Batman ကား ပြနေ ချိန် ရုံတွင်း ပစ်ခတ်မှု ၁၂ ဦးသေ ၊ ၅၉ ဦး ဒဏ်ရာရ
မြန်မာ နိုင်ငံ မှ ရွှေ့ ပြောင်းလာသူ အများ စု အခြေချနေထိုင် သည့် အမေရိကန် နိုင်ငံ ကော်လို
ယာဒို ပြည်နယ် အော်ရိုရာ မြို့  ရှိ Century 16 ရုပ်ရှင် ရုံ တွင် ယမန်နေ့  ညက Batman ရုပ်ရှင်
ကား တွဲ ၏ ဇာတ်လမ်းသစ် ဖြစ်သည့် Dark Knight Rise ရုပ်ရှင် ကား ကို ရုံ တင် ပြ သနေ ချိန်
တွင် ပြစ်ခတ် မှု ဖြစ်ပွား ခဲ့ ရာ ၁၄ ဦး သေဆုံး ပြီး ၅၉ ဦးဒဏ်ရာ ရရှိသည်။
ဒါရိုက်တာ ခရစ္စတိုဖာ နိုလန် ၏ ရုပ်ရှင်ကား စတင် ပြ သနေ ချိန် ပထမ ဦးဆုံးဇာတ် ၀င်ခန်း ဉ်
Batman ရုပ်ရှင် ဇာတ်လမ်းထဲ မှာ ဇာတ်ကောင် တစ်ဦး ပုံစံ တု ပ ၀တ်ဆင် လာသည့် ပစ်ခတ်
သူ သည် လေထဲ သို့  ဓာတ်ငွေ့  သို့  မဟုတ် မျက် ရည် ယို ဗုံး ကို ပစ်ထည့် ပြီး နောက် အသင့် ပါ
လာသည့် ရိုင်ဖယ် သေနတ် ဖြင့် ရုံ တွင် ရှိ လူ များ ကို ပစ်ခတ် ခြင်း ဖြစ်သည်။
” တကယ့် ကို ထိတ်လန့်  စရာ ပါ ပဲဗျာ ၊ အစတော့ ရုပ်ရှင် ကား ရဲ့  တင်ဆက် မှု တစ်ခု ရုံ ထဲ မှာ
လုပ် တယ် လို့  တောင် ထင် ခဲ့ တာ ၊ ငရဲ ပွက် သလို ပါပဲ ၊ ကျွန်တော် လည်း နောက် လှည့် မကြည့်
တော့ ဘဲ တန်း ကျော် ပြီး ထွက် ပြေးတာ ဗျို့  ” ဟု မျက် မြင် ကြုံခဲ့ ရသူ တစ်ဦးက
ABC သတင်း ဌာန ကို ပြောသည်။
2012 Aurora Shooting on Wikipedia
သေနတ်သမားသည် ပစ်ခတ် မှု စတင် ချိန် ဉ် ဓာတ်ငွေ့  ကာ မျက် နှာ ဖုံး ကို တပ်ဆင် ထား သည် ဟု
သိရသည်။
သေနတ် သမား ဟု သံသယ ရှိသည့် James Holmes အမည်ရှိ အသက် ၂၄ နှစ် အရွယ် အော်ရိုရာ
ဒေသခံ တစ်ဦး ကို ကား ရပ်နား သည့် နေရာ တွင် ရဲက သောကြာ နေ့ နံနက် ၁၂း၃၀ နာရီ တွင်
ဖမ်းဆီး မိခဲ့ သည်။ ဖမ်းဆီး မိချိန် ဉ် သူ့ တွင် AK အမျိုး အစား သေနတ် ရိုင်ဖယ် နှင့် ဓားတစ်ခု ကို
ရှာ ဖွေ တွေ့  ရှိသည် ။ အခြား သေနတ် တစ်လက် ကို မူ ရုပ်ရှင် ရုံ ထဲ ဉ် သိမ်းဆည်း ရမိသည်။
ယခု ပစ်ခတ် မှု သည် အကြမ်းဖက် လှုပ်ရှားမှု များ နှင့် ဆက်နွယ်ပတ် သက် မှု ကို မတွေ့  ရ သေး
ဟု သိရသည်။
ကောလိုယာဒို ပြည်နယ် အော်ရိုယာ မြို့  တွင် မြန်မာ နိုင်ငံ မှ ရွှေ့ ပြောင်းလာ သူ ၅၀၀၀ ကျော်ခန့် 
နေ ထိုင် သည် ဟု သိရသည်။ အော်ရိုယာ မြို့  သည် ပြည်နယ် မြို့ တော် ဒင်ဗာ ၏ အရှေ့ ဘက်
တွင် ရှိ ပြီး လူ သုံးသိန်း ကျော် အခြေ ချ နေ ထိုင်သည်။
၁၉၉၉ ခုနှစ် က ဖြစ် ပွား ခဲ့ သည့် လူ ၁၂ ဦး သေဆုံး ခဲ့ သည့် နာမည် ကျော် ကိုလံဘိုင်း အထက်တန်း
ကျောင်း သည် လည်း ယခု ပစ်ခတ် မှု ဖြစ် ပွား သည့် နေရာ နှင့် ၁၃ မိုင် ခန့်  အကွာ တွင် ရှိသည်။
Update
အသက် ၂၄ နှစ် အရွယ် ရှိ သေနတ် သမား James Holmes သည် ကော်လိုယာဒို တက္ကသိုလ် (ဒင်ဗာ)
တွင် ဥဏှောက် နှင့် အာရုံ ကြော သိပ္ပံ ပညာ ဘာသာ ရပ် ဖြင့် ဘွဲ့ လွန် (Ph.D.) သင်တန်းသား အဖြစ်
တက်ရောက် နေ သူ ဖြစ် သည်။
Batman ရုပ်ရှင် ကား တွဲ တစ်ခု ဖြစ်သည့် ၂၀၀၉ ခုနှစ် က ရုံ တင် ပြသ ခဲ့ သော Dark Knight ရုပ်ရှင်
ကား မှာ Titanic, Avatar ရုပ်ရှင် ကား များ ပြီး လျှင် ကမ္ဘာ ပေါ် ဉ် တတိယ မြောက် ၀င်ငွေ အကောင်း
ဆုံး ရုပ် ရှင် ဇာတ် ထုတ် ဖြစ်သည်။
သေဆုံး သူများ တွင် တစ် ဦး ဖြစ်သည့် Jessica Ghawi သည် တက်သစ် စ ရုပ်သံ တင်ဆက် သူ တစ်ဦး
နှင့် ဘလောက်ဂါ တစ်ဦး လည်း ဖြစ်သည်။ ဂျက်ဆီကာ သည် ဇွန်လ က ကနေဒါ နိုင်ငံ တို ရွန် တို မြို့ 
Eaton Center shopping mall တွင် ရုပ် ရှင် ကြည့် ရှု နေ စဉ် သေနတ် သမား ၏ ပစ်ခတ် မှု မှ
အသက် မသေ ဘဲ လွတ်မြောက် လာသူ ဖြစ်သည်။
ကော်လို ယာဒို ပြည်နယ် သေနတ် ကိုင် ဆောင်မှု ဥပဒေ အရ အိမ် ၊ ရုံး နှင့် ကျောင်းများ တွင် တရား
ဝင် ကိုင်ဆောင် ခွင့် ရှိ ပြီး အများ ပြည်သူ နှင့် သက်ဆိုင် သည့် နေရာများ တွင် မူ ခွင့်ပြုချက် လိုအပ်
သည်။
Batman ၏ ရန်သူ တစ်ဦး ကဲ့ သို့  ၀တ် ဆင်လာ သည့် James Holmes သည် ည ၁၀ နာရီ ခွဲ တွင်
ရုပ်ရှင် ရုံ သို့ သေနတ် များ ကိုင် ဆောင် ပြီး ရာက်ရှိ လာ ချိန် တွင် သူ့  ကို အခြား ရုပ်ရှင် ကြည့်
ပရိသတ် များ က Batman ဇာတ်ကောင်များ ကဲ့ သို့  တုပ ၀တ်ဆင်ထား သည့် ၀ါသနာ အိုး တစ်ယောက်
ဟု သာ ထင် မှတ် ခဲ့ သည်။
အော်ရိုယာ မြို့  တွင် ၎င်း နေ ထိုင်သည့် Apartment အိမ်ယာမှာ မြန်မာ ဘုန်းတော် ကြီး ကျောင်း
ဓမ္မ ပါလာ နှင့် အနည်း ငယ် သာ ကွာ ဝေး သည်။
အော်ရိုယာ မြို့  တွင် သေဆုံး သူများ အတွက် ၀မ်းနည်း ကြောင်း အထိမ်း အမှတ် ဖြင့် ပန်းခြင်း များ ၊
ဖယောင်း တိုင်များ ထွန်းညှို ပြီး ဆု တောင်း မေတ္တာ ပို့  ခြင်း တို့  ကို ပြု လုပ် လျှက် ရှိသည် ဟု ထို
မြို့ တွင် အခြေစိုက်သည့် မြန်မာ တစ်ဦး ဖြစ်သူ ကို ရန် နိုင် က FNG ကို ပြောသည်။
ပစ်ခတ် မှု ဖြစ် ပွား ပြီး နောက် Dark Knight Rise ဒါရိုက်တာ ခရစ္စတိုဖာ နိုလန် ၊ မင်းသား ခရစ္စတီး
ယန်း ဘေလ်း ၊ အန်း ဟာသာ ဝေ ၊ မာရီယွန် ကော် တီ လဒ် နှင့် အခြား ဟောလိဝုဒ် အကျော် အမော်
များ က သေဆုံး သူများ အတွက် ၀မ်းနည်း စကား ဆိုခဲ့ ကြ သည်။


ပစ်ခတ် မှု တွင် သေဆုံး ခဲ့ သည့် ရုပ်သံ တင်ဆက်သူ Jessica Redfield

ရုပ်ရှင် ပတ်ခတ် မှု တွင် သံသယ ရှိ သူ Ph.D. ကျောင်းသား James Holmes (born December 13, 1987)
Photo: University of Colorado/Associated Press

ဆန်ဒီယေးဂိုး အထက်တန်း ကျောင်း Year Book မှ James Holmes

ရုပ်ရှင် ရုံ ကား ရပ် နား ရန် နေ ရာ တွင် တွေ့  ရသည့် ရုံတွင်း မှ ထွက် ပြေးလာသည့် ရုပ်ရှင်
ကြည့် ပရိသတ် များ


Related articles
- 14 Dead, 50 Injured in Batman Horror (huffingtonpost.com)
- 14 Killed in Mass Shooting at New Batman Movie (voanews.com)
- Batman Review Dark Knight Rises (poemsforkush.com)
- Batman’s Dramatic Evolution Over 70 Years on Our Screens (gizmodo.co.uk)








