Skip to content

ဒီမိုကရေစီထက် အသွင် ကူးပြောင်းမှု အရင်ဖြစ်သင့်

389103_406211916081971_791580563_n

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ၏လျင်မြန်သော နိုင်ငံရေးအရပြောင်းလဲမှုများ သည် ကမ္ဘာကြီးကို
အံအားသင့်စေပြီး အပေါင်းလက္ခဏာဆောင်သော မှတ်ချက်များကိုလည်း ကျယ်ပြန့်စွာလက်ခံရရှိခဲ့သည်။

အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည်လည်း ယာယီသဘောဆန်သည့် တွေ့ဆုံဆွေးနွေးမှုများ
ပြုလုပ်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ များ၏မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်လော။
မြန်မာနိုင်ငံသည် တရုတ်နှင့်ပတ်သက်၍ မည်သို့သော သဘောထားသစ်များ ရှိလာမည်နည်း
။ အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ Global Times (GT) မှ သတင်းထောက် Yu Jinuri သည်
အစိုးရ၏ ဥာဏ်ကြီးရှင်အဖွဲ့(Think Tank)တစ်ခုဖြစ်သော Myanmar Egress မှ ဥက္ကဋ္ဌ ဦးတင်မောင်သန်းနှင့်
စကားပြောခဲ့သည်။

GT။        ။ မြန်မာအများစုက ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ရဲ့ မျှော်လင့်ချက်လို့ ထင်မြင်နေကြတယ်။ သူဟာ ပြည်သူတွေရဲ့
မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါ့မလား။

သန်း။           ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာ(Role)ကတော့ ရှင်းပါတယ်။
သူဟာ ဒီမိုကရေစီရဲ့စံပြဇာတ်ကောင် (democratic icon) တစ်ဦးပါ။ သူ့ရဲ့ ပြောဆိုမှုများကို လိုက်ကြည့်ရင်၊
အကျင့်သိက္ခာပိုင်းဆိုင်ရာ၊ မူပိုင်းဆိုင်ရာ ရှုထောင့်က ကြည့်မယ်ဆိုရင် နိုင်ငံရေးအရ အလွန်မှန်ကန်ပါတယ်။

ဒါပေမယ့် ဒါကိုလက်တွေ့အကောင်အထည်ဖော်ဖို့ဆိုရင် အခုအခြေအနေမှာ သူ့အတွက် အကြီးဆုံးစိန်ခေါ်မှုဖြစ်မှာပါ။
သူဟာ အခုအသက်(၆၇)နှစ်ရှိပါပြီပြင်းထန်တဲ့ ဆန္ဒမရှိရင် အခုလိုရွှင်လန်းတက်ကြွမနေနိုင်ပါဘူး။ သူဟာ အလွန်အင်
အားကြီးတဲ့အမျိုးသမီးတစ်ဦးပါပဲ။ဒါပေမယ့် သူရဲ့ NLD ပါတီဟာ စနစ်တကျဖွဲ့စည်းထားတဲ့ ပါတီအဖြစ် တည်ဆောက်ဖို့
အခွင့်အရေးမရခဲ့ ပါဘူး။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လုံးလုံး မြေအောက်အသွင်နဲ့ ရုန်းကန်ခဲ့ရပါတယ်။ အခြေခံခိုင်အောင်တည်ဆောက်ဖို့ အချိန်မရခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူတွေကိုကတိပေးထားတာတွေ ဖြည့်ဆည်းပေးလိုတယ်ဆိုရင်တော့ သူ့အတွက်
အားကောင်းတဲ့ အခြေပြမှု တစ်ခု (Strong Base)လိုအပ်ပါတယ်။ ဒါပေမယ့် လောလောဆယ် အဲဒီ
သဘော မတွေ့ရသေးပါဘူး။ သူ့ရဲ့ကတိအတိုင်း ဖြည့်ဆည်းပေးနိုင်ခြင်း ရှိ၊ မရှိကတော့ သူဘယ်လိုလုပ်ဆောင်မလဲဆို
တာပေါ် မူတည်ပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့ မလုပ်နိုင်တဲ့အရာတွေ အများကြီး
လုပ်နိုင်တယ်ဆိုတာလဲ တကယ်ပါပဲ။ ဒါပေမယ့် သူ့မှာ လူတွေလိုပါတယ်။ သူ့အတွက် ခက်ခဲတဲ့အချိန်များပါပဲ။

GT။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြားက ဆက်ဆံရေးကိုရော ဘယ်လိုမြင်ပါသလဲ။

သန်း။ ။ ဒါကတော့ နှစ်ဖက်စလုံးအတွက် နိုင်ငံရေးအရ ညှိနှိုင်းကြရတဲ့
သဘောပါပဲ။ ဒေါ်စုက သူ့ပါတီရဲ့ရပ်တည်မယ့်နေရာကို ပြောင်းပေးခဲ့သလို၊ သူကိုယ်တိုင်လည်း ပြောင်းသွားပါတယ်။ ဒါဟာ ဆွေးနွေးညှိနှိုင်းတဲ့ သဘောတူညီချက်(Negotiated Agreement)ပဲဖြစ်ပါတယ်။ တစ်ခုတည်းသော ကတိကတော့ ဒေါ်စုကသော်လည်းကောင်း အစိုးရကသော်လည်းကောင်း တစ်ဦးကိုတစ်ဦး နောက်ကျောဓါးနဲ့ မထိုးပါဘူးလို့ ဆိုတာပါပဲ။ နှစ်ဖက်စလုံး စနစ်တကျ ဆွေးနွေးပွဲမရှိဘဲနဲ့ စကားပြောရုံနဲ့ပဲ လုပ်ကိုင်နေကြတာပါ။

GT။ ။ မကြာခင်က ရခိုင်မှာဖြစ်တဲ့ ပဋိပက္ခတွေကို အချို့က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ နောက်ပြန်
လှည့်မယ့် ခြေလှမ်းတစ်ခုလို့ မြင် နေကြတယ်။ ဒါကို ဘယ်လို မြင်ပါသလဲ။

သန်း။ ။ ဒီကိစ္စဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့မဆိုင်ပါဘူး။ အာဆီယံ လူ့အသိုင်းအဝိုင်းအတွင်းမှာ ဒါမျိုး
လူမှုရေးပြဿနာတွေ မီးပွားလေး အသေးလေးနဲ့လဲ အချိန်မရွေးဖြစ်နိုင်ပါတယ်။ လူထုဖိအားပေးမှုကြောင့်
တင်းမာမှုတွေ ရှိလာတာပါ။ လူနည်းစုအုပ်စုတွေရဲ့ သဘာဝတွေ၊ ခံစားမှုတွေကို ကြည့်ပြီး ကိုင်တွယ်ရပါတယ်။
သူတို့ဟာလည်း တိုင်းပြည်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော်တို့အနေနဲ့ သူတို့ကို အခြေခံလူ့အခွင့်
အရေးလွတ်လပ်ခွင့်တွေ ပေးသင့်ပါတယ်။ နိုင်ငံသားဖြစ်မှုကတော့ မေးခွန်း ကြီးတစ်ခုပါပဲ။ ဒါကို နိုင်ငံရေးအရလုပ်ငန်းစဉ်နဲ့ပဲ
အေးအေးဆေးဆေး ပြေလည်အောင် လုပ်ရပါမယ်။ အရင်အစိုးရလက်ထက်က ဒီလိုမလုပ်ခဲ့
ဘူးလေ။ ဒီလူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုမလုပ်ခဲ့ဘူးလေ။ အခုလုပ်ဖို့ ဖြစ်လာပါပြီ။ ခရီးရှည်ကြီး သွားရဦးမှာပါ။ စိတ်ကို အေးအေးဆေးဆေးထားပြီး၊ ဆွေးနွေးမှု စတင်ရပါမယ်။

GT။ ။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ဘယ်လို
ဆက်လက်မြှင့်တင်သင့်ပါသလဲ။

သန်း။ ။ ကျွန်တော်တို့ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ခံစားခဲ့ရတာတွေဟာ ပြုပြင်ပြောင်းလဲမှုအတွက်
ပေးဆပ်ခဲ့ရတာတွေပေါ့။ အာရပ်နွေဦးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အခြေအနေဟာ လုံးဝခြားနားပါတယ်။
ဘာလို့လဲဆိုတော့ ပြုပြင်ပြောင်းလဲမှုအားလုံးဟာ လူတစ်ဦးတစ်ယောက်
က တွန်းအားပေး လုပ်ဆောင်ခဲ့လို့ ဖြစ်ပါတယ်။ အနည်းဆုံးတော့ အခု
ငြိမ်းချမ်းရေးကတော့စတင်နေပြီဖြစ်ပါတယ်။ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ
တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ ဖွဲ့စည်းလုပ်ဆောင်နိုင်
ပါပြီ။ အနောက်နိုင်ငံ ဒီမိုကရေစီပုံစံနဲ့တော့ ဒီမှာအံမဝင်ပါဘူး။ ကျွန်တော် မကြာခဏ ပြောလေ့ရှိပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်
ဆောင်မှုများ(Democratization)ထက်စာရင် အသွင်ကူးပြောင်းရေး
(Transition) က ပိုအရေးကြီးပါတယ်လို့။ အသွင်ကူးပြောင်းရေးဆိုတာ အင်စတီကျူးရှင်းဆိုင်ရာပြောင်းလဲမှုကို လိုအပ်ပါတယ်။ တပြိုင်နက်သွားဖို့ လိုပါတယ်။ ဒီမိုကရေစီပြုပြင်ရေးဟာ အရှည်ကြီးသွားရမယ့်စိန်ခေါ်မှု၊ ဒါပေမယ့် အသွင်ကူးပြောင်းရေးက အရင်လာရပါမယ်။

GT။ ။ မြန်မာနိုင်ငံဟာ မနှစ်က အလွန်လျင်မြန်စွာ ပြောင်းလဲခဲ့ပါတယ် ပြည်သူတွေက ဒါနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရပါသလဲ။

သန်း။ ။ ကျွန်တော်တို့ပြည်သူတွေဟာ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်အတွင်း ဒီလိုပြောင်းလဲမှုတွေ ဖြစ်ဖို့အားပေးနေခဲ့တာပါ။ ဒါကြောင့်ပြောင်းလဲမှု
အတွက် မအံ့သြခဲ့ကြပါဘူး။ ဒါပေမယ့် ပြောင်းလဲမှုနှုန်းကိုတော့ အံ့သြ
ပါတယ်။ ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ဒီပွဲကြီးမှာပါတဲ့ ပလေယာ
(players) အားလုံးက ပြောင်းလဲမှုကို ကြိုက်နှစ်သက် ကြပါတယ်။
ပြုပြင်ပြောင်းလဲရေးသမားတွေ၊ အစိုးရ၊ လွှတ်တော်အမတ်တွေ၊ NLD ရယ် အခြားပါတီတွေ ရယ်ကတော့ ကြိုက်ကြပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုကို
ပြီးပြည့်စုံတဲ့ လုပ်ဆောင်မှုဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာတော့ ကျွန်တော်တို့ မသိနိုင်သေးပါဘူး။ ဒါပေမယ့် လူတိုင်းကပြောင်းလဲမှုကို
နှစ်သက်ပါတယ်။ တံခါးဖွင့်ဖို့ အချိန်ရောက်ပါပြီ။ အနောက်နိုင်ငံတွေ
ကလည်း ဝင်လာဖို့ ကြိုးစားနေပါပြီ။ လုပ်ရင်းနဲ့ ဘာတွေ့လာရလဲဆိုတော့ အရင်ကမသိတဲ့အရာတွေကို သိချင်လာတယ်ဆိုတာကို တွေ့လာရပါတယ်။ ဒါဟာ ကောင်းပါတယ်။

GT။ ။ ဒီပြောင်းလဲမှုဟာ မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံများဆက်ဆံရေး၊ အထူးသဖြင့် တရုတ်နဲ့ဆက်ဆံရေးကို ဘယ်လိုသက်ရောက်မှုတွေရှိစေမလဲ။

သန်း။     ။ တရုတ်-မြန်မာဆက်ဆံရေးဟာ ကျွန်တော်တို့ လွတ်လပ်ရေးရ ကတည်းက အားကောင်းစွာရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ
တရုတ်နိုင်ငံခြားရေး မူဝါဒရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ သမိုင်းကို ပြန်ကြည့် မယ်ဆိုရင်၊ မြန်မာအတွက် ဘယ်နိုင်ငံခြား
တိုင်းပြည်မှ တရုတ်လောက် အရေးကြီးတာ မတွေ့ရပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ တရုတ်စီးပွား ရေး လုပ်ငန်းတွေဟာ အခု
မြန်မာနိုင်ငံကိုဝင်လာပေမယ့် အခြား နိုင်ငံခြား လုပ်ငန်းများနဲ့ ပိုမို ပြိုင်ဆိုင်မှုတွေရှိ လာမှာကို ကြုံတွေ့ရပါလိမ့်မယ်။

အရင်ကတော့ တရုတ်ကုမ္ပဏီတွေဟာ ပြိုင်ဆိုင်မှုရှိမှာကို ပူစရာမလိုပါဘူး။ ဒါပေမယ့် အခု အခြေအနေတွေ ပြောင်းလဲသွားပါပြီ။
မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေရဲ့အပြောင်းအလဲကို ကျွန်တော်တို့ တွေ့လာ ရပါလိမ့်မယ်။ အဆင့်နိမ့်တဲ့(lower-grade)တရုတ်စီးပွားရေးလုပ်ငန်းတွေ အရှုံးပေါ်ပါလိမ့်မယ်။ သူတို့ဟာ နေရာသစ်တစ်ခု ပြောင်းဖို့ ရှာရပါလိမ့်မယ်။ အချို့ တရုတ်တွေက
မြန်မာနိုင်ငံတွင်းမှာ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ် တွေ ဖြစ်လာမှာကို စိုးရိမ်နေပါတယ်။ ဒီတိုင်းပြည်မှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် ရှိလာ
မယ်လို့ ခင်ဗျားထင်လား။ မဖြစ်နိုင်ပါဘူး။ လက်တွေ့မှာ ကျွန်တော်တို့ အတူတကွနေထိုင်ပြီး ကြောင်းကျိုးညီညွတ်နေပါတယ်။

(5 July 2012 ရက်စွဲပါ Global Times မှ Transition comes before Democracy in Myanmar ကိုဘာသာပြန်ဆိုသည်)

photo;From left, Aung Thu Nyein, Tin Maung Than, Zaw Oo and Aung Naign Oo (VAHU) လူအများစု အာရုံ မကျသော်လည်း ကန့်လန့်ကာနောက်ကွယ်က အားကောင်းနေသည့် ပုဂွိုလ်များ

Khaing Soelynn

About these ads
Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: