Skip to content

ဒိုက်ဦး ဆရာမ က ကျောင်းသား ကို အညှိုးကြီး စွာ ရိုက်နှက် ဆုံးမ

07072012500-001

ပဲ ခူးတိုင်း ဒိုက်ဦးမြို့ နယ် အစိုးရအထက်တန် ကျောင်းတွင် ပညာသင်ကြားနေသည့်  အဌမတန်း
ကျောင်းသားမောင်ဟိန်းသန့် ဇင် အား ၊ (ဒသမတန်း-D) တွင်ပညာသင်ကြားလျှက်
ရှိသော ကျောင်ဆရာမ ဒေါ်ခင်ခင်လဲ့  က  ဇွန်လ ၂၈ ရက်နေ့ က လူမဆန်စွာ အချက်ပေါင်းများ
စွာ  ရိုက်နှက်ခဲ့ သည် အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါသည် ။

ဖြစ်စဉ်မှာ  မောင်ဟိန်းသန့် ဇင် သည်ဒသမတန်းတွင် ပညာသင်ကြာနေသော အစ်ကို
ဝမ်းကွဲအား ထမင်းချိုင့်သွားပို့ စဉ် (ဒသမတန်း-D) ခန်းရှေ့အရောက်မှ ဆရာမ ဒေါ်ခင်ခင်လဲ့
၏ မြေးဖြစ်သူလက်ထဲမှ လွတ်ကျသွားသော မာလာကာသီးတစ်လုံးအား တက်နင်းမိ၍
လွတ်ပစ်လိုက်သော မာလာကာသီး ဟုထင်မှတ်က ကန်ကျောက်ဆော့ ကစားမိရ
(ဒသမတန်း-D) မှဆရာမဒေါ်ခင်ခင်လဲ့က (၈)တန်းကျောင်းသားမောင်ဟိန်းသန့် ဇင် အား
ဆွဲခေါ်၍ သူ၏အခန်းထဲတွင်(ဒသမတန်း-D)ကျောင်းသူကျောင်းသားများရှေ့  တွင် အချက်
ပေါင်းများစွာ ရိုက်နှက်ခဲ့သည်ဟု မျက်မြင်ကျောင်းသားကျောင်းသူများက တွေ့ ရှိခဲ့ကြောင်း
ပြောသည်။

ထို ကျောင်းမှာ အထက်တန်း ကျောင်းသား တစ်ဦး က FNG ကို ပြောပြ ရာ တွင် ဆရာမ ဒေါ်ခင်
ခင်လဲ့ က အချက် ပေါင်း  များစွာ ရိုက်နှက် ခဲ့ သည် ဟု သိရသည်။

ထိုသို့  ဖြစ်ပွား ပြီး နောက် မောင်ဟိန်းသန့် ဇင် ၏ မိဘများက ကျောင်းအုပ်ဆရာ
မကြီး ထံ တိုင်ကြားခဲ့ ရာ နောက်တစ်နေ့ တွင် ဆရာမဒေါ်ခင်ခင်လဲ့  သည် မောင်ကောင်းသန့့်
ဇင် နေထိုင်သော ကျေး ရွာသို့ လာရောက်ပြီး(တောင်းပန်)သည်မဟုတ်ပဲ ကျောင်းသား မိဘ
များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့  မချေမငံပြောဆိုသွားပါသည်။

ဒိုက်ဦး မြို့  တွင် ပြင်ပ ပုဂ္ဂလိ က ကျောင်း နှင့် ကျုရှင် များ မှာ လည်း ခောတ် စား နေ ပြီး အစိုးရ
ကျောင်း ဆရာမ များ မှာ ထို ကျုရှင် များ တွင် လည်း သင်ကြား  ပြသလျှက် ရှိသည်။
ပြီးခဲ့ သည့် မတ်လ က ရန်ကုန် တိုင်း စမ်းချောင်း မြို့ နယ် မှ ကျောင်းဆရာ မ တစ်ဦး သည်
ကျောင်းသူ တစ်ဦး အား လက် ကျိုး သည် ထိ ရိုက် နှက် ခဲ့ ရာ ကလေး က ကြောက်လန့် 
သွား ခဲ့ ပြီး ကျောင်း ပြောင်း ရွှေ့ အပ် နှံ ရသည် ထိ ဖြစ်ပေါ် ခဲ့ သည်။

About these ads
18 Comments
  1. မိုးထက်ပိုင် #

    ဒီလိုဆရာမတွေ ရှိနေတာ တိုင်းပြည် ကို ဘာမှကောင်းကျိုးပေးမှာ မဟုတ်ဘူး

    July 29, 2012
  2. zinyaw #

    ရက်စက်လိုက်တာနော် အဲ့ဒီလိုတော့မလုပ်သင့်ပါဘူး

    July 22, 2012
  3.ုkozinmintun #

    ကိုကဆရာမဆျိုတဲဂုက်ပုတ်ကိုသတိရစေချင်တယ်

    July 19, 2012
  4. ၀တီ #

    ထောင်တော့မချပါနဲ.ဗျာ။ သနားလို.ပါ။

    July 18, 2012
  5. Htet San #

    အဲ့ဒီလို စိတ်ဓါတ်ရှိတဲ့ ဆရာမမျိုးကို အလုပ်ကနေရာသက်ပန် ထုတ်သင့်တဲ့အပြင် ပညာရေးနဲ့ပါတ်သက်ပြီး
    လုပ်စားပိုင့်ခွင့်ကိုပါ ထာဝရ ပိတ်သင့်ပါတယ်

    July 18, 2012
  6. အဲဒါ ဆရာမဟုတ်လို့ပေါ့

    July 17, 2012
  7. phyuthikhine #

    ဒီလိုစိတ်ဓါတ်နဲ့ဆရာမလုပ်နေသေးတယ်…..ကလေးတွေအတွက်ဒီလိုဆရာမတွေရှိနေတာ အရမ်းစိတ်မကောင်းဖြစ်ရတယ်…….

    July 17, 2012
  8. ဆရာမရေ ခြေထောက်မှာရတဲ့ဒဏ်ရာက ဆေးလိမ်းတာနဲ့တင်ပျောက်တယ်နော်၊ ကလေးရဲ့စိတ်မှာရရှိသွားဒဏ်ရာကို ဘာဆေးနဲ့ကုပေးမှာလည်း၊ ဆရာမလုပ်နေပြီးတော့ ဒါတွေတောင်မသိတော့ဘူးလား၊ ဆရာမဆိုတာ ကျောင်းသူ၊ ကျောင်းသားတွေ အပြင် မိဘကအစလေးစားနေရတာ အတုယူနေရတာလေ၊ ဒါတောင်မှမစဉ်းစားတတ်ဘူးလား၊ ဒီအရွယ်တွေကဒီအတိုင်ဘဲဆိုတာကိုနားလည်ခွင့်လွတ် သင်ကြားပေးရမှာနားမလည်ဘူးလား၊ ဆုံးမရင်လည်းဘယ်လိုနည်းနဲ့နားဝင်အောင်၊ နားလည်အောင်ဆုံးမရမယ်ဆိုတာနားမလည်ဘူးလား၊ တုတ်နဲ့ရိုက်မှဆုံးမတယ်လို့ထင်နေလား၊ အဲဒီဆရာမကိုပြင်းပြင်ထန်ထန် အပြစ်ပေးသင့်ပါတယ်၊ ထောင်ချတဲ့အထိကိုအပြစ်ပေးသင့်တယ်၊ တခြားဆရာမတွေလည်းနောင်ကိုအဲ့ဒီလိုမလုပ်ရအောင် ပညာပေးအနေနဲ့အပြစ်ပေးသင့်ပါတယ်။

    July 17, 2012
  9. zayyarhtet #

    ထိုဆရာမအားပြင်းထန်စွာအရေးယူသင့်ပါသည်။ပညာရေးလောက အပြီးအပိုင်နုတ်ထွက်ခိုင်းသင့်ပါသည်။ဆရာစိတ်ဓါတ်မရှိသော ၊ညှာတာစိတ်မရှိသော ဆရာများအလိုမရှိပါ

    July 16, 2012
  10. sanlnphyo #

    ဆရာမ တစ်ယောက်အနေနဲ့ ကိုယ်ချင်းတာတက်ဖို့ လိုဦးမှာပါ။

    July 15, 2012
  11. hnin #

    အလုပ်ဖြုတ်ပစ်ပါ့လား…သားသမီးချင်း ကိုယ်ချင်းစာ စိတ်မှ မရှိတာ…မိုက်ရိုင်းတဲ့ဆရာမ

    July 14, 2012
  12. Tom A Tom #

ူဒီလို လုမဆန်တဲ့ ဆရာ မကို လမ်းလယ် မှာ ခွေးနဲ့ အတူနေခိုင်းရမှာ အဲတာတောင်နေးသေးတယ် မဟုတ်လား?

    July 14, 2012
  13. တခါတည်းထောင်ချပစ်လိုက်ရမှာ အဲ့ ဆရာမကို အရေးမယူကြဘူးလား

    July 14, 2012
  14. minkaungkhant #

    ဒီလိုလူမဆန်တဲ့ ဆရာမတွေကို အလုပ်ဖြုတ်သင့်တယ်
    ဆရာမဆိုတာ ကရုဏာတရားနဲ့ ပညာရည် နို့တိုက်ကျွေးနေတဲ့ မိဘပဲလေ
    အဲဒီဆရာမကိုပြောလိုက်ပါ နောက်တစ်ခါအဲလိုဖြစ်ရင် ပြည်နှင်ဒဏ်ပေးခံရမယ်လို့ ဘယ့်နှယ့် သားသမီးချင်းမစာနာအပျိုကြီး လင်မရတဲ့ ဆရာမ နေမှာ ပညာရေးဝန်ကြီးကရော လက်ပိုက်ကြည့်နေနိုင်သလား

    July 12, 2012
  15. Wunthar Tun #

    နော်ဝေနိုင်ငံမှာသာ အဲဒီလိုရိုက်မိရင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကျပြီး ဒဏ်ငွေ ခရိုနာ သိန်းချီးပြီး လျော်ကြေးပေးရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကလေးကို နာကျင်စေမှုထက်ပိုဆိုးတဲ့ အရှက်ရစေမှုနဲ့တကွ စိတ်ခြောက်ခြားမှုကြောင့် ရေရှည်မှာ စိတ်ရောဂါဖြစ်တဲ့အထိ ဆိုးနိုင်တာမို့ ကြီးလေးတဲ့ပြစ်ဒဏ်ပေးဖို့ ဥပဒေနဲ့ ပြဋ္ဌာန်းထားလို့ပါ။ ကိုယ့်သားသမီးကိုတောင် ရိုက်ဖို့မဆိုထားနဲ့ ခြိမ်းခြောက်ခွင့် ခြောက်လှန့်ခွင့်တောင် ပေးမထားပါဘူး။ ဒီနိုင်ငံမှာလောက် ဥပဒေမတင်းကြပ်စေချင်ပေမယ့် မြန်မာပြည်မှာလည်း ကလေးတွေကို ရိုက်နှက်ဆုံးမတဲ့ဓလေ့ကို မိဘမဟုတ်သူများအနေနဲ့ ရှောင်ကြဉ်ဖို့လိုပါပြီ။ မိဘဖြစ်နေသည့်တိုင် လိုအပ်လွန်းမှသာ ရိုက်သင့်ပါတယ်။ အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ရသူတွေမို့ မသိစိတ်မှာ စိမ့်ဝင်နေတဲ့နိုင်ထက်စီးနင်းစိတ်ဓာတ်တွေကို ဒီမိုကရေစီခေတ်အထိ ယူမလာမိအောင် အားလုံးသတိထားကျင့်ကြံကြဖို့ အချိန်တန်ပါပြီ။ အာဏာပိုင်တွေနဲ့ ဆက်စပ်မှုရှိလို့ သြဇာအာဏာကို အလွဲသုံးစားလုပ်ပြီး မာနတက် မော်ကြွားတာမျိုးတွေလည်း ရှောင်သင့်ပါပြီ။ ဆရာဆိုတာ ကျောင်းသားတွေအတုယူထိုက်တဲ့ စံပြပုဂ္ဂိုလ်မျိုး ဖြစ်သင့်ပါတယ်။

    July 12, 2012
  16. Htoo Htoo Kyaw #

    Teachers should be heroes for students, or at least must avoid being antiheroes.
    All of us have the innate human right to live with dignity.
    We must fight corruptions.
    The Government should ensure enough salary for the employees.

    July 11, 2012
  17. soe soe win #

    Pls , do something to stop the teacher’s violence. They have NO rights to do that . Give them lesson that never deal to torture the students once more . If they touch my kids , I’ll kill them . I swear .

    July 11, 2012
    • myohtetaung #

      ကိုယ်ချင်းစာပေးပါ

      July 16, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: