Skip to content

ကုလ ၀န်ထမ်းများ ရခိုင် ပြည်နယ် မငြိမ်သက်မှု ဖြစ်စေရန် သွေးထိုး လှုံ့ ဆော် ခဲ့

rakhine-rohingya

မေလ နှင့် ဇူလိုင် လ အတွင်း က ရခိုင် ပြည်နယ် တွင် ဖြစ်ပွား ခဲ့ သည့် မငြိမ် သက်မှုများ
နှင့် ပတ်သက် ၍ ယနေ့ ရန်ကုန် မြို့  နိုင်ငံခြားရေး ၀န်ကြီးဌာန ရုံးခွဲ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲ တွင် နိုင်ငံခြား သံတမန် များ ၊ နိုင်ငံ တကာ အဖွဲ့  အစည်းများ ၊ ကုလ
သမဂ္ဂ အဖွဲ့  အစည်း များ နှင့် သတင်း စာ ဆရာ များ တက် ရောက် ခဲ့ ကြသည်။
သတင်းစာ ရှင်း လင်း ပွဲ သို့  မြန်မာ နိုင်ငံ သို့ ရောက် ရှိနေသည့်  ကုလ အထူး ကိုယ်
စားလှယ် မစ္စတာ အို ဂျေ ကင်တားနား လည်း တက်ရောက်သည်။   သတင်းစာရှင်းလင်း ပွဲ
တွင် လ၀က ၀န်ကြီး  ဦးခင်ရီ လည်း တက်ရောက် ပြီး နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်ချုပ်
သိန်းဌေးက မြန်မာနိုင်ငံတွင်း ဘင်္ဂါလီလူမျိုးများ ၏ လူဦးရေတိုးပွားမှုနှုန်းကို ၈၂ဦး
ရှိသော မိသားစုတစ်စုနှင့် ဥပမာပေးပြော ကြားခဲ့ ရာ ဘင်္ဂါ လားဒေရှ် နိုင်ငံ မှာ ခိုး
ဝင်လာသည့် ဘင်္ဂါလီလူမျိုး အိမ်ထောင်ဦးစီး  ဦးရွှေယောက်၏မိသားစုတွင် ဇနီး ၄ဦး၊
သားသမီး ၂၈ဦး၊ မြေး ၄၉ ဦးရှိကာ စုစုပေါင်း မိသားစုဝင် ၈၂ဦးရှိသည် ဟု ပြော
ကြား ခဲ့ သည်။

၂၀၁၄ ခုနှစ် တွင် ပြု လုပ် မည့် သန်းခေါင်စာရင်း ကောက်ယူမှု တွင် ရိုဟင်ဂျာ-ဘင်္ဂါလီ
များ ပါမည် မဟုတ်ကြောင်း လ၀က ၀န်ကြီး ဦးခင်ရီက ထည့်သွင်း ပြောကြား ခဲ့ သည်။

ရန်ကုန် အခြေစိုက် ရခိုင် တိုင်းရင်းသား အချို့  ကလည်း ကုလ သမဂ္ဂ ဒုက္ခသည်များ
ဆိုင်ရာ မဟာ မင်းကြီး ရုံး ရှေ့ တွင် ဆန္ဒပြ ရန် စီစဉ် ထား ရှိသည် ဟု သိရသည်။

သတင်းစာရှင်းလင်း ပွဲ တွင် ပါကစ္စတန် တာလီ ဘန် များ က မြန်မာ နိုင်ငံ ကို ခြိမ်း
ခြောက် သည့် ကိစ္စ ကို ပါ ထည့် သွင်း ပြောကြား ခဲ့ သည်။

ရခိုင် ပြည်နယ် မငြိမ် သက်မှု တွင် ကုလ ၀န်ထမ်း ၅ ဦး နှင့် ကုလ လက်အောက်ခံ
WFP မှ ၀န်ထမ်း တစ်ဦး သည် သွေးထိုး လှုံ့ ဆော် ခဲ့ ၍ ဖမ်းဆီးထား ကာ ဥပေဒေအရ
အရေးယူ ဆောင်ရွက် မည့် ကိစ္စ ကို လည်း ပြော ကြား ခဲ့ သည်။

ရခိုင်ပြည်နယ်အရေး သတင်းထုတ်ပြန်၊ နိုင်ငံခြားရေးဝန်ကြီးရုံး၊ ရန်ကုန်၊ ဇူလိုင် ၃၀ ရက် မွန်းလွဲ၊ ၁ နာရီ Photo By Ye Linn Htut

ရခိုင်ပြည်နယ်အရေး သတင်းထုတ်ပြန်၊ နိုင်ငံခြားရေးဝန်ကြီးရုံး၊ ရန်ကုန်၊ ဇူလိုင် ၃၀ ရက် မွန်းလွဲ၊ ၁ နာရီ Photo By Ye Linn Htut

နိုင်ငံတကာရှိ မွတ်ဆလင် အစွန်းရောက် အချို့  ၏ ဓာတ်ပုံများ လွဲမှား စွာဖော်ပြ ၀ါဒဖြန့်မှု
ကို မူရင်း ဓာတ် ပုံ များ ရှာဖွေ ပြီး ပြန်လည် တုံ့  ပြန် ထားသည့် မွတ် ဆလင် ဘလောက် တစ်ခု

About these ads
Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: