အကြိမ် ၃၀ မြောက် နွေရာသီ အိုလံပစ် ပွဲတော် ကို လန်ဒန် မှာ ဖွင့်လှစ်
၂၀၁၂ နွေရာသီ အိုလံပစ် ပွဲတော် လို့ လည်း ခေါ် တဲ့ London 2012 အိုလံပစ် ပွဲ တော်
ကို ဒီနေ့ ဖွင့် လှစ် လိုက် ပြီ ဖြစ်ပါတယ်။ ဗြိတိန် ရဲ့ နာမည်ကျော် ဂျိမ်း(စ)ဘွန်း ၊ ၀ီလျှံ
ရှိတ်စပီးယား ၊ The Beatles တေးဂီတ အဖွဲ့  တွေ ကို ဂုဏ်ပြု ပြီး အိုလံပစ် ပွဲ တော် ကို
ဖွင့်လှစ် ခဲ့ တာ လည်း ဖြစ်ပါတယ်။
ပွဲတော် မဖွင့် လှစ် ခင် မှာ ဗြိတိသျှ တော်ဝင် လေတပ် က တိုက်လေယာဉ် တွေ က အလှ
ပြ ခဲ့ ပြီး ၊ Slumdog Millionaire ဇာတ်ကား နဲ့  အော်စကာ ဆုရရှိသွား ခဲ့ တဲ့ ဗြိတိသျှ
ဒါရိုက်တာ ဒန် နီဘွိုင်းလ် က ဦးဆောင် ပြီး ကျင်းပခဲ့ ပါတယ်။
ဇာတ်လမ်း တွေ တစ်ခု ပြီး တစ်ခု တင်ဆက်မှု နဲ့  အတူ ပြသခဲ့ ရာ မှာ ရှိတ်စပီးယား ဇာတ်
ကောင် တွေ ၊ အိုလံပီယာ တောင် ခြေမှာ အိုလံပစ် အားကစား ပေါ် ပေါက်လာ ပုံ ၊ နာမည်
ကျော် ဗြိတိသျှ ၀တ္ထု ထဲ က ဇာတ်ကောင်တွေ နဲ့  ပုံ ဖော် ခဲ့ ပါတယ်။
ဒီနှစ် နိုဝင်ဘာလ မှ ပြသမယ့် ဂျိမ်း(စ)ဘွန်းရုပ်ရှင် ကား သစ် ဖြစ်တဲ့ Skyfall ဇာတ်ကားထဲ
က လေထီး အလွတ် ခုန်တဲ့ ဇာတ်ဝင်ခန်း တစ်ခု ကို ပြန်လည် သရုပ် ပြသခဲ့ ရာ မှာ ရင်သပ်ရှု
မော ဖွယ်ရာ ဖြစ်ခဲ့ တာ ကြောင့် ပရိသတ် က လည်း လက်ခုပ် လက်ဝါးတီး ပြီး အား ပေး ခဲ့
ကြ ပါတယ်။
မကြာခင် ရုံ တင် မယ့် Skyfall ဇာတ်ကားမှာ ဘုရင်မ ကြီး ကိုယ်တိုင် သရုပ်ဆောင် မှု ကို
လည်း တွေ့ ရမှာ ဖြစ် ပါတယ်။ အိုလံ ပစ် ပွဲ တော် ဖွင့် ပွဲ ကို လည်း ဘုရင် မကြီး ကိုယ်
တိုင် တက်ရောက်ခဲ့ ပါတယ်။
အိုလံ ပစ် ပြစ် ပြိုင် ပွဲ မဖွင့် လှစ် ခင် နံနက် အစောပိုင်း က တည်း က လန်ဒန် မြို့  တစ်ဝှမ်း
မှာ လာရောက် လည် ပတ် သူ တွေ ၊ မြို့  ခံ တွေ က အိုလံ ပစ် ပွဲ တော် အတွက် အလွန် အမင်း
တက် ကြွ လှုပ်ရှား နေကြ ပါတယ်။
မနက် အစော ပိုင်း က အိုလံပစ် ပြိုင်ပွဲ စတင် မှု ခေါင်းလောင်း ထိုး ပြီး နောက် ပိုင်း လန်ဒန် မြို့ 
ကြီး သက် ၀င် လှုပ်ရှား လာ လိုက် တာ ကျွန်တော် ရောက် ဖူး တဲ့ ဘယ်မြို့  နဲ့  မှ မတူ အောင် ပါ
ပဲ လို့  ဘောလိဝုဒ် မင်းသား ကြီး အမီတာ ဘဂျမ်း က ပြောပါတယ်။
အိုလံ ပစ် ပွဲ တော် တွေ ကို နွေရာ သီ အိုလံ ပစ် ပွဲ တော် နဲ့  နှင်းလျှော စီး ၊ ရေခဲပြင် စကိတ် စီး
တို့  ပါဝင် တဲ့ ဆောင်း ရာ သီ အိုလံ ပစ် ပွဲ တော် အဖြစ် နှစ် မျိုး ခွဲ ပြီး ကျင်း ပပါတယ်။ နွေရာ
သီ အိုလံ ပစ် ပွဲ တော် ကို လေးနှစ် တစ် ကြိမ် ကျင်း ပ ရာ မှာ ၂၀၀၈ ခုနှစ် က တရုတ် ပြည် မှာ
နောက်ဆုံး ကျင်း ပခဲ့ ပါတယ်။
အိုလံပစ် ပွဲ တော် တွေ ကို နာမည် ကျော် သရုပ်ဆောင် တွေ ၊ အဆိုတော် တွေ ၊ ကျော်ကြား သူ
တွေ လည်း တက်ရောက် ကြ ပြီး ၂၀၀၂ ခု နှစ် အမေရိကန် နိုင်ငံ ဆော့လိပ် မြို့ မှာ ကျင်း ပခဲ့
တဲ့ ဆောင်းရာသီ အိုလံပစ် ပွဲတော် ရဲ့  ဥက္ကဌ နဲ့  အခု ရီပတ်ဘလီကန် ပါတီ ရဲ့  သမ္မတ လောင်း
မစ်ရွမ်နီ ၊ အမေရိကန် သမ္မတ အိုးဘားမား ရဲ့  ကတော် မစ်ချလ် အိုဘားမား တို့  တက်ရောက် ခဲ့
ကြ ပါတယ်။
သြဂုတ် လ ၁၂ ရက်နေ့  အထိ ကျင်း ပမယ့် အကြိမ် ၃၀ မြောက် အိုလံ ပစ် ပြိင်ပွဲ ကို နိုင်ငံ ပေါင်း
၂၀၄ နိုင် ငံ က အားကစား သမား ၁၆၀၀၀ က ပြိုင်ပွဲ ၂၆ မျိုး မှာ ရွှေ တံ ဆိပ် ဆု ၃၀၂ ဆု ကို
ရရှိ ဖို့  ယှဉ်ပြိုင် ကြ မှ ဖြစ်ပါတယ်။
တိုးတက် ဖြစ်ထွန်း သမျှ ကို အချိန် နှင့် တပြေး ညီ ဆက်လက် ဖော်ပြ ပါမည်။
Photo Credit : 2012 London Olympic, Huff Post, Global Post, The New York Times.
Zimbio.

အိုလံပစ် မီးရှုး တိုင် ကို အမြန်ရှပ် ပြေး ရေယာဉ် ဖြင့် သိမ်းမြစ် တွင်း ဉ် သယ်ဆောင်လာသည့်
ဗြိတိသျှ ဘောလုံး အကျော် အမော် ဒေးဗစ် ဘက်(ခ)ဟမ်း Photo : Zinbio

၂၀၁၂ လန်ဒန် အိုလံ ပစ် ပွဲ တော် ဖွင့် ပွဲ ဉ် တွေ့ ရသည့် မီးရှုးမီးပန်းများ Photo : London 2012
Facebook

၂၀၁၂ လန်ဒန် အိုလံ ပစ် ပွဲ တော် ဖွင့် ပွဲ ဉ် တွေ့ ရသည့် မီးရှုးမီးပန်းများ Photo : (Doug Mills/The New York Times)
- ၂၀၁၂ လန်ဒန် အိုလံ ပစ် ပွဲ တော် ဖွင့် ပွဲ ဉ် တွေ့ ရသည့် မီးရှုးမီးပန်းများ Photo : London 2012 Facebook
- ၂၀၁၂ လန်ဒန် အိုလံ ပစ် ပွဲ တော် ဖွင့် ပွဲ ဉ် တွေ့ ရသည့် မီးရှုးမီးပန်းများ Photo : (Doug Mills/The New York Times)
- အိုလံပစ် မီးရှုး တိုင် ကို အမြန်ရှပ် ပြေး ရေယာဉ် ဖြင့် သိမ်းမြစ် တွင်း ဉ် သယ်ဆောင်လာသည့် ဗြိတိသျှ ဘောလုံး အကျော် အမော် ဒေးဗစ် ဘက်(ခ)ဟမ်း Photo : Zinbio
Related articles
- David Beckham – David Beckham’s ‘goosebumps’ For Olympics Opening Ceremony (contactmusic.com)
- Amitabh Bachchan to carry Olympic torch in London today (movies.ndtv.com)





























