Skip to content

ခုနှစ်သားသမီးများအတွက် ( ၉.၇.၁၂) မှ ( ၁၅.၇.၁၂) ထိ တပတ်စာ ဗေဒင်ဟောစာတမ်း

horoscope

ဆရာကြီးမင်းသိင်္ခ၏တပည့်  ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

ကွန်ပြူတာဝင်ခြင်း၊မြေ၀င်ခြင်း၊ ဖုန်းဝင်ခြင်း မိတ်ဆွေသစ်များရခြင်း၊ လူမျိုးခြားများနှင့်ဆက်
သွယ်ပြီးလုပ်ငန်းလုပ်ရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ နိုင်ငံခြားခရီးသွားရခြင်း၊ စာမေးပွဲ၊
အင်တာဗြူးကိစ္စများ အဆင်ပြေခြင်းဖြစ်မည်။ ရွှေဝင်ခြင်း၊ ရွှေပြင်ရခြင်း၊ စက်ပစ္စည်းထွက်ခြင်း၊
စိန်ထွက်ခြင်းများဖြစ်တတ်သည်။ အရေးကြီးစာ ရွက်စာတမ်းသတိထားပါ။ ပျောက်တတ်သည်။
စီးပွားရေးပုံမှန်ဘဲလုပ်နေပါ။ လုပ်ငန်းမတိုးချဲ့ပါနှင့်။ မအောင်မြင်သေးသောအချိန်ဖြစ်နေသည်။

ကျန်းမာရေး။ အစားမှားခြင်း၊ သွေးတိုးခြင်းဖြစ်တတ်သည်။ အစားအသောက်ဆင်ခြင်ပါ။
အချစ်ရေး။ စိတ်တိုင်းမကျစရာများဖြစ်နေတတ်သည်။ အေးအေးဆေးဆေးဆွေးနွေးပါ။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဂန္ဓမာ ပန်း အဖြူရောင်

( ၇) ခက်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၆ ၆ ၃ ၆)

တနင်္လာသားသမီးများ၏ကံကြမ္မာ

ရေခြားမြေခြားခရီးသွားရခြင်း၊ မိမိမရောက်ဖူးသောဒေသစိမ်းသို့သွားရခြင်းများဖြစ်တတ်သည်။ မိတ်ဆွေ
များနှင့်ပျော်ရွှင်သောခရီးသွားရတတ်သည်။ အလုပ်တွင် စီးပွားတက်နေမည်။ သို့သော် အလုပ်`၌ပြဿ
နာဖြစ်တတ်သည်။ သတိထားပါ။ ပြဿနာဖြစ်ပြီးအလုပ်ပြောင်းရတတ်သည်။ ပြောင်းလျှင်
ကောင်းသောပြောင်းခြင်း ဖြစ်သည်။ အိုးသစ်အိမ်သစ်နေရာသစ်ရောက်ရတတ်သည်။ ကြာသပတေးနံ
များဝင်နေမည်။ ဆက်တိုက်ဝင်တတ်သည်။ အလွန်ကောင်းပါသည်။

ကျန်းမာရေး။ ခြေထောက်မျက်ခြင်း၊ ခါးကြောညှပ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားရခြင်း၊ အစစအရာရာအဆင်ပြေနေခြင်းဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နှင်းဆီအနီရောင် (၃) ခက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း (  ၅ ၃ ၂ ၂)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

စိတ်ပင်ပမ်းလူပင်ပမ်းခြင်း၊ မိမိကိုယ်မိမိ စိတ်တိုင်းမကျခြင်း၊ သူတပါးကိုအလိုမကျခြင်းများဖြစ်နေတတ်သည်။
ဒွိဟစိတ်များဖြစ်နေတတ်သည်။ အခန်းပြောင်းခြင်း၊  နေရာပြောင်းလိုခြင်းများဖြစ်နေမည်။ မပြောင်းပါနှင့်ပြောင်း
လျှင်လက်ရှိနေရာထက်ပိုစိတ်မပျော်ဖြစ်ခြင်း၊ ပတ်ဝန်းကျင်နှင့်သဟဇာတမဖြစ်ခြင်းများဖြစ်လိမ့်မည်။
အာမခံခြင်း၊ အချေးအဌားဘာမှမလုပ်ပါနှင့်၊ ဆုံးတတ်သည်။ အရေးကြီးစာရွက်စာတမ်းကြောင့်၎င်း
လက်အောက်ငယ်သားကြောင့်၎င်း စိတ်ညစ်စရာဖြစ်တတ်သည်။  ဖြတ်လမ်းနည်းနှင့်စီးပွားမရှာပါနှင့်။
မအောင်မြင်သေးပါ။

ကျန်းမာရေး။ ဆိုင်ကယ်၊ ကားတို့ကြာင့်ကွဲပြဲပြီးချုပ်ရတတ်သည်။ သတိထားပါ။
အချစ်ရေး။ အချစ်ရေးကိုစိတ်မ၀င်စားနိုင်အောင်စိတ်များနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နှင်းဆီအ၀ါရောင် (၅) ခက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆ ၀ ၃ ၄)

ဗုဒ္ဓဟူးသားသမီးမျာ၏ကံကြမ္မာ

စန်းပွင့်ခြင်း၊ စီးပွားတက်ခြင်း၊ လုပ်ငန်းသစ်များတိုးချဲ့ရန်ဖြစ်လာခြင်း၊ ကောင်းသည်။ တိုးချဲ့ပါအောင်မြင်မည်။
သို့သော်မိန်းကလေး အနှောင့်အယှက်တွေ့ရတတ်သည်။   လက်အောက်ငယ်သားကောင်းများရခြင်း၊ လက်အောက်
ငယ်သားအကျိုးပေးခြင်းဖြစ်မည်။ အိမ်ထောင်ရှင်များ ကိုယ်ဝန်ရတတ်သည်။ သားယောင်္ကျားလေးဖြစ်တတ်
သည်။ အကျိုးပေးသောသားကောင်းရတနာဖြစ်သည်။ စီးပွားအလွန်တက်သောအချိန်ဖြစ်သည်။ ကားဝင်တတ်သည်။

ကျန်းမာရေး။ အမျိုးသားများမျက်စိနှင့်ပတ်သက်သောရောဂါ၊ အမျိုးသမီးများ မီးယပ်နှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ အိမ်ထောင်ရှင်များ၏စိတ်ဝင်စားခြင်းကံအားကောင်းနေသောကြောင့် အထူးသတိထားစုံစမ်းလေ့လာပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွက်လှ( ၆) ခက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၆ ၂ ၄)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

အလုပ်ပြောင်းရွေ့ရတတ်သည်။ ကောင်းသည်။ ငွေဝင်မည်။ သို့သော်ငွေကုန်များနေမည်။ အလုပ်တွင်
မိမိထက်အသက်ကြီးသူကြောင့်စိတ်ညစ်နေရတတ်သည်။ အိုးပိုင်အိမ် ပိုင်ရတတ်သည်။ ရွှေ၊ နာရီ
ထွက်တတ်သည်။ ဆွေမျိုးသားချင်းကျန်းမာရေးမကောင်းသောကြောင့် သတင်းသွားမေးရခြင်း၊
သောကနှင့်ယှဉ်သောခရီးသွားရခြင်းများဖြစ်တတ် သည်။ သားရှိကကျန်းမာရေးမကောင်းဖြစ်ခြင်း၊
သမီးရှိကအိမ်မှထွက်သွားတတ်ခြင်းဖြစ်တတ်သည်။ မြေထွက်ခြင်း၊ ဖုန်းထွက်ခြင်းဖြစ်တတ်သည်။
စီးပွားရေးထင်သလောက် မအောင်မြင်သေးပါ။

ကျန်းမာရေး။ သွေးတိုးခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်းဖြစ်တတ်သည်။

အချစ်ရေး။ ရုတ်တရက်အိမ်ထောင်ကျခြင်း၊ အိမ်ထောင်ရှင်များအိမ်ထောင်ရေးပြဿနာဖြစ်ခြင်းဖြစ်တတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဂန္ဓာမာပန်း အ၀ါရောင်(၇) ခက်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၁ ၅ ၅ ၁)

သောကြာသားသမီးများ၏ကံကြမ္မာ

အလုပ်အကိုင်တိုးတက်ခြင်း၊ နေရာကောင်းရခြင်း၊ ဘုရားဖူးခရီးသွားရခြင်း (သို့) ဘာသာရေးနှင့်ပတ်သက်သောလုပ်ငန်း
များလုပ်နေရခြင်း၊ ဆွေမျိုး၊ မိတ်ဆွေများရောက်လာ တတ်ခြင်း၊ ရွှေဝင်ခြင်း၊ ငွေဝင်ခြင်း၊ ထွက်ပြီးသောစက်ပစ္စည်း
များပြန်ဝင်ခြင်း၊ မိမိအိမ်တွင်မွေးထားသောခွေး၊ကြောင်ပျောက်ခြင်းဖြစ်တတ်သည်။ မိမိနေအိမ်ကောင်းသောပြု
ပြင်ခြင်းပြုလုပ်ရတတ်သည်။ စီးပွားရေးကောင်းမည်။ သို့သော်ကုန်စရာများမနားအောင်ကုန်နေတတ်သည်။
အိမ်အနီးတွင်မီးလန့်တတ်သည်။ သတိထားပါ။

ကျန်းမာရေး။ သွားဒုက္ခပေးနေခြင်း၊ အနည်းငယ်ဖျားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ကံကောင်းနေသည်။ စိတ်ချမ်းသာမှုများရနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နှင်းဆီပန်း ပန်းရောင်( ၅)ခက်ကပ်လှူ
ဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၀ ၂ ၄)

စနေသားသမီးမျာ၏ကံကြမ္မာ

ထီပေါက်သကဲ့သို့ငွေဝင်ခြင်း၊ ထီပေါက်တတ်ခြင်း၊ အမိနိုင်ငံအလည်အပတ်ပြန်ရတတ်ခြင်း၊ နိုင်ငံရပ်ခြား
ထွက်ရန်ပြင် ဆင်နေသူများနိုင်ငံရပ်ခြားခရီးကောင်းရှိခြင်း၊ လူမျိုးခြားများ ၏ကူညီမှုရခြင်း၊ အမွေရခြင်း၊
ကွန်ပြူတာဝင်ခြင်း၊ မြေ၀င်ခြင်း၊ တိုက်ခန်းဝင်ခြင်း၊ ကားဝင်ခြင်း  များဖြစ်တတ်သည်။ ရပ်ဝေးမှနာရေး
သတင်းကြားရခြင်း၊ ငွေများဝင်စရာများမ၀င်ခြင်း ဖြစ်နေတတ်သည်။

ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်သောရောဂါဖြစ်ခြင်း၊ လက်ဒဏ်ရာရခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားနှင့်စကားများခြင်း၊ အိမ်ထောင်ရှင်များ တနေရာစီခွဲခွာနေရ၍
စိတ်မချစရာဖြစ်နေခြင်းဖြစ်နေ တတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မရမ်းရောင်ပန်း ( ၃) ခက်ကပ်

လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၀ ၇ ၇)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း- +6016 6903 513. +6018 2250 510

E-mail:swezinwati@gmail.com

Facebook .www.facebook.com /swezinwati

*ဗေဒင်မိတ်ဆွေဟောင်းများနှင့်မိတ်ဆွေသစ်များ ကျမ၏ +6012 9133 093 ဖုန်းနံပတ် အား
ဆက် လက် သုံးစွဲ ခြင်း မရှိ တော့ ပါ။

About these ads
One Comment
  1. yamin #

    ရာဟုသားသမီးတွေအတွက်မပါဘူးလား ဟင်

    July 9, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 535 other followers

%d bloggers like this: