Skip to content

ဦးမောင်အေး အရေးပေါ် ဆေးကုသမှု ခံယူ

ALeqM5inAttLKaBOuZ8quDs-zRSAKD9Cyg

၂၀၁၁ ခုနှစ် မတ်လ တွင် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ ဖြိုးရေးကောင်စီ ဒုတိယ ဥက္ကဌ
နှင့် ဒုတပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် အဖြစ်မှ အနားယူ ခဲ့ ဒု- ဗိုလ်ချုပ် မှုးကြီး မောင်အေး
သည် ဇူလိုင် လ ၈ ရက်နေ့  ညပိုင်း က ရုတ်တရက် ကျန်းမာ ရေး ချို့ ယွင်းလာ သဖြင့် တပ်မ
တော် စစ်ဆေး ရုံ ကြီး တွင် အရေး ပေါ် ဆေး ကုသ မှု ခံယူ နေရ သည် ဟု FNG မှ သတင်း ရရှိသည်။

အမှတ် ၁ မင်္ဂလာဒုံ တပ်မတော် ဆေးရုံ ကြီး တွင် ဆေးကုသ မှု ခံယူနေ သည့် ဒု ဗိုလ်ချုပ်မှုးကြီး
မောင်အေး  အား စင်္ကာပူ နိုင်ငံ ရှိ ဆေးရုံ သို့  ဆက်လက် တင် ပို့  မည် ဟု သတင်း များ ထွက် ပေါ်
နေ ပြီး အမှတ် ၁ စစ်ဆေးရုံ တွင် လည်း လုံခြုံရေး ထူထပ် စွာ ချထား သည်။

ဦးမောင်အေး သည် နာမကျန်း မဖြစ် ခင် တစ်ရက် အလို အထိ နိုင်ငံခြားရေး ၀န်ကြီး ဦး ၀ဏ္ဏ
မောင်လွင် အမေရိကန် ပြည် ထောင် စု မှ အပြန် တွင် မြန်မာသံရုံး မိသားစု (၀ါရှင်တန်) မှ လက်
ဆောင် ထည့် ပေး လိုက်သည့် အမေရိကန် လုပ် KNOB အမှတ်တံဆိပ် ၀ီစကီ ကို သောက်သုံး
ခဲ့ သေး သည် ဟု သူ ၏ မိသားစု နှင့် နီးစပ် သူ တစ်ဦး က FNG ကို ပြောသည်။

မြန်မာ နိုင်ငံ ရဲ့ ဒုတိယ စစ်ခေါင်းဆောင် အဖြစ် တာဝန် ယူ ခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး
မောင်အေး ကို ၁၉၃၇ ခုနှစ် ဒီဇင်ဘာ လ မှ စစ်ကိုင်း တိုင်း ကန့် ဘလူ မြို့ နယ်
မှာ မွေးဖွား ခဲ့ပြီး ၁၉၅၅ ခုနှစ်မှ စစ်တပ်ထဲ ၀င်ရောက် ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ မေ
မြို့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ် စဉ် ၁ ကနေ အောင်မြင် ခဲ့ပါတယ်။
၁၉၈၆ ခုနှစ် မှာ အရှေ့ မြောက် ပိုင်း စစ်ဌာနချုပ် တိုင်းမှုး အဖြစ် တာဝန် ယူ ခဲ့ပြီး
အဲဒီအချိန် က တိုင်းမှုး အဖြစ် တာဝန် ယူရ သူတွေ ထဲ မှာ သူတစ်ဦး တည်း
စစ်ခေါင်းဆောင် နေရာကို တက်လှမ်း နိုင် ခဲ့ခြင်း ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ် မှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)
ရာ ထူးရရှိခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ ဒု ကာကွယ်ရေး ဦးစီးချုပ် ရာထူး နဲ့  နိုင်ငံတော်
အေးချမ်းသာ ယာ ရေး နဲ့ ဖွံ့ ဖြိုး ရေးကောင်စီ ဒုဥက္ကဌ  ရာထူး ကို ရယူခဲ့ပါတယ်။

သူ့ ရဲ့ ဇနီး ဖြစ်သူ ဒေါ်မြမြစန်း  ဟာ ကာကွယ်ရေး ၀န်ကြီးဌာန မှာ ပဲ ဗိုလ်
မှုး အဆင့် ထိ တာဝန် ယူခဲ့ပါတယ်။

About these ads
Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: