Skip to content

မြန်မာ ကို Burma လို့ ခေါ်တာ ဥပဒေ ကို ဆန့် ကျင်တာ မဟုတ်

WPA Pool

ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဥရောပ ခရီးစဉ် တွေ အတွင်း မှာ မြန်မာ နိုင်ငံ ကို Burma လို့  ခေါ်
ဆိုတာ ဟာ ဥပဒေ ကို ဆန့် ကျင် တဲ့ ကိစ္စ မဟုတ် ကြောင်း အမျိုး သား ဒီမို ကရေစီ အဖွဲ့ ချုပ်
ပါတီ ခေါင်းဆောင် တွေ က  ပြန်လည် တုံ့ ပြန် လိုက် ပါတယ်။

ယခင် စစ်လက်နက် ၀ယ်ယူရေး ညွှန်ကြားရေး မှုး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ တဲ့ ဗိုလ်ချုပ်ကြီး
ဟောင်း ဦး တင်အေး ဦးဆောင် တဲ့ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဒီကိစ္စဟာ ၂၀၀၈ ဖွဲ့  စည်း
ပုံ ကို ဆန့် ကျင် တာ ဖြစ်တယ် ဆို ပြီး NLD ပါတီ ကို ကန့် ကွက် စာ ပို့  ထား တဲ့ အပြင် သတင်းစာ
တွေ မှာ လည်း အကျယ် တ၀င့် ဖော်ပြထား ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဥရောပ ခရီးစဉ် မှာ အင်အားကြီး နိုင်ငံ တွေ က ခေါင်းဆောင် တွေ က
တလေး တစ်စား နဲ့  ကြို ဆို ပြီး အထူး အလေး ပေး ခံ ရ တာ ကို မြန်မာ စစ်ဗိုလ် ချုပ် ဟောင်း
တွေ က မနာလိုဝန်တို ဖြစ် နေ တာ လို့  မြန်မာ စစ်ထောက်လှမ်းရေး အကြီး အကဲ ဟောင်း ဗိုလ်
ချုပ်ကြီး ခင်ညွန့် ရဲ့ လုပ်ဖော် ကိုင်ဖက် တစ်ယောက် က FNG ကို ပြောပါတယ်။

ခရီးထွက် နေ တဲ့ NLD ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီ ကိစ္စ ကို အသေး စိတ် မသိရသေး ပေ
မယ့် Burma လို့  ပဲ ဆက် သုံး နိုင်တယ် လို့  တက်ကြွ လှုပ်ရှား သူ တွေ က ခန့် မှန်း ပါတယ်။

မြန်မာ စစ် အစိုးရ လက် ထက် က လည်း Burma ဟု မသုံး ရန် NLD ကို သတိ ပေး ခဲ့ ဖူးသည်။

About these ads
11 Comments
  1. အောင်မောင်း #

    အာဏာရူးတွေနဲ့ ဖက်စကားပြောနေလျှင်လေကုန်ပါတယ်။ ရခိုင်မှာဝင်စေါ်ကားနေတာဘယ်လိုပြန်ဆော်ကြမည်လဲ တစိတ်ထဲတ၀မ်းထဲခါးစည်းကြပါ။

    July 6, 2012
  2. ဘယ်လိုခေါ်ခေါ်တို.ပြည်သူတွေကြိုက်ပါတယ်။tuntunoo.mk.

    July 2, 2012
  3. balagyi1973 #

    ဗမာသုံးသုံး မြန်မာသုံးသုံး ဒို့နိုငံတိုးတက်ဖို့အရေးကြီးတယ်……

    July 1, 2012
  4. RaTha #

    ဗမာ ဟုခေါ်ဆိုသုံးနှုန်းခြင်းသည် ဗမာလူမျိုးတစ်မျိုးတည်းကို ရည်ရွယ်ပြီးသုံးနှုန်းခြင်းဖြစ်နိုင်သည်။ မြန်မာဟုခေါ်ဆို သုံးနှုန်းမှသာလျှင် ပြည်ထောင်စု တိုင်းရင်းသားညီအစ်ကိုယ် မောင်နှမတိအားလုံကို ရည်ရွယ်သုံးနှုန်းပြောဆိုခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပညာတတ်ပြီး နိုင်ငံတကာမှခေါင်းဆောင်များ လေးစားရလောက်သော လူထုခေါင်းဆောင်တစ်ယောက်လည်းဖြစ်သည်။ သူမဒီနေ့ပြောသော စကားများသည် နောက်နေ့တွင် နိုင်ငံတကာသတင်းစာတို့၏ ခေါင်းစီးပိုင်းတွင်ရောက်နေသည်။ သို့ဖြစ်ပါလျှက် သူမသည် မြန်မာဟူသောစကားကို မသုံးနှုန်းဘဲ ဗမာဟူသောစကားကို ဘာရည်ရွယ်ချက်ကြောင်းသုံးနှုန်းပြောဆိုပါသနည်း၊ သူမသာမြန်မာဟုဆိုလိုက်လျှင် ဒီနေတစ်ကမ္ဘာလုံးက လူထုပရိသတ်သည် မြန်မာဟုသိရှိသွားမည်ဖြစ်သည်ဟု ယုံကြည်မိပါသည်။

    July 1, 2012
    • Thu Ra #

      ပြစ်မရှိ ပြစ်ရှာ လမင်းကို ခွေးပောာင်လို့
      ရွှေလရောင်ပြောင်မပျက်တယ်..
      ထွန်းလျက်ပင်သာ…

      July 6, 2012
  5. Htoo.. #

    အပြစ်မရှိသူကို အပြစ်ရှာလို့..လမင်း..ကြီး..ကို ခွေးဟောင်နေခြင်း..သက်သက်ဖြစ်ပါတော့သည်…

    June 30, 2012
  6. moe #

    ရှေးခေတ်ကတည်းက ဗမာနိုင်ငံပဲပြောခဲ့တာ. နှစ်ပေါင်းဘယ်နှစ်ရာရှိခဲ့ပြီးလဲ. ဗမာနိုင်ငံဆိုတာ အင်္ဂလိပ်က ပေးခဲ့တဲ့နာမည်လည်း မဟုတ်ဘူး.. အွန်လိုင်းပေါ်မှာ. စစ်ခွေးတွေကပြောကြတယ် ဗမာလို့သုံးတာကျွန်စိတ်မပျောက်သေးဘူးအင်္ဂလိပ်ကျွန်ပြန်ဖြစ်ချင်လို့တဲ့ မြန်မာလို့ပြောင်းလိုက်ပြီးကတည်းက လူထုအားလုံး စစ်အစိုးရရဲ့ ကျွန်ဖြစ်သွားကြတာကို ဘယ်လိုပြောမလဲ. မြန်မာလို့ ဆက်သုံးနေရင် အာဏာရှင်လက်အောက်က ပြည်သူတွေ လွတ်မြောက်အုံးမှာ မဟုတ်ဘူး..

    June 30, 2012
    • sai maung maung #

      တရုပ်ကို….China,
      နိဟွန်း (နိပွန်) ကို….Japan,
      စီယင်မ်(Siam) ကို….Thailand,
      ကုလား ကို….India,
      မြန်မာကို…Burma,

      ခေါ်တာ..ဘာဖြစ်လဲ…အားလုံးက…ကိုယ့်နိုင်ငံကိုသိဖို့ ပဲ..အရေးကြီးတယ်။
      ကျော်ဟိန်းကို….တတိုင်းပြည်လုံးက….ကျော်ဟိန်း..လို့ ပဲ သိတယ်.. ကျနော်..ကျော်ဌေးပါ ပြောလည်း..အလကားပဲ ။

      July 1, 2012
  7. aung #

    ဦး တင်အေး ဦးဆောင် တဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ဗမာပြည်သူပြည်သားများက ( -ီး)ပဲလို့ပြောပါစေ…

    June 30, 2012
  8. htanlone #

    Burma ဆိုတာက ဗမာလူမျိုးတစ်ဦးတည်းရဲ့နိုင်ငံ လို့အဓိပ္ပါယ်ရောက်လို့ မြန်မာလို့ပြောင်းလိုက်တာလား?

    မြန်မာ ကို Burma လို့ ခေါ်တာ ဥပဒေ ကို ဆန့် ကျင်တာ မဟုတ်
    လို့ဆိုရမယ့်အစာ… Burma လို့ဘာကြောင့်ခေါ်ရတာလဲဆိုတာနဲ့ ၊ ဘာလို့ဥပဒေကိုဆန့်ကျင်ရာမရောက်
    ဘူးလဲဆိုတာရှင်းပြနိုင်ရင် ပိုထိရောက်မယ်လို့ထင်ပါတယ်ဗျ။
    ဒီလိုရေးတာကတော့ သတင်းမီဒီယာတစ်ခုရဲ့ အသရေငြိုးညွမ်းစေနိုင်ပါတယ်
    သတင်းအချက်အလက်မပြည့်စုံဘဲရေးထားတာကြောင့် သတင်းသမားရဲ့ဂုဏ်မစောင့်ထိန်းရာကျမယ်ထင်ပါတယ်ဗျာ။
    တိုက်ခိုက်လိုသူတွေအတွက်အခွင့်ကောင်းဖြစ်နိုင်လို့ လျာရှည်သွားတယ် :D

    June 30, 2012
  9. ဒါကဗျာ ..ခင်ညွန့်လက်ထက်က ခင်ညွန့် သူဘာသာသူ့သဘောနဲ့သူ လျှောက်ပြောင်းခဲ့တာပဲ .. ဘားမားပြောမှ နားလည်ရင်ဘားမားပြောရမှာပဲ..မြန်မာပြောလို့မှ နားမလည်တဲ့ကိစ္စကို မြန်မာလို့ပြောနေရှင်းနေရင်း လေကုန်
    တယ်..လိုရင်း တိုင်းပြည်ရဲ့အနှစ်သာရဖြစ်တဲ့ နိုင်ငံရေးပြောင်းလဲမှု့ ဖြစ်အောင်ဘယ်လိုပေါင်းလုပ်မလဲမစဉ်းစားပဲ
    နဲ့အလကားနေရင်း ဇာ ချဲ့နေတာကတော့ လူထုကို မခန့်လေးစား လုပ်ရာကျတယ်လို့ ကျနော်တော့မြင်တယ်.

    June 30, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: