Skip to content

နာမည်ကျော် အရီးတောင်း လက်ဖက် ဒေါ်ကြွယ်ကြွယ် ကွယ်လွန်


မြန်မာ နိုင်ငံ ၏ ကျော်ကြား လှသည့် နာမည် ကျော် ရိုးရာ အစားအစာ လုပ်ငန်း တစ်ခု ဖြစ်
သော အရီးတောင်း လက်ဖက် နှင့် ကြက်သွန် ကြော် လုပ်ငန်း ရှင် ဒေါ်ကြွယ် ကြွယ် သည်
အသက် ၇၈ နှစ် အရွယ် တွင် ကွယ် လွန် ခဲ့ ပြီး တနင်္လာ နေ့  က ဂူသွင်း သဂြိင်္ုလ် ပြီးစီးခဲ့ ပါ
သည်။

အရီးတောင်း ဦးကျော် သိန်း နှင့် ပေါ်ပြူ လာ သတင်းဂျာနယ် မှ ကောက်နှုတ်ဖော်ပြမှု

အရီးတောင်း ဦးကျော်သိန်းကို ရွှေဆွဲပြားဖြင့်ဂုဏ်ပြု

Posted by in ပြည်တွင်းသတင်း

မန္တလေးမြို့၊ ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော် အသင်းကြီး (ပ-က-စ)၏ဥက္ကဋ္ဌ အဖြစ် ၂၄ နှစ်တာဝန်ယူခဲ့သော ဦးကျော်သိန်း(အရီးတောင်း)ကို မေလ ၁၉ ရက်နေ့က အသင်းတိုက် တွင် ဂုဏ်ပြုပွဲ ကျင်းပခဲ့သည်။ ကထိန်တော်အသင်း လက်ရှိ ဥက္ကဋ္ဌ ဦးသိန်းထွန်း(ဆားတောင် ပွဲရုံ)က အမှာစကားပြောကြားပြီး အသင်းမှ စုပေါင်းထည့်ဝင်ထားကြ သော ရွှေ ၃ ကျပ်သားကျော်၊ တန်ဖိုး ၁၉ သိန်းရှိ အသင်းတံဆိပ်ပါ ဂုဏ်ပြုရွှေဆွဲပြားကို ဦးကျော်သိန်းထံ ပေးအပ်ဂုဏ်ပြုပြီး အသင်းသား အသင်းသူများက စုပေါင်းကန်တော့ ကြသည်။ ”လေးသိန်းက အသင်းကြီးမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့အချိန် တစ်လျှောက်လုံးမှာ မဟုတ်မမှန် တာ တစ်ခုမှမလုပ် ခဲ့ဘူး။ နာမည် ပျက်လည်း မရှိခဲ့ဘူး။ အသင်းကြီး တိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်”ဟု အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။ဦးကျော်သိန်း (အသက် ၈၇) ကို စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့၊ အမြင့်ကျေးရွာတွင် ၁၉၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်က မွေးဖွားခဲ့သည်။ ဗမာ့ ကာ ကွယ်ရေး တပ်မ တော်၊ ဗမာ့အမျိုးသား တပ်မတော်၊ မြန်မာ့မျိုးချစ် တပ်မတော်တို့တွင် ပါဝင်ခဲ့ပြီး ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ်၊ ပထမပတ် မူလတန်းစစ်ကျောင်း တက်ရောက်ရာ ထူးချွန်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းမှ ဂုဏ်ပြုလက်မှတ်နှင့် လက်ပတ်နာရီ ဆုချီးမြှင့်ခဲ့သည်။ လူမှုရေး၊ ဘာသာ ရေး၊ စီးပွားရေးအသင်းများတွင် နာယက၊ ဥက္ကဋ္ဌရာထူး များဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုအချိန်ထိ ကထိန်တော် နာယကကြီးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

ရဲမင်းထက်

အရီးတောင်း ဦးကျော် ၊ ဒေါ်ကြွယ်ကြွယ်

About these ads
One Comment
  1. မဆီမဆိုင်တစ်ခုပြောရမယ်ဆိုရင် ဆောင်းပါးဘေးက Like ကိစ္စပြောချင်ပါတယ်။ ဆောင်းပါးဘေးက Like Button ကို Click လုပ်ခြင်းဟာ ဒီဆောင်းပါးဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆိုပြီး သတင်းဖော်ပြပေး သူကို Credit ပေးခြင်းသာဖြစ်ပါတယ်။ ဆောင်းပါးထဲကအကြောင်းအရာကို သဘောတူခြင်း မတူခြင်းနဲ့မဆိုင်ပါဘူး။ ဒါက ကျွန်မရဲ့ ပုဂ္ဂလိက အမြင်ပါ။ Like ပေးခြင်းဟာ FNG ရဲ့ စွမ်းဆောင်မှု၊ သတင်းကို အချိန်နဲ့တပြေးညီဖော်ပြပေးမှုတို့အတွက် Credit ပေးခြင်းဖြစ်ပါတယ်။ အကြောင်းအရာကို Likeခြင်း၊ မLikeခြင်းကို တော့ Comment များဖြင့် ဆွေးနွေးကြရအောင်လား။

    August 7, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 530 other followers

%d bloggers like this: