Skip to content

အိုဘားမား က မစ်ရွမ်နီ ထက် လူကြိုက်များ နေဆဲ

628x471

မက်ဆာ ချူးဆက် ပြည်နယ် အုပ် ချုပ် ရေး မှုး ဟောင်း နှင့် ရီပတ်ဘလီကန် သမ္မတ လောင်း
မစ်ရွမ်နီ သည် ၀ါရှင်တန် ပို့  စ် သတင်း စာ နှင့် ဂေါလ်လပ် လူထု စစ်တမ်း တို့  မှ ပူးတွဲ ပြု
လုပ်သည့် ဆန္ဒ သဘောထား ကောက်ယူမှု တွင် လက် ရှိ သမ္မတ အိုဘားမား ထက် လူ
ကြိုက် များ မှု နည်း နေသည် ဟု စစ်တမ်း ကို ကိုးကား ပြီး  ယနေ့  ထုတ် ၀ါရှင် တန် ပို့ (စ်)
သတင်းစာ တွင် ဖော်ပြထား သည်။

ဂေါလ်လပ် က ပြု လုပ် တဲ့ လူထု စစ်တမ်းမှာ လူ ၁၀၀ မှ ၆၄ ဦးက အိုဘားမား ကို နှစ် သက်
တယ် လို့  ဖြေဆို ကြ ပြီး ၂၄ ရာ ခိုင်နှုန်း က သာ မစ်ရွမ်နီ ကို ကြိုက် ကြတယ် လို့  ဆိုပါတယ်။

နိုဝင်ဘာလ ရွေးကောက် ပွဲ မှာ ရီပတ်လီကန် ပါတီ ကိုယ်စား ပြု ယှဉ်ပြိုင် မယ့် မစ်ရွမ်နီ ဟာ
ဘော်စတွန် အခြေစိုက် Bain ရင်းနှီးမြုပ် နှံ မှု နှင့်  ငွေကြေး စီမံ ခန့် ခွဲ မှု ကုမ္ပဏီ မှာ CEO
အဖြစ်တာဝန်ထမ်းဆောင် ခဲ့ စဉ် က Bain ရဲ့  ရင်းနှီးမြုပ် နှံ မှု နယ်ပယ်ချဲ့ ထွင်မှု မှာ မလို
အပ်တဲ့ သြဇာ သုံး ပြီး လုပ်ဆောင် မှု တွေ ကြောင့် အမေရိကန် သတင်း စာ တွေ ရဲ့  တိုက် ခိုက်
ဝေဖန် ခြင်း ကို လည်း ခံ နေရပါတယ်။

မစ်ရွမ်နီ က တော့ သူ ဟာ ၁၉၉၉ ခုနှစ် ကတည်း Bain က ထွက် ပြီး Bain ရဲ့  ပြသနာ
တွေ ပေါ် ပေါက် နေ ချိန် မှာ သူဟာ ၂၀၀၂ ခုနှစ်  ဆော့လိပ် အို လံ ပစ် ပွဲ တော် ကျင်း
ပရေး ကော်မတီ ရဲ့ ဥက္ကဌ ဖြစ်နေတယ် လို့  တုံ့  ပြန် ပါတယ်။ (Bain ရင်းနှီး မြုပ်နှံ မှု အုပ်
စုက အိုလံပစ် ပွဲ တော် မှာ ကန်ထရိုက် ရရှိ ခဲ့ ပါတယ်)

လက်ရှိ သမ္မတ အိုဘားမား ဘက်က လူလတ်တန်းစား နဲ့  သန်းပေါင်းများ စွာ ရှိတဲ့ အမေရိ
ကန် လူထု ထောက်ခံ မှု ရှိ နေပေမယ့် မစ်ရွမ်နီ ဘက် မှာ လည်း ရှေးရိုးစွဲ ခရစ် ယာန် တွေ
၊ ဓန ရှင် တွေ ရှိ နေတာ ကြောင့် လာမယ့် ရွေးကောက် ပွဲ ဟာ အကြိတ် အနယ် တော့ ရှိ
လိမ့် မယ် လို့  မီဒီယာ တွေ က သုံး သပ် ကြ ပါတယ်။

ရွမ်နီ ရော အိုဘားမား ရော ဟာ အမေရိကန် ဂျူး နွယ်ဖွား တွေ ရဲ့  ထောက်ခံ မှု ကို လို အပ်
တာ ကြောင့် သူတို့  နှစ်ဦး စလုံး ဟာ မကြာခင် မှာ ပဲ ကြေးရတတ် ဂျူး တွေ ကို စည်းရုံးလှုပ်
ရှား မှု တွေ ပြု လုပ် မှာ ဖြစ်ပါတယ်။

နောက်ဆုံး သိရှိရသည့် သတင်းများ အရ မစ်ရွမ်နီ သည် အစ္စရေး နိုင်ငံ ဂျေရု ဆလင် မြို့  ကို
ရောက် ရှိ နေ ပြီး ၊ အစ္စရေး နှင့် ပါလက် စတိုင်း ခေါင်းဆောင်များ နှင့် တွေ့ ဆုံ မည် ဟု သိရ
သည်။

မစ်ရွမ်နီ ၏ ရွေးကောက် ပွဲ ရံပုံ တွေ အတွက် လာ(စ)ဗီဂတ်(စ) ကာဆီ နို သူဌေးကြီး ဂျူးနွယ်
ဖွား ရှယ်ဒန် အဒ်ဆန် Sheldon Adelson က ဒေါ်လာ ၁၀ သန်း လှုဒါန်း ထားသည်။ မစ်ရွမ်နီ
၏ အစ္စရေး ခရီး စဉ် သည် ကန့် လန့် ကာ နောက် ကွယ်မှ ကျိကျိတက် အလှုရှင် များ နှင့်
တွေ့ ဆုံ ခြင်း ဖြစ်သည် ဟု ၀ါရှင် တန် ပို စ် သတင်း စာ တွင် ဖော် ပြထား သည်။

Bain သည် မက်ဆာချူးဆက် ပြည်နယ် ၊ ဘော်စတွန် မြို့ အခြေစိုက် ကုမ္ပဏီ တစ်ခု ဖြစ် ပြီး
ရင်းနှီးမြုပ် နှံ မှု၊  ငွေကြေး စီမံ ခန့် ခွဲ မှု နှင့် ဈေးကွက် တွင်း ရင်းနှီးမှု လုပ်ငန်းများ ကို ပြု လုပ်
သည်။ Burger King, Domino Pizza, Guitar Center, Weather Channel နှင့် Aspen
Education Group စသည့် ကုမ္ပဏီများ သည် Bain ၏ ရင်းနှီးမြုပ်နှံ မှု အောက် တွင် ရှိသည့်
ကုမ္ပဏီများ ဖြစ်သည်။

Mitt Romney, Gallup, Washington Post, Obama, Poll

ဆက်စပ် သတင်း 

သမ္မတလောင်း မစ်ရွမ်နီ၊ အိုဘားမား ကို နိုင်ချေရှိမလား

မစ်ရွမ်နီ အနိုင်ရလျှင် အိုဘားမား နှင့် တွေ့ မည်

About these ads
Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: