Skip to content

ဝါရှောင် နှင့် ကချင် ပြည်နယ် အတွင်း ရှိ ဆည်များ ကို ဖောက်ချ မည့် သတင်း ကြောင့် ဒေသခံ များ စိုးရိမ်

6073174730_ca4d9f20bc

မိုးအဆက်မပြတ် ရွာသွန်း မှု များ ကြောင့် ဆည်ရေ အား ပိုလျှံ မှု ဖြစ်နေသည့် ကချင် ပြည်နယ်
အတွင်း ရှိ မြစ်ကြီး နား မြို့  မှ ၀ါရှောင် ဆည် နှင့် အခြား ဆည် အချို့  ကို ဖောက် ချ မည် ဟု ယနေ့ 
ညနေ တွင် မြစ်ကြီး မြို့  ၊ ဗန်းမော် မြို့  ၊ ကသာ မြို့  နှင့် ဖားကန့်  မြို့  များ တွင် ကျယ်ကျယ် ပြန့်  ပြန့် 
သတင်း ထွက် ပေါ် နေသည်။

ဧရာဝတီ မြစ် ရေသည် စစ်ကိုင်း တိုင်း ကသာ ၊ ထီးချိုင့် နှင့် ကချင် ပြည်နယ် ဗန်းမော် မြို့ များ တွင်
စိုးရိမ် ရေမှတ် သို့  ရောက် ရှိ နေသည်။

မြစ်ကြီး နား နှင့် ၀ိုင်း မော် မြို့ နယ် များ တွင် ယနေ့  ည နေ ထိ ရေဆက်လက် တိုး ၀င် နေ ကာ ရေ
ကြီး နစ်မြုပ် နေ ပြီး ကချင် ပြည်နယ် ဗန်းမော် မြို့ တာပိန် မြစ် ရေ ဆက် လက် မြင့် တက် လာလျှင်
ဧရာဝတီ မြစ် ရေ ကြီး နေ မှု ကြောင့် ဗန်းမော် မြို့  တွင် လည်း ရေ နစ် မြုပ် နိုင်သည် ဟု သိရသည်။

မြစ်ကြီး နား တက္ကသိုလ် မှ ကျောင်းသူ တစ်ဦး ဖြစ်သည့်  မ မြတ်သွယ်ဦး က ၀ါရှောင် ဆည် ဖောက်
ချ မည့် သတင်း မှာ မြို့ ပေါ် ရပ် ကွက် များ တွင် ပျံ့ နှံ့  နေသဖြင့် ဒေသခံ တို့  စိုးရိမ် နေကြသည် ဟု
FNG ကို ပြောသည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: