Skip to content

ရခိုင် မြောက်ပိုင်း တွင် ရေကြီး ၊မြေပြို ပြီး လယ်ယာမြေ ပျက်စီး မှု များ ဖြစ်နေ

landside20120627101529

နေမျိုးဦး ၊        ၊ ရခိုင် ပြည်နယ် မြောက် ပိုင်းတွင် မိုးသည်းထန် စွာ ရွာ သွန်း မှု ကြောင့် နတ်မြစ် ၊ ကုလားတန်
မြစ် ၊ မယူ မြစ် ၊ စိုင်တင် ချောင်း စသည့် မြစ်ရေ များ လျှံ တက် ပြီး ဘူးသီးတောင်၊ မောင်တော၊
ရသေ့တောင် ၊ ကျောက်တော် နှင့် ချင်း ပြည်နယ် ပလက်ဝ မြို့ များ တွင် ရေကြီး မြေပြို မှု များ နှင့်
ရေ နစ်မြုပ် မှု များ ဖြစ် နေသည် ဟု မောင်တော မြို့ နယ် စည် ပင် သာယာရေး အဖွဲ့  မှ တာဝန်
ရှိ သူ တစ်ဦး က FNG ကို ပြောသည်။

ဘူးသီးတောင် တွင် မြေပြို မှု များ ဖြစ် ပွား နေ သောကြောင့် မော်တော် ကား လမ်း များ ပိတ်ထား
ရသည် ။ မောင်တော မြို့ နယ် တွင် ရေ နစ် မြုပ် မှု များ ကြောင့် ပြီး ခဲ့ သည့် သီတင်း ပတ် အတွင်း
က ဖြစ်ပွား ခဲ့ သည့် မငြိမ် သက် မှု များ အတွင်း အိုးအိမ် မဲ့ ဖြစ် ပွား ခဲ့ ရ သော ဒုက္ခသည် များ အတွက်
ရေဘေး လွတ် ရာ ကို ထပ် မံ ရွှေ့ ပြောင်း ပေး ရသည် ဟု သိရသည်။

စစ်တွေ မြို့  တွင် လည်း မိုးသည်းထန် စွာ ရွာ သွန်း မှု ကြောင့် ရေလျှံ မှု များ ရှိ ခဲ့ သော် လည်း စိုးရိမ်
ရသည့် အခြေ အနေ သို့  မရောက် သေး ကြောင်းဒေသခံ တစ်ဦး က ပြောသည်။

ရသေ့တောင် မြို့  ပေါ်  ရပ် ကွက် အချို့  တွင် ရေ နစ် မြုပ် မှု များ ရှိ နေ ပြီး အငုံမော် နှင့် ချောင်းရင်း ကုန်း
တန်းရွာ များ တွင် မေယု မြစ်ရေ လျှံ တက် မှု ကြောင့် စပါး စိုက်ခင်း စသည့် သီး နှံ များ ပျက် စီး ပြီး ၊
ကြက် ၊ ဘဲ၊ နွား မွေး မြူ ရေး လုပ် ငန်း များ ပါ ဆုံး ရှုံး မှု ရှိ သည် ဟု သိရသည်။

ဘင်္ဂလား ဒေရှ် နိုင်ငံ စစ်တကောင်း နှင့် ကော့ဘာဇား မြို့ များ တွင် မိုးအဆက်မပြတ် ရွာ သွန်းပြီး ရေ
ကြီး မြေပြို မှု များ ကြောင့် လူ ၇၀ ကျော် သေဆုံး သည် သည် ဟု Bangla News သတင်း တွင် ဖော်
ပြ ထား သည်။

ရခိုင်ပြည်နယ် မြောက် ပိုင်း တွင် ရေကြီး မှု ကြောင့် ဇွန်လ ၂၇ ရက်ညနေ ထိ  သေဆုံး မှု မရှိ သေး
ဟု သိရသည်။ ရခိုင် မြောက် ပိုင်း တွင် မိုးသည်းထန် စွာ ရွာသွန်း မှု ကြောင့် ရေကြီး နစ်မြုပ် မှု များ
မှာ နှစ် များ စွာ အတွင်း အဆိုး ဆုံး ဖြစ်သည် ဟု မောင်တော မြို့ နယ် မှ ရွှေ့  ပြောင်းလာ သည့် အစိုးရ
ဝန်ထမ်း တစ်ဦး က ပြောသည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: