် ရဲ့  F4 တိုက်လေယာဉ် တစ်စီး
ကို ဆီး ရီးယား က ပစ်ခ ခဲ့ ပြီး လေယာဉ် မှုး ပါ ပျောက် ဆုံး နေပါတယ်။

အမေရိကန် သမ္မတ အိုးဘားမား အစိုးရ ရော ၊  စီအိုင်အေက ပါ ဆီးရီယား သူ ပုန် တွေ ကို လက် နက်
ထောက်ပံ့ တာ မရှိ ဘူး လို့  ငြင်း ဆိုထား ပါတယ်။

Syria, CIA, Saudi Arabia

 

About these ads
Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: