Skip to content

အန်ဒီမာရေး နဲ့  ရော်ဂျာ ဖက်ဒရာ ဗိုလ်လုပွဲ မြန်မာ ပရိသတ် စိတ်ဝင်စား

Roger-Federer_20120708134402341_660_320

တင်းနစ် အားကစား လောက တွင်  ကြီးလေးကြီး (Big 4) ဟု  အမည် တွင် သည့် Grand Slam
ဆုဖလား တစ်ခု ဖြစ်သော ဗြိတိသျှ ၀င်ဘယ်ဒန် တင်းနစ် ပြိုင် ပွဲ ၏ အမျိုးသား တစ်ဦးချင်း နောက်
ဆုံး ဗိုလ်လု ပွဲ ကို ယနေ့  လန်ဒန် မြို့  ၀င်ဘယ် တင်းနစ် အားကစား ကွင်း ၏ Center Court
မြေစေး ကွင်း တွင်ကျင်း ပခဲ့ ရာ  ဆွစ်ဇာလန် နိုင်ငံ သား ရော်ဂျာ ဖက်ဒရာ က စကော့တလန် မှ
အန်ဒီ မာရေး ကို ၄-၆ ၊  ၇-၅ ၊ ၆ -၃၊  ၆-၄ ဖြင့် အနိုင် ရရှိ ခဲ့ ပြီး ၁၇ ခု မြောက် ဂရန်းဆလမ်း ချံပီယံ
ဆု ကို ရရှိ ခဲ့ သည်။

အသက် ၃၀ အရွယ် ရှိ ရော်ဂျာ ဖက်ဒရာ သည် ၂၀၀၉ ခုနှစ် ကတည်း က ၀င်ဘယ်ဒန် ဂရန်း ဆလမ်း
ချံပီယံ ဆု နှင့် ဝေးကွာ နေ ခဲ့ ပြီး ယနေ့  အနိုင် ရရှိ မှု သည် ၀င်ဘယ်ဒန် တင်းနစ် ပွဲ စဉ် တွင် သတ္တမ
အကြိမ် မြောက် ချံ ပီယံ ဆု ဆွတ် ခူးခြင်း ဖြစ်သည်။

အသက် ၂၀ အရွယ် ရှိ အန်ဒီ မာရေး သည် ၁၉၃၆ ခုနှစ် က ဗြိတိသျှ တင်းနစ် အကျော် အမော် ဖရက်ပယ်ရီ
နောက် ပိုင်း တွင် ၇၆ နှစ် ကြာ မှ တစ်ဦးချင်း အလွတ် တန်း ဗိုလ်လု ပွဲ အဆင့် ကို ပထမ ဦးဆုံး
ရောက် ရှိ လာသည့် ဗြိတိသျှ နိုင်ငံ သား ဖြစ်သည်။

ယမန်နေ့  က ကျင်းပခဲ့ သည့် အမျိုးသမီး တစ်ဦး တင်းနစ် ပွဲ စဉ် နောက် ဆုံး ဗိုလ် လု ပွဲ တွင် အမေရိကန်
အမျိုးသမီး တင်းနစ် အကျော် အမော် ဆရီနာ ၀ီလျှံ သည်  ပိုလန် မှ  ပြိုင်ဘက် Agnieszka Radwanska ကို
၆-၁ ၅-၇  ၆-၂  နဲ့  အနိုင် ရရှိ ခဲ့ ဗြိတိသျှ ၀င်ဘယ်ဒန် တင်းနစ် ဆုဖလား အား တစ်ဦးချင်း အနေ ဖြင့် ၅ ကြိမ်
မြောက် ဆွတ် ခူး ခဲ့ သည်။

ဆရီနာ နှင့် အမ ဖြစ်သူ ဗီးနပ် (စ) ၀ီလျှံ သည် နှစ်ယောက် တွဲ ပွဲစဉ် တွင် ချက် နိုင်ငံ မှ Andrea Hlavackova နှင့်
Lucie Hradecka  ကို ၇ – ၅ ၊ ၆-၄ ဖြင့် မြေစေး ကွင်း ဉ် ပင် အနိုင် ရရှိခဲ့ သည်။

ဝင်ဘယ်ဒန်  အမျိုးသား တင်းနစ် ဗိုလ်လု ပွဲစဉ် သို့  မင်းသား ၀ီလျှံ နှင့် ကြင်ယာတော် ဖြစ်သူ

ကိတ်မင်ဒယ်(လ)တန် တို့  ညီအမ

အပြင် ၊ ဒေးဗစ် ဘက်(ခ)ဟမ်း နှင့် ဗစ်တိုးရီးယား ဘက်(ခ)ဟမ်း တို့  ဇနီး မောင် နှံ ၊ ရေချယ် မက်အဒမ် နှင့် မိုက်ကယ် ရှင်း ၊
ဂျေကေ ရိုလင်း ၊ ကိုင်လီ မင်နော့ ၊ ကလိုဗ် အိုဝင် နှင့် အခြား ကျော်ကြား ထင် ရှား သူ  များ လည်း လာ ရောက် အား ပေး ခဲ့ ကြသည်။

ဝင်ဘယ်ဒန် တင်းနစ် နောက်ဆုံး ဗိုလ်လု ပွဲ စဉ် ကို ဂြိုလ်တု ရုပ်သံ လိုင်းများ မှ လည်း ထုတ် လွှင့် ပြ သခဲ့ ရာ
မြန်မာ ပရိသတ် များ လည်း တိုက်ရိုက် ကြည့်ရှု ခဲ့ ကြသည်။

ဝင်ဘယ်ဒန် တင်းနစ် ဗိုလ်လု ပွဲ စဉ် ကို တနင်္ဂနွေ နေ့  ညက  မန္တလေး မြို့ မှ ကြည့် ရှု ခဲ့ သည့် ကွန်ပျူတာ တက္ကသိုလ်
ကျောင်းသား တစ်ဦး ဖြစ်သူ ကိုနေမင်း က ” ဗြိတိသျှ တွေ ၀င်ဘယ် ဒန် မှာ နောက်ဆုံး ဗိုလ်လု ပွဲ မတက် နိုင်တာကြာ
ပြီ ၊ စိတ်ဝင် စာ လို့  လာ ကြည့် တာ ၊ဖက်ဒရာ က လက် ကြ နေတယ်  သူ့  ကို ရှုံး မယ် ထင်ထား တာ မထင်မှတ်ပဲ
နိုင်သွားတယ် ဟု FNG ကို ပြောသည်။

Big 4 (ကြီးလေးကြီး)
Australian Open     ဇန်န၀ါရီ

French Open            မေ ၊ ဇွန်

Wimbledon              ဇွန် ၊ ဇူလိုင်

US Open                    သြဂုတ် ၊ စက်တင်ဘာ

ဘက်ခမ်း တို့  ဇနီး မောင် နှံ

အန်ဒီမာရေး ၏ စကော့ တစ်ရှ် ပရိသတ် များ

အန်ဒီမာရေး ၏ ရည်းစား ကင်ဆီးယား London July 6, 2012. REUTERS/Toby Melville (BRITAIN – Tags: ENTERTAINMENT SOCIETY SPORT TENNIS)

1936 ခုနှစ် က ဖရက် ပယ်ရီ နှင့် ၂၀၁၂ ခုနှစ် အန်ဒီ မာရေး

ဆရီနာ ၀ီလျှံ (Clive Rose/Getty Images)

ဆရီနာ ၀ီလျှံ

အန်ဒီ မာရေး နှင့် ပရိတ် သတ်

About these ads
Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: