Skip to content

ဦးမောင်အေး အရက် ဖြတ်လိုက်ပြီ

Maung Aye

ဇူလိုင် လ ဆန်း ပိုင်း က ရုတ်တရက် လေဖြတ်ရောဂါ နှင့် ကျန်းမာ ရေး ချို့ ယွင်းလာ သဖြင့်
တပ်မတော် စစ်ဆေး ရုံ ကြီး တွင် အရေး ပေါ် ဆေး ကုသ မှု ခံယူ ခဲ့ရသည့် နိုင်ငံတော်
အေးချမ်းသာယာရေး နှင့် ဖွံ့ ဖြိုးရေးကောင်စီ ဒုတိယ ဥက္ကဌ နှင့် ဒုတပ်မတော် ကာကွယ်ရေး
ဦးစီး ချုပ် အဖြစ်မှ အနားယူ ခဲ့ ဒု- ဗိုလ်ချုပ် မှုးကြီး မောင်အေး  သည်ဒုတိယ ၀ါဆို လ
ပြည့် နေ့ မှ စ၍ လုံး ၀ အရက် သောက် သုံး ခြင်း မပြု တော့ ဟု ၎င်း ၏ ဆွေမျိုး တစ်ဦး က
FNG ကို အတည် ပြု ပြောကြားသည်။

ဇူလိုင်လ ၁၆ ရက်နေ့ တွင် ဆေးရုံမှ ဆင်းလာ ပြီး နောက် စကော့တလန်ဒေသ ထုတ် အရက်
များ ကို ဆက်လက် သုံးဆောင်ခဲ့ သော် လည်း ၀ါ ဆို လ ပြည့် နေ့ တွင် အပြီး တိုင် ဖြတ် လိုက်
သည် ဟု သိရသည်။

“သူ ဆေးရုံ က ပြန်ဆင်းလာ တုန်း က သောက်သေးတယ်။ မိတ်ဆွေ တွေ လာ တွေ့  တော့
ပိုတောင် သောက် ဖြစ် သေးတယ်။ နောက်တော့ ၀ါဆို လပြည့် နေ့ ကျရင် ဖြတ်မယ် ဆို ပြီး
ငါးပါးသီလ ခံ ပြီး ဖြတ် လိုက်တာပါပဲ။ ဆက်သောက် မသောက် တော့ စောင့် ကြည့် ရမှာ ပေါ့ “
ဟု ဦးမောင်အေး ၏ ဆွေမျိုး တစ်ဦး က ပြောသည်။

အရက် ဖြတ် ချိန် တွင် ဦးမောင်အေးသည် အသက် ၇၅ နှစ်ရှိ ပြီ ဖြစ်သည်။

ရန်ကုန် မြို့မှ အငြိမ်းစား  တပ်မတော် အရာရှိဟောင်း တစ်ဦးက သူ အရက်ဖြတ်
လိုက်ရင် သူ့  အတွက် ပို အန္တရာယ် ရှိ နိုင်တယ် ဟု ပြောသည်။

မြန်မာ နိုင်ငံ ရဲ့ ဒုတိယ စစ်ခေါင်းဆောင် အဖြစ် တာဝန် ယူ ခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး
မောင်အေး ကို ၁၉၃၇ ခုနှစ် ဒီဇင်ဘာ လ မှ စစ်ကိုင်း တိုင်း ကန့် ဘလူ မြို့ နယ်
မှာ မွေးဖွား ခဲ့ပြီး ၁၉၅၅ ခုနှစ်မှ စစ်တပ်ထဲ ၀င်ရောက် ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ မေ
မြို့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ် စဉ် ၁ ကနေ အောင်မြင် ခဲ့ပါတယ်။
၁၉၈၆ ခုနှစ် မှာ အရှေ့ မြောက် ပိုင်း စစ်ဌာနချုပ် တိုင်းမှုး အဖြစ် တာဝန် ယူ ခဲ့ပြီး
အဲဒီအချိန် က တိုင်းမှုး အဖြစ် တာဝန် ယူရ သူတွေ ထဲ မှာ သူတစ်ဦး တည်း
စစ်ခေါင်းဆောင် နေရာကို တက်လှမ်း နိုင် ခဲ့ခြင်း ဖြစ်ပါတယ်။

About these ads
One Comment
  1. sankoo #

    အရှေ့မြောက်တိုင်း မဟုတ်ပါ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဖြစ်သည်။

    August 23, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: