Skip to content

မြန်မာအမျိုး သမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး ၅ထပ်တိုက်ပေါ်က ပစ်ချခံရ

559331_422013961177478_1125593606_n

ဘန်ကောက်မြို့အနီး စမုတ်စာခွန်၊ မဟာချိုင် နယ်မြေ အုန်းနွဲ့ စိုင်းဟတ်၆ထပ်တိုက်တွင် နေထိုင်
သည့်အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ယမန်နေ့ နေ့ လည်ပိုင်းက ထိုင်းတစ်ဦးက အဓမ္မပြုကျင့်ပြီး
၅ ထပ်အမြင့်မှပစ်ချခံရသဖြင့် ဆေးရုံတွင် အရေးပေါ်တင်ထားရကြောင်းမျက်မြင်များပြောပြချက်အရ
သိရှိရသည်။တိုက်နောက်ဖက် လဘက်ရည်ဆိုင်တွင် ထိုင်နေကြသည့် ကိုမင်းဇော် က
သူတို့အနားသို့ ကျလာပုံ ကို ရှင်းပြသည်။

“မွန်းလွဲ၂နာရီကျော်ပြီး အပေါ်ထပ်အခန်းအမှတ် ၅/၁၅၃ က မစန်းစန်းဝင်း ကိုယ်လုံးတီးနဲ့
ထမိန်တစ်ကွင်းစလွယ်သိုင်းပြီး ပြုတ်ကျလာတယ်၊ အလှူခံ အလှူခံ လို့ ပြောပြီး သတိ ရတချက်မရတချက် ပဲ။
ဆေးရုံရောက်တော့လဲ ဘယ်သူလဲလို့ မေးတော့ အလှူခံ အလှူခံလို့ပြောတယ်။ ကျနော်လည်း အနားမှာ ရှိတဲ့
မမော်နဲ့ ထမီတစ်ကွင်းယူပြီးတော့ဝတ်ပေးကြတယ်။

ကျနော်အဲဒီ ၅ထပ်ကို ပြေးတက် လာတော့ အသက် ၂၀ အရွယ်လောက်ရှိတဲ့ ဆံပင်ရှည်ရှည် ပိန်ပိန် နဲ့ 
အရပ် ၅ ပေ လောက်ရှိတဲ့ထိုင်းလူငယ် တစ်ယောက် ပြေးဆင်းလာတာနဲ့ လှေကားမှာတွေ့ တယ်”
ဟုပြောသည်။

ဧရာဝတီတိုင်းရေကြည်မြို့နယ် နုံးကနိုင်ရွာ မှ အသက် ၃၇ နှစ်အရွယ် မစန်းစန်းဝင်း သည်အုန်းနွဲ့ စိုင်ဟတ်
တွင်ရှိသော တွန်းစွန် ကြက်သားအလုပ်ရုံတွင် ညဆိုင် အလုပ်လုပ်ပြီး အခန်းတွင်တစ်ဦးတည်း အိပ်နေ စဉ်

အသက်၂၀ ၀န်းကျင် ထိုင်း လူငယ်တစ်ဦးက အလှူခံရန် တံခါးကို အပြင်းအထန်ခေါက်သဖြင့် ဖွင့်ပေးခဲ့သည်ဟု
ယူဆကြောင်း အခန်း တွင် ရှိသောစုဗူးကိုရိုက်ဖွင့်ပြီး ဂွမ်းကပ် စောင် နှင့် အမျိုးသမီး အတွင်း ခံဘော်လီတို့ 
ကစင်းကလျား တွေ့ရှိရသခြင်းနှင့်

နောက်ဘက် မီးဖိုေ ချာင်တွင်အိုးခွက်ပန်းကန်များ ခြေရာလက်ရာမပျက် ရှိနေခြင်း တို့ ကြောင့်၎င်းမျက်နှာတို့တွင်
အညိုအမည်း စွဲနေခြင်း တို့ ကြောင့် သူမမှာအဓမ္မပြုကျင့်ခံရပြီးနောက် အပြင်းအထန် ရိုက်နှက်ခံရ သဖြင့်
မေ့မျောနေစဉ်ငါးထပ်တိုက်ခန်းမှ ပြစ်ချခံ ရခြင်းဖြစ်ကြောင်း ခင်ပွန်းဖြစ်သူ ကိုအောင်ကပြောသည်။

“ ကျနော်တို့ မှာ သားသမီးသုံးယောက်ရှိပါတယ်။ ကျနော့်မိန်းမ ကိုပြန်ပြီးတော့ အသက်ရှင်ဖို့ မလွယ်တော့ဘူးလို့ 
ဆေးရုံကတာဝန်ကျဆရာဝန်ကပြောပါတယ်၊

ဆေးကုခ ဘတ်ငွေ ၁၄၀,၇၀၂ ဖြစ်နေပြီလို့ တစ်ဦးက ညနေကဖုန်းဆက်လာပါတယ်။

ဒီနေ့ မြန်မာသံရုံး ကိုယ်စားလှယ်နဲ့ အတူ ကျနော်တို့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ကြပါတယ်၊ဆေးရုံကိုလည်း
သွားခဲ့ကြပါတယ်”ဟုပြောသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် ထိုင်းလူငယ်ထံမှ ကျကျန်နေခဲ့သည့်ထိုင်းအလှူခံစာရွက်အား တိုက်ပိုင်ရှင်က
သိမ်းဆည်းထားသည်။

မစန်းစန်းဝင်းကိစ္စရပ်အတွက် လိုအပ်သည့် ကူညီမှုများအား မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး
အသင်း အတွင်းရေးမှူးမြန်မာသံမှူးကြီး ဦးနိုင်ထွန်း နှင့်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT
တို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

HOT NEWS
ရွှေမြန်မာမီဒီယာဂရု

About these ads
Follow

Get every new post delivered to your Inbox.

Join 530 other followers

%d bloggers like this: