Skip to content

မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့ရှိ ရပ်ကွက်အချို့ ဆက်လက်ရေမြုပ်၊ ဒုက္ခသည်များ တိမ်းရှောင်နေရ

197737_318596291563881_1811192885_n

၂၇ ဇွန်၊ ၂၀၁၂ (EVB) မြစ်ကြီးနား – ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်း
လာသော်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့ရှိ ရပ်ကွက်အချို့ဆက်လက်ရေမြုပ်နေပြီး
ဒုက္ခသည်များ တိမ်းရှောင် နေရဆဲဖြစ်သည်။

ဧရာဝတီမြစ်ရေသည် ဇွန်လ ၂၃ ရက်(တနင်္ဂနွေနေ့) မှစတင်ကာ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာကို
ကျော်လွန်ကာ ၁၃၀၀ စင်တီမီတာသို့ရှောက်ရှိခဲ့ပြီး မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ သီတာရပ်ကွက်၊
စပါးစိုက်သော လယ်ကွင်းများနှင့် နီးသော မြေနိမ့်ပိုင်းတွင်ရှိသည့် ရမ်ပူ၊ စီတာပူ၊ မြို့သစ်ကြီးနှင့်
ကြက်ပေါင်ခြံ ရပ်ကွက်တို့နှင့် ၀ိုင်းမော်မြို့ အ၀င်တို့ ရေနစ်မြုပ်နေသည်ကို တွေ့ရသည်။

သတင်း နှင့် ဓာတ်ပုံ များ ကို Ethnic Voice of Burma တွင် ကြည့် ရှု နိုင်ပါသည်။

စီတာပူရပ်ကွက် (၂) ရှိ လူဦးရေ ၃၀၀ ခန့်မှာ အ.ထ.က (၅) ကျောင်းတွင် ခိုလှုံနေရသည်။

ညဘက်ရေတတ်လာချိန်တွင် ကျောင်းတွင် လာအိပ်ကြပြီး နေ့လည်ပိုင်းတွင် နေအိမ်များသို့ပြန်ကာ ချက်ပြုတ်စား သောက်ကြပြီး ရေတတ်ချိန်တွင် ရေများက ပေါင်ရင်းလောက်အထိရောက်သည်ဟု
အ.ထ.က (၅) ကျောင်းတွင် ခိုလှုံနေသူတစ်ဦးက ပြောသည်။

ဧရာဝတီမြစ်ရေသည် ဇွန်လ ၂၃ ရက်မှစတင်ကာ စိုးရိမ်ရေမှတ်ကျော်လွန်လာခြင်းဖြစ်ပြီး ဇွန်လ ၂၅
ရက်တွင် ပိုမိုဆိုးရွားလာခဲ့သော်လည်း ၂၆ ရက်နေ့ညနေပိုင်းတွင် စိုးရိမ်ရေမှတ်အောက် ပြန်လည်
ကျဆင်းခဲ့သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ်ကျော်လွတ်မြစ်ရေလျှံမှုမှာ ၇ နှစ်တစ်ကြိမ်ဖြစ်ပွားလေ့ရှိပြီး ၂၀၀၄
ခုနှစ်က နောက်ဆုံးမြစ်ရေကြီးခဲ့သည်။

ရေကြီးသည့်ရေမှာ အလွန်အေးသည်ဟုလည်း ဒေသခံများက ပြောသည်

မြစ်ကြီးနား မြို့ မနောကွင်း အနောက်ဘက် ဆိုင်တစ်ဆိုင် ရေမြုပ်နေပုံကိုတွေ့ရစဉ်
PHOTO: EVB

About these ads
Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: