Skip to content

ဓားစာခံ ဖြစ်ခဲ့ ရတဲ့ မိသားစု ၀င် တွေ နဲ့  အော်ရိုရာ မြို့  မှာ အိုဘားမား တွေ့ ဆုံ

President Obama Visits Colorado In Wake Of Movie Theater Shootings

အမေရိကန် သမ္မတ အိုဘားမား ဟာ သောကြော နေ့  က သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့
ပြီး ၁၂ ယောက်သေဆုံး ကာ ၊ ၆၀ ကျော် ဒဏ်ရာ ရရှိ ခဲ့ တဲ့ ကော်လိုယာဒို ပြည် နယ်
အော်ရိုရာ မြို့  ကို တနင်္ဂနွေ နေ့  က ရောက် ရှိ လာ ကာ သေဆုံး ၊ ဒဏ်ရာ ရရှိ သူ တွေရဲ့ 
မိသားစု တွေ နဲ့  ကော်လိုယာဒို တက္ကသိုလ် ဆေးရုံ ကြီး မှာ တွေ့ ဆုံ ခဲ့ ပါတယ်။

သမ္မတက သူ ဟာ ဒီပြစ်ခတ် မှု မှာ ဓားစားခံ ဖြစ်ခဲ့ ရတဲ့ သေဆုံး ဒဏ်ရာ ရရှိ သူ တွေ ကို
သမ္မတ တစ်ဦး အနေ နဲ့  ရောက် ရှိ လာတာ မဟုတ် ပဲ ဖခင် တစ်ယောက် လို ၊ အဆွေ ခင်
ပွန်း တစ်ယောက် လို ရောက် ရှိ လာတာ ဖြစ်ကြောင်း သူ က ABC သတင်းဌာန ကို ပြောပါ
တယ်။

အမေရိကန် သမ္မတ အိုဘားမား က ဓားစာခံ ဖြစ်သွား တဲ့ မိသား စု တွေ နဲ့ သီးသန့်  တွေ့ 
ဆုံ ရာ မှာ  ဗျာဒိတ် ပေး ကျမ်း အခန်း ကြီး ၂၁ အခန်း ငယ် ၄ က ပြောကြားချက် တစ်ခု ကို
ကို ကိုကား ပြီး ” သူ တို့  ရဲ့  မျက် လုံး ထဲ က မျက် ရည် တွေ ကို သုပ် ပေး မယ် ၊ အဲဒီမှာ ၀မ်း
နည်း ရမှု တွေ လည်း မရှိ တော့ ဘူး ၊ ငို ကြွေး ရမှု တွေ လည်း မရှိ တော့ ဘူး ၊ နာကျင် ခံစား
ရမှု တွေ မရှိ စေရ တော့ ဘူး လို့  သူ က ပြော ပါတယ်။

ကော်လိုယာဒို တက္ကသိုလ် မှာ အာရုံ ကြော ဆိုင်ရာ သာသာ ရပ် နဲ့  မဟာ ဘွဲ့ လွန် Ph.D.
တက်ရောက် နေ တဲ့ အသက် ၂၄ နှစ် အရွယ် James Holmes က The Dark Knight ဇာတ်
ကား ပြ သနေစဉ် ပစ် ခတ် ခဲ့  သေနတ် နဲ့  ပစ်ခတ် ခဲ့ မှု ဖြစ်ခဲ့ ခဲ့ ပါတယ်။

သမ္မတ အိုဘားမား ရဲ့  လေယာဉ် ဟာ ကော်လိုယာဒို အော်ရိုရာ မြို့  က ဘာခ်လေ လေတပ်
စခန်း ကို နေ့  လည် ၁ နာရီ ကျော် မှာ ဆိုက် ရောက် ခဲ့  ပါတယ်။ ဒီလေတပ် စခန်း က လေ
တပ် ၀န်ထမ်း နှစ် ဦး ဟာ လည်း သေနတ် သမား ရဲ့  ပစ်ခတ်မှု ကြောင့် ရုပ်ရှင်ရုံ တွင် မှာ
ပဲ သေဆုံး ခဲ့ ပါတယ်။

စနေ နေ့  က မှုခင်း ဆိုင်ရာ ကျွမ်းကျင် သူတွေ ဟာ ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်း တွေ
တပ် ဆင်ထား တဲ့ သေနတ်သမား ရဲ့  နေ အိမ် ကို ၀င်ရောက်  ရှင်းလင်း နိုင်ခဲ့ ပါတယ်။
သေနတ်သမား နေ ထိုင်ရာ ပါရီလမ်း ဟာ မြန်မာ မိသား စု တွေ နေတဲ့ အရှေ့ ကိုလ်ဖက်
(စ) ရိပ်သာ လမ်း နဲ နီး ပါတယ်။

Century 16 ရုပ်ရှင် ရုံ အတွင်း မှာ သေနတ် ပစ်ခတ် မှု ဟာ အမေရိကန် နိုင်ငံ တွင်း
သေနတ် ပစ်ခတ်မှု ကြောင့် သေဆုံး ဒဏ်ရာ ရရှိ တဲ့ မှတ်တမ်း တွေ မှာ လည်း အဆိုး
ရွား ဆုံး ဖြစ်ပါတယ်။

အိုဘားမား ဟာ တစ်လ အတွင်း မှာ ပဲ ကော်လိုယာဒို ပြည်နယ် ကို နှစ် ကြိမ် ရောက် ရှိ လာ
ခဲ့ တာ ဖြစ် ပြီး လွန် ခဲ့ တဲ့ သီတင်း နှစ်ပတ် ကျော် က ကော်လိုယာဒို က ကော်လိုယာဒို
စပရင်း မှာ တောမီး လောင် ကျွမ်း စဉ် က တစ်ကြိမ် ရောက် ရှိ ခဲ့ ပါတယ်။

Aurora, Colorado, Obama

အော်ရိုရာ မြို့  က ရဲမှုး ဒန် အုတ်(စ) ကို တွေ့  ဆုံ နေတဲ့ သမ္မတ အိုဘားမား (Photo by Chip Somodevilla/Getty Images)

အော်ရိုရာ မြို့  က ရဲမှုး ဒန် အုတ်(စ) ကို တွေ့  ဆုံ နေတဲ့ သမ္မတ အိုဘားမား (Photo by Chip Somodevilla/Getty Images)

အော်ရိုရာ ပါရီလမ်း ရှိ သေနတ်သမား ၏ အိမ်ကို ၀င်ရောက် ရှာဖွေစဉ်

အော်ရိုရာ ပါရီလမ်း ရှိ သေနတ်သမား ၏ အိမ်ကို ၀င်ရောက် ရှာဖွေစဉ်

About these ads
Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: