Skip to content

“ပြည်သူ တွေ က ရူးနေတာ ပါ” လို့  ပြောတဲ့ ဦးအောင်သိန်းလင်း ကို ပြည်သူ လူထုက ဆန္ဒပြ ရန် စီစဉ်

img_2609

တရုတ် နိုင်ငံ ၏ အထင် ကရ သတင်း တစ်စောင် ဖြစ်သော Southern Weekend China
နှင့် မေးမြန်းမှု တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဗဟို
အလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၏ ပြော ဆို မှု ကို ကန့် ကွက် ရှုံ့ ချ သည့် အနေ ဖြင့်
ပခုက္ကူ မြို့  ၊ မန္တလေး မြို့  ၊ ပြည် မြို့  နှင့် ပေါင်း တည် မြို့  များ တွင် ကန့်  ကွက် ဆန္ဒပြ ပွဲများ
ပြု လုပ် သွား မည် ဟု FNG မှ သိရှိရသည်။

တရုတ် သတင်းစာ နှင့် မေးမြန်းမှု တွင်ဦးအောင်သိန်းလင်း က ” သမ္မတ ဦးသိန်းစိန် ၏
အမိန့် ဖြင့် ရပ်တန့် ထား သည့် မြစ်ဆုံ ရေကာ တာ ကို ပြန်လည် စတင် မည် ဟု ပြော
ကြား မှု ၊ အမျိုး သား ဒီမိုကရေစီ အဖွဲ့ ချုပ် ကို ထောက်ခံ သူများ သည် အရူးများ သာ
ဖြစ် ကြောင်း ပြော ကြား မှု ၊ ပြည်သူ ကို စော်ကား ပြစ်တင် မှု များ ကြောင့် ဆန္ဒပြ ရန်
စီစဉ် ခြင်း ဖြစ် ကြောင်း မန္တလေးမြို့  လျှပ်စစ်မီး ရရှိ ရေး လှုပ်ရှား မှု တွင် ဦးဆောင် ပါ
ဝင် ခဲ့ သူ တစ်ဦး ဖြစ်သည့် ကိုထွန်းသက် ဝေ က ပြောသည်။

ယခင် ရန်ကုန် မြို့  တော်ဝန် ဟောင်း ဖြစ် သည့် ကြံ့ ဖွံ့  ပါတီ ထိပ်တန်းခေါင်းဆောင်
တစ်ဦး ဖြစ်သူ ဦးအောင်သိန်းလင်း အား ဆန္ဒ ပြရန် ပခုက္ကူ မြို့  မှ စတင် ခြင်း ဖြစ် ပြီး
ဇူလိုင် လ ၃၁ ရက်နေ့  စီတန်း လှည့် လည် ဆန္ဒပြရန် အတွင် ဆိုင်ရာ တွင် ခွင့် ပြု မိန့် 
တောင်းခံ ထား ပြီ ဖြစ်သည် ဟု သိရသည်။

ဦးအောင်သိန်းလင်း က တရုတ် သတင်း စာ သည် ဘာသာ ပြန် မှားယွင်း ဖော်ပြ ခြင်းသာ
ဖြစ်ကြောင်း ပြောကြား ခဲ့ သည်။ သူက မိခင် ပါတီ က အပြစ်ပေး လျှင် လည်း ခံမည် ဟု
ပြောကြား ခဲ့ သော်လည်း ကြံ့ ဖွံ့ ပါတီ အထွေထွေ အတွင်း ရေး မှုး ဦးဌေးဦး က မူ တစ်
သီပုဂ္ဂလ သဘောထား အမြင် ဖြစ်သောကြောင့် ပါတီ အာဘော် မဟုတ် သဖြင့် အပြစ်
ပေး အရေး ယူရန် မလို အပ် ဟု ဆိုသည်။

ပေါင်းတည် မြို့ မှ တက်ကြွ လှုပ်ရှား သူ တစ်ဦး က မူ ” သမ္မတ ကြီး ရဲ့  ပြုပြင် ပြောင်းလဲမှု
ကို အတိုက်အခံ ဖြစ်စေတဲ့ ခေါင်းမား သူ တွေ ကို ဖယ်ရှား တဲ့ နေရာ မှာ ပြည်သူ တွေ က
လဲ တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက် ရမယ်”  ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည် အား ရန်လို တိုက်ခိုက်မှု များ
ကို ဦးဆောင် ပြု လုပ် လေ့ ရှိသည့် ဦးအောင်သိန်းလင်း ကို စစ်တပ် အတွင်း အရာရှိ
များ က လည်း မနှစ် မြို့  ကြ ဟု သိရသည်။

မန္တလေး တိုင်း တံခွန်တိုင် မြို့ နယ် ရှိ သံချပ် ကာ ယန္တယား တပ်မှ အရာ ရှိ တစ်ဦး က မူ
ဦးအောင်သိန်းလင်း က ဒီတစ်ခါ ပြည်သူ တွေ ကို ပါ စော်ကား တာ ဗျ ၊ ဒီလူ ပါတီ ခေါင်း
ဆောင် ရာထူး နဲ့  မထိုက်တန် ဘူး ဟု ဆိုသည်။

About these ads
5 Comments
  1. ရူးတာပြည်သူတွေမဟုတ်ဘူး………..မင်းတို့အာဏာရူးနေတာတွေလေ………..

    July 31, 2012
  2. ပြည်သူတွေကိုရူးနေတယ်လို့ပြောတာဟာပြည်သူကျွေးတဲ့ထမင်းစားပြီးသူတောင်းစားထမင်းဝလို့………တောင်တာလား

    July 31, 2012
  3. ရှုးနေတာကပြည်သူတွေမဟုတ်ဘူကွ၊အာဏာခိုးတွေမိပြီးရှုးနေတာမင်းတို့တတွေဘဲ၊တိမ်သလာတွေဖုးံပြီးအမှန်တရားကိုမသိတာမင်းတို့တတွေဘဲ၊မင့်တို့ကောင်းစားဘို့တိုင်းပြည်နင့်ပြည်သူတွေကနစ်ပေါင်များစွာနစ်နာခဲ့ပြီးပြီ၊ပြောရင်ကုန်မှာမဟုတ်လို့တော်ပြီကွ

    July 28, 2012
  4. မှန်တာကိုယ် လုပ်တာ သိက္ခာ ရှီသူတော်ကောင်းများရဲ့ ကျင်စဉ်ပါ မှန်မှန်ကန်ကန် တွေးပြိး ဖြတ်ဖြတ်သားသား လုပ်ပြိး အမျိုးဂုဏ်တင့်အောင်လုပ်ရပါမယ် အဓီက ကတော့ မဲဆန္ဒနယ် က နှာမစိး ပါစေနဲ့

    July 28, 2012
  5. John Burma #

    ဒီလိုလူမျိုး ခေါင်းဆောင်လုပ်ရင် နေ၀င်းဦးဆောင်တဲ့ တိုင်းပြည်တုန်းကထက် ပြည်သူတွေအနှိပ်ကွပ်ခံရမှာပဲ။

    July 28, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: