Skip to content

အမေရိကန် အမျိုးသမီး တွေ ကို လိင်ပိုင်း ဆိုင်ရာပွင့်လင်းစေခဲ့ သူ ကွယ်လွန်

Helen Gurley Brown

ငယ်လေး ၊  ၊ အိမ်ထောင် မကျသေးတဲ့ အမျိုး သမီး တွေ အနေနဲ့  လိင် ကိစ္စ ကို ပွင့် လင်း စွာ လုပ် လို့  ရတယ် ဆို
တဲ့ ဆန်းသစ် တဲ့ အတွေး အခေါ် ကို လွန် ခဲ့ နှစ်ပေါင်း၅၀ လောက် ကတည်း က အမေရိကန် အမျိုး သမီး
ထု နဲ့  မိတ် ဆက် ပေး ခဲ့ တဲ့ နာမည် ကျော် အမေရိကန် အလှအပ နှင့် အမျိုးသမီး ရေးရာ မဂ္ဂဇင်း

အယ်ဒီတာ ဟယ်လင် ဂါလီ ဟာ အသက် ၉၀ အရွယ် တနင်္လာ နေ့  ကွယ် လွန် ခဲ့ ပါတယ်။

1962 ခုနှစ် ၊ ဟယ်လင် အသက် ၄၀ အရွယ်  မှာ သတင်းစာ နဲ့  မဂ္ဂဇင်း တွေ မှာ ပါခဲ့ တယ့် သူရဲ့ 
ဆောင်းပါး တွေ ကို ပြန်လည်  တည်း ဖြတ် ပြီး ထုတ်ဝေခဲ့ တဲ့ Sex and the Single Girls
ဆိုတဲ့ စာအုပ် ဟာ အမေရိကန် အမျိုး သမီး ထု ရဲ့  ဘ၀ နေဟန် ကို ၁၈၀ ဒီဂရီ ပြောင်းပေး လိုက်တဲ့
စာအုပ် ဖြစ်ပါတယ်။ ဒီစာ အုပ် ဟာ ထွက် ရှိ စဉ် အချိန် က ဝေဖန် ကန့် ကွက် မှု တွေ သောသော
ညံ အောင် ရှိ ခဲ့ ပေမယ့် အခု အခါ မှာ တော့ ၄၆ ကြိမ် ပုံ နှိပ် ထုတ် ဝေခဲ့ ပြီး ဖြစ်ပါတယ်။

သူ့  ကို ၁၉၈၀ ခုနှစ် မှာ Time မဂ္ဂဇင်း ကြီး က အမေရိကန် နိုင်ငံ ကနေ စတင်ခဲ့ ပြီး Sexual Revolution
အတွက် အရေး အပါ ဆုံးသူ လို့  သတ်မှတ် ခဲ့ ကြ တယ်။ 

၁၉၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မှာ ဟယ်လင် ကို အာကင်ဆတ် ပြည်နယ် က ဂရင်း ဖော်ရက်(စ) 
မှာ မွေး ဖွား ခဲ့ တယ်။ ဘွဲ့ ရ ပြီး ချိန် မှာ မဂဇင်း ဂျာနယ် တွေ မှာ ထည့် တဲ့ ကြော်ငြာ ပစ္စည်း တွေ ရဲ့  ကြော်
ငြာစား သား တွေ ကို ကြော်ငြာ အယ်ဒီတာ က ပြောတဲ့ အတိုင်း စာစီ စာ ရိုက် ပေး ခဲ့ ရသူ အဖြစ်တာ
ဝန်ထမ်းဆောင်ခဲ့ ရတယ်။ 

Sex and the Single Girls စာအုပ် ထွက် ရှိ ပြီး နောက် ၁၉၆၅ ခုနှစ်မှ  Cosmopolitan မဂ္ဂဇင်း ရဲ့ 
အယ်ဒီတာ ချုပ် အဖြစ် ၁၉၉၇ ခုနှစ် အထိ တာဝန်ထမ်းဆောင် ခဲ့ ပါတယ်။ နောက် ပိုင်း မှာ တော့
Cosmo  ကို ထုတ်ဝေတဲ့  Hearest  မီဒီယာ အုပ် စု မှာ နိုင်ငံ ခြား ဘာသာဖြင့် ထုတ်ဝေမှု အစီအစဉ်
ရဲ့  အယ်ဒီတာ ချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ တယ်။

ဟယ်လင် နဲ့  ပတ်သက် ပြီး သွားလေသူ မင်းသမီး ကြီး အဲလိဇဘက် တေလာ ကတော့ ” သူဟာ အမျိုး
သမီး တွေ ရဲ့  ဘ၀ ကို ကမ္ဘာ သစ် နဲ့  မိတ်ဆက် ပေး ခဲ့ တယ်။ လိင်ပိုင်း ဆိုင်ရာ လွတ်လပ် မှု ရဲ့  အတား
အဆီး အချုပ် အနှောင် တွေ ကို တော်လှန် ဖို့  နှိုးဆော်ခဲ့ သူ ” လို့ ချီး ကျုး ဂုဏ် ပြု ပြော ဆိုခဲ့ တယ်။ 

ကော်စမိုပိုလီတန်မှာ သူ အယ်ဒီတာ ချုပ် ဖြစ် ပြီး တဲ့ နောက်မှာ တော့  အမျိုးသမီး တွေ ရဲ့  အာသာဆန္ဒ
လိင်ရမ္မက် ၊ အချစ် နဲ့  ပကတိ အလှ တွေ ကို စာ ဖတ် သူ တွေ နဲ့ မိတ် ဆက်ပေး ခဲ့ တယ်။ 

ဟယ်လင် ဘရောင်း  နဲ့  ပတ်သက် ပြီး နယူးယောက် မြို့ တော် ၀န် မိုက် ကယ် ဘလွန်းဘတ် က ” ဟယ်
လင် ဟာ မီဒီယာ လောက တစ်ခု တည်း ကို သာ ပြောင်းလဲ ပေး ခဲ့ တာ မဟုတ် ပါဘူး ၊ ကျွန်တော် နိုင်ငံ
ရဲ့  ယဉ်ကျေးမှု ကိုပါ ပြောင်း လဲ စေခဲ့ သူ လို့  CNN သတင်း ကို ပြောခဲ့ ပါတယ်။

အချစ် ရမ္မလှိုင်း နဲ့  လိင်စိတ်အာသာ ဆန္ဒမှာ တစ်ကမ္ဘာ လုံး က မိန်းကလေး တွေ နိုးထ ကြ လို့  ဆော်သြ
ခဲ့ ကြပေမယ့် ဟယ်လင် ဟာ လူမှုရေး တွေ မှာ ရှုပ် ပွေ သူ မဟုတ် ဘဲ The Jaws, The Sting စတဲ့ 
ရုပ်ရှင် ဇာတ်ကား တွေ ထုတ် လုပ် သူ ခင်ပွန်း သည် နဲ့  ၁၉၅၉ ခုနှစ် ကနေ ၂၀၁၀ သူ ကွယ်လွန် ချိန် အထိ
လက် ထပ် ပေါင်း သင်း ခဲ့ တယ်။ 

ဟယ်လင် ဟာ ၁၉၆၄ ခုနှစ် Sea and the Office ကို ထပ်မံ ထုတ်ဝေခဲ့ ပြီး ၁၉၈၄ ခုနှစ် မှာ ပထမ တစ်ရက်
တည်း အုပ် ရေ သိန်းချီ ရောင်းချ ခဲ့ ရတဲ့ ”Having It All: Love, Success, Sex, Money, Even If
You’re Starting With Nothing.”   ဆို တဲ့ အမျိုး သမီး ဘ၀ အောင် မြင်ရေး  စာအုပ် ကို ထုတ်ဝေခဲ့
ပါတယ်။

၁၉၉၈ ခုနှစ် မှာ Vanity Fair နဲ့  တွေ့ ဆုံ စဉ် မှာ ဟယ်လင် က သူ့  ရဲ့  ဆောင်ပုဒ် ဖြစ်တဲ့ ” အကယ်၍ ဒါကို လုပ်
လို  အပ် တယ် ဆိုရင် ၊ မင်း က လုပ် ချင် စိတ် မရှိ ဆိုရင် တောင် မှာ အောင်မြင် ပြီး မြောက် အောင် လုပ်ဆောင် ဖို့ 
လိုတယ် လို့  ပြောခဲ့ ပါတယ်။

“Get up and do it if it needs to be done, even if you hate it!”


Santi Visalli/Getty | Images via New York Times via Cosmopolitan

and CNN

#Helen Gurley #Sex Revolution

About these ads
4 Comments
  1. nainglinaung #

    ဖြစ်သင့်ပါတယ်

    September 8, 2012
  2. ကောင်းငါတယ်…သူ့ကြောင့်ကျွန်တော်တို့လူငယ်တွေလဲအမြင်ကျယ်လာပါတယ်…

    August 19, 2012
  3. heinhtet #

    ဒါဆို သူ့ ကြောင့် အမေရိကန်အမျိုးသမီးတွေ ဒီနေ့ ခေတ်မှာ ဖင် ပက်ပက်စက်စက် ခံကြတာပေါ့နော်.

    August 15, 2012
    • ak47 #

      Lower standard heinhtet. i think yr mom didn’t teach u how to polite. are u from da hla or tar kay ta?

      August 24, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: