Skip to content

ဦးအောင်သိန်းလင်း ဂယက် ကြံ့ခိုင်ရေး ပါတီ အတွင်း အကြီး အကျယ် သဘောကွဲလွဲမှု ဖြစ်ပေါ်

AungTheinLin-campaign

တရုတ် နိုင်ငံ တွင်း ထုတ် ဝေသည့် သတင်း တစ်စောင် ဖြစ်သော Southern Weekend China
နှင့် မေးမြန်းမှု တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဗဟို  အလုပ်
အမှုဆောင် ဦးအောင်သိန်းလင်း၏ ပြော ဆို မှု ကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ  အတွင်း သဘောထား ကွဲ လွဲ မှု များ ဖြစ် ကာ စနေ နေ့ 
က တက္ကသိုလ် ရိပ်သာ လမ်းသစ် ရှိ ကြံ့ခိုင်ရေး ပါတီ ရုံး တွင် ခေါင်းဆောင် အချို့  အကြီး
အကျယ် အငြင်း ပွား မှု ဖြစ်ကာ ကိုယ် ထိ လက် ရောက်မှု ဖြစ် ခဲ့ သည် ဟု အမည် မဖော်
လို သည့် ကြံ့ခိုင်ရေး ပါတီ ရန်ကုန် တိုင်း စည်းရုံး ရေး အဖွဲ့  ၀င် တစ်ဦး က FNG ကို ပြော
သည်။

“ပြဿနာ ဖြစ်ပြီး မှာ လေ USDA ၀ဘ်ဆိုတ် မှာ ဦးအောင်သိန်းလင်း နဲ့  ပတ်သက် ပြီး အရေးယူ
စုံစမ်း မယ် ဆို တဲ့ သတင်း ကို ဦးဌေးဦး ကိုယ် တိုင် ထည့် ခိုင်း တာ ၊ သူကတော့ ဦးအောင်သိန်းလင်း
ဘက် က် ခပ် ပါပါ ပဲ” ဟု အဆိုပါ ရန်ကုန် တိုင်း စည်းရုံး ရေး အဖွဲ့  ၀င် တစ်ဦး က ပြောသည်။

ဦးအောင်သိန်း လင်း တရုတ် သတင်းစာ မှာ ပြောသွား တဲ့ ကိစ္စ ဟာ ကြံ့ခိုင်ရေး ပါတီ ကို ပါ
ပြည်သူ က မုန်းတီး စက်ဆုတ် သွား စေနိုင် တယ် လို့  ရန်ကုန် မြို့  က ကြံ့ခိုင်ရေး ပါတီ ၀င် ပြည်
ထောင်စု လွှတ်တော် အမတ် အဖြစ် ရွေးကောက် ခံ့ ရသူ တစ်ဦး က ပြောသည်။

ဦးအောင်သိန်းလင်း ကို စစ်ဆေး အရေး ယူ ပြီး ပါတီ စည်းကမ်း နှင့်အညီ  နှုတ် ထွက် စာတင်
ရန် ဖိအား ပေး မှု များ ကို ပါတီ ၀င် က ပင် ဦးဆောင် ပြု လုပ် နေသည် ဟု သိရသည်။

ဦးအောင်သိန်းလင်း ရွေးကောက် ခံရသည့် တောင်ဥက္ကလာ မဲဆန္ဒ နယ် ဉ် လည်း ဆန္ဒမဲပေး
ခဲ့ သည့် ပြည်သူ များ က ပြန်လည် ရုပ်သိမ်းသည့် ဆန္ဒမဲ ပေး မှု ကို သြဂုတ် လ အတွင်း ပြု
လုပ် သွား မည် ဟု FNG မှ သိရှိ ရသည်။

Update

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  ဗဟို  အလုပ် အမှုဆောင် ဦးအောင်သိန်းလင်း၏လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပြန်လည်
ရုပ်သိမ်းရေး လက်မှတ် ကောက်ခံ မှု ကို ယနေ့  တောင်ဥက္ကလာ မြို့ တွင်
စတင် နေရာ နေ့ လည် ၁ နာရီ တွင် လက်မှတ် ၃၀၀ ကျော် ရရှိခဲ့ သည်
ဟု သိရသည်။

လက်မှတ် ထိုး ကြသူများ တွင် ကြံ့  ခိုင်ရေး ပါတီ ၀င်များ ၊ အစိုးရ ၀န်ထမ်
များ လည်း ပါရှိသည် ဟု လက်မှတ် စုဆောင်း ကောက်ခံ သူ တစ်ဦး က
ပြောသည်။

နောက်ဆုံး ရရှိသည့် သတင်း အရ လက်မှတ် ၁၀၀၀ ကျော်ရရှိ သွား ပြီဖြစ်
ပါသည်။

ပြဿနာ ဖြစ်ပွား ပြီး နောက် ကြံ့ခိုင် ရေး ပါတီ ၏ အင်တာနက် သတင်းစာမျက်နှာ တွင်
ဖော်ပြ ထား သည့် ဦးအောင်သိန်းလင်း အား စစ်ဆေး အရေး ယူမည့် သတင်း

About these ads
4 Comments
  1. Ko Ko Oo #

    WE should call him back from his parliment member..he is not deserved to be a people’s representative…he is under-qualify to be it ..

    August 8, 2012
  2. မြန်မြန်ရှင်းပါဗျာ။

    August 2, 2012
  3. myatzawlynn #

ိအဲဒီ လိုစုန့်းပူးတွေ ကို ဖယ်ပစ်လိုက်တာ အကောင်းဆုံးပါဘဲ

    August 1, 2012
  4. တိုင်းပြည်မှာခေတ်နောက်ပြန်ဆွဲချင်တဲ့သူတွေကိုမြန်မြန်အရေးယူပေးကြပါခင်ဗျာ………….အောင်သိန်းလင်းကတိုင်းပြည်ကိုရောင်းစားချင်နေတဲ့ခေတ်သစ်သန်းရွှေပါပဲခင်ဗျာ……………ဖခင်ဆိုးဆီကအမွေဆိုးတွေယူနေတုန်းပါပဲခင်ဗျာ…………….

    July 31, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: