Skip to content

တစ်စက္ကန့် လျှင် အမြန်နှုန်း 1 GB ရှိသည့် အင်တာနက် ၀န်ဆောင်မှု ကို Google စတင်

fiber_20120727051550_640_480

သတင်း ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ ကြီး တစ်ခု ဖြစ်သည့် Google က အမေရိကန် နိုင်ငံ
တွင်း ရှိ အင်တာနက် ၀န်ဆောင်မှု များ ၏ ပျမ်းမျှ မြန်နှုန်း ထက် အဆ ၁၀၀ ပိုမို သာ လွန် မှု ရှိ
သည် ဟု ဆိုသော  Google Fiber အင်တာနက် ၀န် ဆောင် မှု ကို ကန်ဆပ်(စ) စီတီး မစ်ဇူရီ
ပြည်နယ် တွင် စက်တင်ဘာလ မှ စပြီး စတင် တော့ မည် ဖြစ်သည်။ 

Fiber ၀န်ဆောင်မှု ကို မတ်လ က ကန်းဆပ်(စ) စီတီး ကန်းဆပ်(စ) မြို့  တွင် စတင် ခဲ့ ပြီး နောက်
နောက် ထပ် တစ် မြို့  တိုးချဲ ခဲ့ ခြင်း ဖြစ်သည်။ ကနီဦး တပ် ဆင် ခ ဒေါ်လာ ၃၀၀ ကျသင့် မည် ဖြစ်
ပြီး တစ်နှစ် စာ ချုပ် သက် တမ်း အတွက် တစ်လလျှင် ဒေါ်လာ ၇၀ ၀န်ဆောင် ကြေး ပေး ရမည်
ဖြစ်သည်။

ရုပ်သံ လိုင်း ပါ ပါဝင်ပါ က တစ်လလျှင် ဒေါ်လာ ၁၂၀ ကျသင့် မည် ဖြစ်သည်။  ရံဖန် ရံ ခါ တွင်
မြန်မာ နိုင်ငံ တွင်း ရှိ အင်တာ နက် မြန်နှုန်း ထက် ပင် ပိုမို မြန်ဆန်သည့် 5Mbps ဆိုလျှင် Google
က တပ် ဆင် ကြေး သာ ယူ၍ ၀န်ဆောင်ခ ယူမည် မဟုတ် ဟု Google Fiber ဘလောက် တွင်
ကြေငြာထား သည်။

Google ၏ မြန်နှုန်း မြင့် အင်တာနက် ၀န်ဆောင်မှု သည် အမေရိကန် နိုင်ငံ တွင်း ရှိ အခြား အင်တာ
နက် နှင့် ရုပ်သံ လိုင်းများ ဖြစ်သည့်   Comcast နှင့် Dish Network  တို့  ၏ ဈေးကွက် ကို စိမ်
ခေါ် ရာ ရောက် နေသည် ဟု Tech Crunch က ရေး သား ထား သည်။

ကန်းဆပ်(စ) စီတီး မှ အင်တာနက် သူဆွဲ သူ ဖေဘီယန် ရူဒေါဖ် က မကြုံ ဘူး တဲ့ အမြန်နှုန်း ပဲ မိုး
ပြို ဆင်း လာသ လို ပဲ ဟု CNET ကို ပြောသည်။

အင်တာနက် နှင့် ရုပ်သံ တွဲဖက် ထား သည့် ၀န်ဆောင်မှု ကို ရယူလျှင် ဒေါ်လာ ၃၀၀ နီးပါး တန်ကြေး
ရှိသည့် Google Nexus 7 tablet ကို အခမဲ့ ရရှိ မည် ဖြစ်သည်။

လစဉ် အမြတ်ငွေ ဒေါ်လာ သန်း ထောင်ချီ ရှိသည့် Google ၏ အင်တာနက် ၀န်ဆောင် မှု တွင် ဖိုင်
ဘာ ဖန်မျှင် ဆက်သွယ် မှု ကို အသုံး ပြုထား သည်။


Google Fiber

About these ads
2 Comments
  1. ဟုတ်တယ်ဗျို့ တစ်ကယ်ဖြစ်လာမယ်ဆိုရင်တော့ အိပ်ရေးကောင်းကောင်းအိပ်လို့ရပြီဗျို့ ခုဆိုညတိုင်းလိုင်းကောင်းမယ့်အချိန်ကိုစောင့်နေစရာမလိုတော့ဘူး တစ်ခုတော့ရှိတယ် သုံးမယ်ဆိုရင်တော့ အမေရိကားကို သာမြန်မြန်သွားပါလို့တိုက်တွန်းပါတယ်ဗျာ မြန်မာပြည်ကတော့ ရွာဦးကျောင်းကကြေးစည်ကြီးလိုပဲဗှာ……။

    November 8, 2012
  2. ko htite #

    အားကျတယ်ဗျာ မြန်မာနိုင်ငံမှာသာဆို ဘယ်လောက်ကောင်းလိုက်မလဲ တစ်လကို 6000 လောက်ပဲကျတာ
    နောက်မျိုးဆက် 10 ဆက်လောက်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်လေ

    August 31, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: