Skip to content

x20 ဗုံးကွဲ မှု နဲ့  သေဒဏ် ချမှတ် ခံထားရတဲ့ ကိုဖြိုးဝေအောင် ကို ပြန်လွှတ်ပေး

f31

၂၀၁၀ ခုနှစ် ဧပြီ လ ၁၅ ရက်နေ့ က ရန်ကုန် မြို့  ကန်တော် ကြီး ကန်ပတ် လမ်းမှာ ဗုံးပေါက်ကွဲ
မှု နဲ့  ဖမ်းဆီး ခံရကာ သေဒဏ် ချမှတ် ခြင်း ခံရတဲ့  ကိုဖြိုးဝေအောင် ကို ဒီနေ့ အင်းစိန် ထောင်
က နေ နေ့ လည် ၁၂ နာရီမှာ  ပြန်လည် လွှတ်ပေး လိုက် တယ် လို့  FNG က သတင်း ရရှိပါတယ်။

ထောင် က ပြန်လည် လွတ်မြောက် လာတဲ့ ကိုဖြိုးဝေ အောင် ဟာ ကောင်းမွန် စွာ လမ်းလျှောက်
နိုင် ခြင်း မရှိ တော့ ဘူး လို့  မျက်မြင် တွေ့ ခဲ့ ရတဲ့ နိုင်ငံ ရေး အကျဉ်းသား ဟောင်း တစ်ဦးက
ပြော ပါတယ်။

ကုလ သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနား
မြန်မာ နိုင်ငံ ကို ရောက်ရှိ နေ စဉ် တနင်္လာ နေ့ က အင်းစိန် ထောင် ကို သွား ရောက် စစ်ဆေးရာ
မှာ ကို ဖြိုးဝေအောင် နဲ့  လည်း တွေ့ ဆုံခဲ့ ပါတယ်။

၂၀၁၀ ခုနှစ် သင်္ကြန် ကာလ ဗုံးပေါက် ကွဲ မှု နဲ့  မတရားဖမ်းဆီး ခံရပြီး သေဒဏ် ချမှတ် ခံရတဲ့
ကိုဖြိုးဝေအောင် ဟာ အသည်း ရောဂါ ခံစား နေရ တာ ကြောင့် ဆက်လက် ပြီး အသက်ရှင်သန်
ဖို့  လမ်း သိပ် မရှိ တော့ ဘူး လို့  သူ့  ရဲ့  ညီဖြစ် သူ ကို ထက်ဝေအောင် က ကုလ အထူးသံ အိုဟေး
ကင်တားနား ဆီ ကို စာရေး ဆက် သွယ် စဉ် မှာ ပြော ခဲ့ ပါတယ်။

ဗုံးပေါက် ကွဲ မှု ဖြစ်စဉ် က ဆောက်လုပ်ရေး အင်ဂျင်နီယာ တစ်ဦး အဖြစ် တာဝန်ထမ်းဆောင် နေ
တဲ့ ကိုဖြိုးဝေအောင် ကို မြန်မာ နှစ်သစ် ကူး ကာလ အတာသင်္ကြန် ဗုံးပေါက် ကွဲ မှု နဲ့ 
၂၀၁၀ ဧပြီ လ ၂၃ ရက်နေမှာ ဖမ်း ဆီး ပြီး  နှစ် နှစ် ကြာ ယခုနှစ် မေလ ၈ ရက်နေ့ မှာ
တရား စီရင် မှု ပြီး နောက် မှာ အမြင့် ဆုံးသေဒဏ် ချမှတ် လိုက်တာ ဖြစ်ပါတယ်။  အခု လို
သေဒဏ် ချမှတ် လိုက်တာ ဟာ အရပ် သား အစိုးရ လက်ထက် မှာ ပထမ ဦး ဆုံး အကြိမ်
လည်း ဖြစ်ပါတယ်။

မြန်မာ စစ်အစိုးရ ဟာ သန် လျှင် ရေနံ ချက် စက်ရုံ ဗုံးပေါက်ကွဲ မှု ဖြစ်တုန်း ကလည်း အပြစ်မရှိ သူ ကို
ဖမ်းဆီး ထောင်ချ ခဲ့ ပြီး တကယ် ဖေါက်ခွဲ မှု ပြု သူ က ၀န်ခံ ပေမယ့် အပြစ် မရှိ သူ ကို အနှစ် ၂၀ ကျော်
ဖမ်းဆီး ထောင်ချ ထား ခဲ့ ပါတယ်။

မဟာ သင်္ကြန် အတက် နေ့  X20 မဏ္ဍပ် ဗုံးပေါက် ကွဲ မှု ကြောင့် အနည်း ဆုံး ဆယ်ဦး သေဆုံး ပြီး
လူ ၁၀၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ ပါတယ်။

About these ads
Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: