Skip to content

မြောင်းမြ NLD တွေ ပါတီ တွင်း ဒီမိုကရေစီ ကင်းမဲ့ မှု ကြောင့် ဆန္ဒပြ ပြီ

402017_273670692738700_417418938_n

ဧရာဝတီ တိုင်း မြောင်းမြမြို့  ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့  ၀င်များ သည်  NLD ဗဟိုကော်မတီ ၏
မြို့နယ်ကော်မရှင် အဖွဲ့နှင့် ခရိုင်ကော်မရှင် အဖွဲ့များ ဖွဲ့စည်းရာတွင် ဒီမိုကရေစီ နည်းမကျခြင်းနှင့်
မြို့နယ်ရုံးပြောင်းရွှေ့မည့် အစီအစဉ်ကို မကျေနပ် ဟု ဆိုကာ ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်
လည်  ဆန္ဒပြ ခြင်းကို တနင်္ဂနွေ နေ့  နေ့  လည် ၁၂ နာရီ ခန့်  က မြောင်းမြ မြို့ ထဲ တွင် ကျင်း
ပခဲ့ သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ မြို့ နယ် ရုံး တည် ရှိရာ ဦးဘချိုလမ်းမှသည် ကျွန်းတော
တံတားအနီး ရှိ ခရိုင်ကော် မရှင်ရုံးအထိ ဆန္ဒထုတ်ဖော်ကာ လမ်းလျှောက်ခဲ့ကြသည်။ အဆိုပါ
ဆန္ဒပြ မှု တွင် မြောင်းမြ NLD ပါတီ ၀င်  နှစ်ရာ ကျော် ပါဝင် ခဲ့ ကြသည် ဟု မြောင်းမြ NLD
ပါတီ ၀င် တစ်ဦး က FNG ကို ပြောသည်။

ဆန္ဒထုတ်ဖော်သူတို့က မြို့နယ်ကော်မရှင် ပြန်ဖွဲ့ရေး ၊ ဗဟိုကော်မတီမှ
လူကြီးတစ်ဦး နှုတ်ထွက်ရေး ၊ မြို့နယ်ရုံး ခန်း မပြောင်းရွှေ့ရေး စသည်တို့ကို တောင်းဆိုခဲ့ကြသည်။
ဆန္ဒထုတ်ဖော်မှုတွင် ခေါင်းဆောင်သူ ပါတီဝင် ဦးမြင့်ကျော်မှ ဆန္ဒထုတ်ဖော်မှုသည် ပါတီဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်ကို မကျေနပ်၍ ဆန္ဒပြခြင်း မဟုတ်ကြောင်း၊ ပါတီကိုလည်း ဆန္ဒပြခြင်း
မဟုတ်ကြောင်း ပါတီဗဟိုကော်မတီရှိ တစ်ချို့ကို မကျေနပ်၍သာ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း
ပြောကြားခဲ့သည် ဟု မြောင်း မြ မြို့ ခံ တစ်ဦး ၏ Facebook စာမျက် နှာ တွင်ဖော်ပြထား သည်။

မြောင်းမြ မြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရုံး သည် လွတ်လပ်ရေး ကြိုးပမ်းမှု ခောတ်က
သခင် မကြီး တစ်ဦး ၏ အိမ် တွင် ရုံးစိုက်သည်။ မြောင်းမြ မြို့နယ် သည် ၂၀၁၂ ခုနှစ် ဧပြီလ ကြား
ဖြတ် ရွေးကောက် ပွဲ တွင် ပြည်ထောင်စု လွှတ်တော် နေရာ အတွက် ပါဝင်ယှဉ် ပြိုင် ကာ NLD
ပါတီ ကိုယ်စား ပြု ၀င်ရောက် ယှဉ်ပြိုင် သူ ဦးမန်းဂျော်နီ အနိုင် ရရှိခဲ့ သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အတွင်း တွင် ပါတီ တွင်း ဒီမိုကရေစီ ကင်းမဲ့ မှု နှင့် မျှတမှု မရှိ ဟု
ဆိုကာ ယခင် က ပါတီ ၀င်များ နှုတ်ထွက် ခဲ့ ဖူးသည်။

ဆန္ဒပြ ခေါင်းဆောင် တစ်ဦး ဖြစ်သည့် NLD ပါတီ ၀င် ဦးစစ်အောင် က မြောင်းမြ ပါတီ ၀င်များ
၏ ဆန္ဒထုတ် ဖော် မှု ကို NLD ဗဟို မှ ဖြေရှင်း မပေး ပါ က ဆက် လက် ဆန္ဒထုတ် ဖော်မှု
များ ပြု လုပ် ရန် အစီအစဉ် ရှိ သည် ဟု FNG ကို ပြောသည်။

မြောင်းမြ ပါတီ များ ၏ ဆန္ဒပြ မှု ကို အာဏာပိုင်များ က တစ်စုံ တစ်ရာ နှောင်ယှက် ခြင်း မရှိ
ဟု သိရသည်။

ဓာတ်ပုံများ ကို Neviru Saint ၏ Facebook စာမျက် နှာ မှ ကူးယူ ဖော်ပြ ပါသည်။

About these ads
One Comment
  1. MIN HLA PHONE #

    အခုတလော ဟိုနားဒီနား နေရာတိုင်းမှာ ဆန္ဒထုတ်ဖေါ်ပွဲတွေ တွေ့တွေ့နေရတယ်။လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက်ထွန်းကားလာတယ်ဆိုတဲ့ သဘောပဲလား၊ ကောင်းသော အပြုသဘောဆောင်တယ်ဆိုရင် ကြိုဆိုပါတယ်ဗျာ။

    August 29, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 526 other followers

%d bloggers like this: