Skip to content

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ် သမ္မတ နဲ့  အယ်လီဆေး နန်းတော် မှာ ညစာ သုံးဆောင်

532088_10150921292201374_1315366928_n

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့  ရဲ့  နောက်ဆုံး ဥရောပ ခရီးစဉ်
နိုင်ငံ အဖြစ် ပြင်သစ် နိုင်ငံ ကို ဒီနေ့  နေ့  လည် မှာ  အင်္ဂလန် နိုင်ငံ လန်ဒန် က Euro Star အဝေး
ပြေး  ရထား နဲ့  ရောက် ရှိ လာ ခဲ့ ပါတယ်။

ပါရီ မြို့  ကို ရောက်  ရှိလာ တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ပြင်သစ် နိုင်ငံခြား ရေး ၀န် ကြီး ကိုယ်တိုင်
လာရောက် ကြို ဆို ခဲ့ ပြီး ညနေ ပိုင်း မှာ တော့ ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်း နဲ့  ညစာ အတူ
သုံး ဆောင် မှာ ဖြစ်ပါတယ်။

ပြင်သစ် နိုင်ငံ ကို မထွက် ခွာ ခင် ဒေါ်အောင်ဆန်းစုကြည် ဟာ လန်ဒန် မှာ ပြုလုပ် တဲ့  လေဘာ
ပါတီ ရုံးချုပ် ဖွင့် ပွဲ ကို တက်ရောက် ခဲ့ ပြီး အက် မီလီဘန်း နဲ့  အတူ ပူး တွဲ သတင်းစာ ရှင်း လင်း
ပွဲ မှာ သူ့  အဖေ ဗိုလ်ချုပ် အောင်ဆန်း ဟာ ၁၉၄၇ ခုနှစ် မှာ အင်္ဂလန် ၀န်ကြီး ချုပ် နဲ့  လေဘာ ပါတီ
ခေါင်းဆောင် ကလီမန့်  အက် တလီ နဲ့  တွေ့ ပြီး မြန်မာ့  လွတ် လပ် ရေး အတွက် အောင်ဆန်း အက်
တလီ စာ ချုပ် ချုပ် ဆို နိုင်ခဲ့ တာ ကို ထည့် သွင်း ပြော ကြား ခဲ့ ပါတယ်။

ပြင်သစ် နိုင်ငံ မှာ ရှိ နေစဉ် အတွင်း မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၃ ရာ စု နှစ် က တည် ဆောက်
ထား တဲ့ နာ မည် ကျော် ဆောဘွန်း တက္က သိုလ် မှာ ကျောင်းသား တွေ နဲ့  တွေ့ ဆုံ ပြီး ပါရီ ဂုဏ်ထူး
ဆောင် မြို့  သူ ဆု ကို ပါရီ မြို့ တော် ၀န် ဆီ က နေ လက်ခံ ရယူ မှာ ဖြစ်ပါတယ်။

ပါရီ မှာ ၂၉ ရက် နေ့ ထိ နေ  မှာ ဖြစ် ပြီး ပြင်သစ် နိုင်ငံ ကို ရောက် ရှိ နေ တဲ့ မြန်မာ မိသား စုတွေ နဲ့ 
တွေ့ ဆုံ မှာ ဖြစ်ပါတယ်။ အခု နောက် ဆုံး သိရ တဲ့ သတင်း အရ တော့ ပြင်သစ် နိုင်ငံ အယ်လီဆေး
နန်း တော် မှာ ပြင် သစ် သမ္မ တကြီး နဲ့ သတင်းစာ ရှင်း လင်း ပွဲ ပြု လုပ် ပြီး နောက်
ညစာ သုံးဆောင် နေ တယ် လို့  သိရ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့  ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်း တို့  ဟာ ညစာ မသုံးဆောင် ခင်
မှာ အယ်လီဆေး နန်းတော် က ပန်း ဥယာဉ် ထဲ မှာ မြန်မာ နိုင်ငံ အရေး နဲ့  ပတ်သက် ပြီး လမ်း
လျှောက် ရင်း ဆွေး နွေး ပြော ဆို မှု ပြု ခဲ့ ပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်း က ဒေါ်အောင်ဆန်းစုကြည် နဲ့  တွေ့ ဆုံ အပြီး မှာ မြန်မာ နိုင်ငံ
ရဲ့  ဒီမိုကရေစီ အသွင် ကူး ပြောင်း ရေး ဖြစ်စဉ် မှာ အကူ အညီ ပေး ဖို့  နဲ့ သူ့  နိုင်ငံ က ကော်ပိုရေးရှင်း
တွေ ကုမ္ပဏီ တွေ မြန်မာ နိုင်ငံတွင်း မှာ သွား ရောက် ပြီး ရင်းနှီး မြုပ် နှံ ဖို့  ကို တွန်းအား ပေး လုပ်ဆောင်
သွား မယ် လို့ ကတိ ပြု ပြော  ဆို ပါတယ်။

Photo : Reuters, AP, AFP , France T.V.

This slideshow requires JavaScript.

About these ads
Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: