Skip to content

ဦးသိန်းစိန် နှင့် ယင်လပ် တွေ့ ဆုံ

Myanmar's President Thein Sein is showed the way by Thai Prime Minister Yingluck Shinawatra during a meeting in Bangkok

မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန်သည် ယနေ့  နံနက် အစော ပိုင်း က ထိုင်း ၀န်ကြီးချုပ်
ယင်လပ် ရှင်နာဝတ်ထရာ နှင့် တွေ့ ဆုံ ရာ တွင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်
တည်ဆောက်ခြင်း လုပ် ငန်း နှင့် နှစ်နိုင်ငံ စီးပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်
ရွက် မှု မြင့် တင်ရန် နားလည် မှု စာချွန် လွှာ ကို လက် မှတ် ရေး ထိုး နိုင်ခဲ့ သည်။

ထိုင်း နိုင်ငံ ချွန်ဘူရီ ပြည်နယ် ရှိ လမ်ချာဗန် စက်မှုဇုန် နှင့် ထားဝယ် ဆိပ်ကမ်း စက်မှု ဇုန်
တို့  ဆက်သွယ်  နိုင်မည့် လမ်း တည်ဆောက် နိုင်ရန် လည်း သဘော တူ ညီမှု ရခဲ့ သည်
ဟု ထိုင်း နိုင်ငံ ထုတ် The Nation သတင်း တွင် ဖော် ပြထား သည်။

ထိုင်း နိုင်ငံ ရှိ ရွှေ့ ပြောင်း မြန်မာ အလုပ်သမား များ နိုင်ငံ ကူး လက်မှတ်ပြု လုပ်ရာ တွင်
ကြန့် ကြာနေမှု နှင့် ထိုင်း နိုင်ငံ တွင်း ရှိ မြန်မာ အလုပ်သမား များ အရေး တို့  ကို လည်း
ဆွေးနွေး ခဲ့ ကြသည်။

ထိုင်း နိုင်ငံ သည် တရုတ် နိုင်ငံ ပြီး လျှင် မြန်မာ နိုင်ငံ ၏ အကြီး ဆုံး ကုန် သွယ် ဘက် နိုင်
ငံ ဖြစ်သည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: