Skip to content

သံအမတ်ကြီး မစ်ချဲလ် တက်ရောက်သည့် အခမ်းအနား တွင် မြန်မာ ကုမ္ပဏီများ က GE ထံမှ ဒေါ်လာ ၂ သန်းဖိုးဝယ်ယူ

GE ကုမ္ပဏီ ၏ အာရှ တိုက် ဆိုင်ရာ လုပ်ငန်း  စီမံ ခန့် ခွဲ မှု အကြီး အကဲ မစ္စတာ စတူဝဒ် ဒန်း လည်း
ထို အခမ်း အနား ကို တက်ရောက် ခဲ့ ပြီး ပုဂ္ဂလိက ဆေးရုံ နှစ် ခု က ဒေါ်လာ ၂ သန်းတန် GE
၏ X-Rays နှင့် ခောတ်မှီ ရောဂါရှာ ဖွေ ရေး စက်ပစ္စည်း များ ၀ယ်ယူ ခဲ့ သည် Seal Lion နှင့် နီး
စပ် သူ တစ်ဦး က FNG ကို ပြောသည်။  ဓာတ်ပုံ - အေပီ

HKT ၊         ၊အမေရိကန် အခြေစိုက် General Electrics (GE) ကုမ္ပဏီ မှ ထုတ်လုပ် သည့်
ဆေးရုံ သုံး ပစ္စည်းများ နှင့် စက်ပစ္စည်း များ ၀ယ်ယူခြင်း အခမ်း အနား ကို ယနေ့  ရန်ကုန် မြို့ 
ကမ္ဘာအေးဘုရား လမ်း ရှိ ဆီဒိုးနား ဟိုတယ် ဉ် ကျင်း ပခဲ့ ရာ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန်
သံအမတ်ကြီး ဖြစ်သူ ဒရက်(ခ) မစ်ချဲလ် နှင့် အမေရိကန် နိုင်ငံ မှ ရောက် ရှိ နေသည့် ဒုတိယ
ဝန်ကြီး နှစ်ဦး တို့  တက်ရောက်ခဲ့ ကြသည်။

GE ကုမ္ပဏီ မှာ မြန်မာ နိုင်ငံ ၏ တစ်ဦး တည်း ကိုယ်စားလှယ် ဖြစ်သည့် Sea Lion Co., Ltd.
နှင့် ထို ပစ္စည်းများ ကို ၀ယ်ယူသည့် ဗဟိုရ်စည် ဆေးရုံ နှင့် ပန်းလှိုင် ဆေးရုံ တို့  အရောင်းအ၀ယ်
သဘောတူ စာချုပ် လက် မှတ် ရေး ထိုးခြင်း အခမ်းအနား ကို ကျင်း ပ ရာ တွင် ဗဟိုရ်စည် ဆေးရုံ
မှ ပါမောက္ခ ဒေါက်တာ ဒေါ်သိန်းသိန်းမြင့် ၊ ပန်းလှိုင်း ဆေးရုံ ၏ မိခင် ကုမ္ပဏီ ဖြစ်သည့် First
Myanmar Investment Co.,Ltd. ဥက္ကဌ ဦးသိမ်းဝေ (Mr. Serge Pun) ကလည်း ကောင်း
Sea Lion မှ ဒေါက်တာ ၀င်းဇော်အောင် တို့  က လည်း ကောင်း တက်ရောက် ခဲ့ ကြ သည်။

အမေရိကန် သမ္မတ အိုဘားမား က မြန်မာ နိုင်ငံ တွင် ရင်းနှီး မြုပ် နှံ မှု များ ပြု လုပ် ရန် အတွက် အမေ
ရိကန် ကုမ္ပဏီ များ ကို ခွင့် ပြု သည့် ကြေငြာ ချက် ထွက် ပေါ် ပြီး နောက် နှစ် ရက် အကြာ တွင်
အမေရိကန် ကုမ္ပဏီ မှာ ပစ္စည်း များ ကို မြန်မာ စီးပွား ရေး လုပ်ငန်း အုပ် စု များ မှ ၀ယ် ယူ
ခဲ့ ခြင်း ဖြစ်သည်။

 

GE ကုမ္ပဏီ ၏ အာရှ တိုက် ဆိုင်ရာ လုပ်ငန်း စီမံ ခန့် ခွဲ မှု အကြီး အကဲ မစ္စတာ စတူဝဒ် ဒန်း လည်း
ထို အခမ်း အနား ကို တက်ရောက် ခဲ့ ပြီး ပုဂ္ဂလိက ဆေးရုံ နှစ် ခု က ဒေါ်လာ ၂ သန်းတန် GE
၏ X-Rays နှင့် ခောတ်မှီ ရောဂါရှာ ဖွေ ရေး စက်ပစ္စည်း များ ၀ယ်ယူ ခဲ့ သည် Seal Lion နှင့် နီး
စပ် သူ တစ်ဦး က FNG ကို ပြောသည်။ ဓာတ်ပုံ – အေပီ


ကမ္ဘော ဒီးယား နိုင်ငံ ဆီရမ် ရိပ် မြို့  တွင် ရောက် ရှိ နေသည် မြန်မာ သမ္မတ ဦးသိန်းစိန် က နိုင်ငံ
စီးပွား ဖွံ့ ဖြိုး တိုးတက် အောင် အစွမ်း ကုန် လုပ်ဆောင် မည် ဟု မိန့် ခွန်း တွင် ထည့် သွင်း ပြော
ကြား ခဲ့ သည်။

မြန်မာ သမ္မတ ဦးသိန်းစိန် သည် ကမ္ဘာဒီယား နိုင်ငံ တွင် အမေရိကန်  စီးပွား ရေး လုပ်ငန်း ကုမ္ပဏီ
များ ဖြစ်သည့် Coca Cola, Ford Motor Co., GE, General Motors, Goldman Sachs နှင့်
Google ကုမ္ပဏီ များ နှင့် တွေ့ ဆုံ ခဲ့ သည်။

ဝန်ကြီး ကလင်တန် က မြန်မာ နိုင်ငံ သို့  အမေရိကန် စီးပွား ရေး လုပ်ငန်း များ မှ ကိုယ်စားလှယ်
၇၀ ကျော် သွား ရောက် ကာ စီးပွား ရေး လုပ်ငန်း များ အခြေစိုက် မှု နှင့် ပတ်သက် ပြီး စုံစမ်းလေ့
လာမည် ဟု ဆီရမ် ရိပ် တွင် ပြောကြား ခဲ့ သည်။

Hewlett Packard, Caterpillar, Chevron, American Express စသည့် စီးပွား ရေး လုပ်
ငန်းများ သည် မြန်မာ နိုင်ငံ သို့  လာရောက် မည့် အမေရိကန် စီးပွား ရေး လုပ်ငန်း ရှင် ကိုယ်စား
လှယ် များ အဖွဲ့  တွင် ပါဝင် နိုင်သည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: