Skip to content

Google မြေပုံ အရာရှိချုပ် ကို Yahoo က CEO အဖြစ်ခန့်  အပ်

Andrew Harre Bloomberg News

အင်တာနက် ရှာ ဖွေ ရေး နှင့် အင်တာနက် ၀န်ဆောင်မှု များ ပေး နေသည့် ကုမ္ပဏီ တစ်ခု ဖြစ်သည့်
Google မှ ပြောရေး ဆို ခွင့် ရှိသူ နှင့် အမှုဆောင် အရာ ရှိ တစ်ဦးဖြစ်သူ မယ်ရီဆာ မေယာ ကို Yahoo
ကုမ္ပဏီ က ယနေ့  အမှုဆောင် အရာ ရှိ ချုပ် CEO အဖြစ် ခန့်  လိုက် သည် ဟု နယူးယောက် တိုင်း(မ)
သတင်းစာ တွင် ဖော် ပြထားသည်။

မယ်ရီဆာ မေယာ သည် ၁၉၉၉  ခုနှစ် တွင် ဂူဂယ် ကုမ္ပဏီ သို့  စတင် ၀င် ရောက် ခဲ့ သည်။ သူမ သည်
ဂူဂယ် ၏ ပထမ ဦးဆုံး ၀န်ထမ်း အယောက် ၂၀  တွင် ပါဝင် သူ ဖြစ် ပြီး နောက် ပိုင်း တွင် ဂူဂယ် မြေပုံ
ဌာန ၏ အကြီး အကဲ တစ်ဦး ဖြစ်လာ ပြီး အမှုဆောင် အရာရှိ တစ်ဦး လည်း ဖြစ်လာ ခဲ့ သည်။

အသက် ၃၇ နှစ် အရွယ် ရှိ မယ်ရီဆာ မေယာ သည် စတန်းဖို့  ဒ် တက္က သိုလ် မှ ကွန် ပျူတာ သိပ္ပံ ဘွဲ့ 
ဖြင့် မဟာ ဘွဲ့  ရရှိ ခဲ့ ပြီး နောက် ဂူဂယ် ၏ အင်ဂျင် နီယာ အဖြစ် တာဝန် ယူကာ  Google Map ,
Gmail, Chrome ဒီဇိုင်း နှင့် နည်း ပညာ များ ကို ဖန်တီး ခဲ့ သည်။

နည်းပညာ နှင့် စတော့ စသည့် ငွေကြေး ဈေး ကွက် များ တွင် အကြပ် ရိုက် နေသည့် Yahoo အား
မယ်ရီဆာ မှ ကယ် တင် နိုင် လိမ့် မည် ဟု Yahoo ရှယ်ယာရှင် များ က ယုံကြည် ကြသည်။

မေလ ၁၈ ရက်နေ့  က ယာဟူး တည်ထောင် သူ ဂျယ်ရီယန်း ရာထူး မှ နှုတ် ထွက် သွား ခဲ့ ပြီး နောက်
ကြား ဖြတ် အမှု ဆောင် အရာ ရှိ ချုပ် သစ် ဖြစ်သည့် Ross Levinsohn က တာဝန်ယူ ခဲ့ ပြီး တနင်္လာ
နေ့  က ဘုတ် အဖွဲ့  အစည်း အဝေး တွင် မယ်ရီဆာ ကို အမှုဆောင် အရာ ရှိ ချုပ် အသစ် အဖြစ် အတည်
ပြု ခဲ့ ခြင်း ဖြစ်သည်။

မယ်ရီဆာ က သူ မ၏ Google Circles တွင် ယာဟူး CEO အဖြစ် ခန့်  အပ် ခံ ရခြင်း အတွက် စိတ်လှုပ်ရှား
ပြီး ဂုဏ် ယူ ၀မ်း မြောက် သည် ဟု ရေးသားထား  သည်။

Yahoo ၏ အမှုဆောင် အရာ ရှိ ချုပ် သစ် မယ်ရီဆာ မေယာ

About these ads
Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: