Skip to content

မြန်မာ နိုင်ငံ အလယ် ပိုင်း တွင် ၅.၇ အဆင့် ရှိ ငလျှင် လှုပ်

FNG Earthquake

မြန်မာ နိုင်ငံ မန္တလေး မြို့  ၏ အနောက် မြောက် ဘက် ၁၃၅ မိုင်ခန့်  ကွာ ဝေး သည့် နေရာ
ကို ဗဟို ပြု ပြီး  မဂ္ဂနီကျု ၅.၇ အဆင့် ရှိ ငလျှင် တစ်ခု ယနေ့ နံနက် ၈ နာရီ ၅၁ မိနစ် အချိန်
ခန့် က လှုပ်ခတ် သွား သည် ဟု အမေရိကန် ဘူမိ လေ့လာ စောင့် ကြည့် ရေး အဖွဲ့  က သတင်း
ထုတ် ပြန် သည်။

မြေမျက်နှာ ပြင်အောက် ၄၂ မိုင် ခန့်  အကွာ တွင် လှုပ်ခတ် သွား သောကြောင့် ပျက်စီးဆုံးရူံး
မှု များ ရှိ နိုင် သော် လည်း တရားဝင် သတင်း ထုတ် ပြန် ခြင်း မရှိ သေး ဟု မန္တလေး မြို့  ဈေး
ချို ရှိ ကုန်သည် တစ်ဦး က FNG ကို ပြောသည်။

မြေငလျှင် လှုပ်ခြင်း ကို မန္တလေး မြို့ ၊ မုံ ရွာ မြို့  နှင့် စစ်ကိုင်း မြို့ များ တွင် သိရှိ ခံ စား လိုက်ရ
ပြီး ချင်း ပြည်နယ် ဟားခါး တွင် ပါ ငလျှင် လှုပ် ခတ် သွား ကြောင်း သိလိုက် ရသည်။

နာမည် ကျော်ကြား လှသည့် စစ်ကိုင်း ငလျှင်  ပြတ် ရွေ့  ကြော အနီး တွင် လှုပ်ခတ် သွား ခြင်း ကြောင့်
မန္တလေး ဒေသခံ တို့  စိုးရိမ်လျှက် ရှိ သည်။

မြန်မာ နိုင်ငံ တွင် မလှုပ် ခတ် ခင် ခြောက် နာရီ ခန့်  အလို က ပါပူဝါ နယူးဂီနီ တွင် ၆.၆ အဆင့်
ရှိ ငလျှင် လှုပ် ခတ် သွား ခဲ့ သည်။

Moderate Earthquake Hit Central Myanmar

About these ads
Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: