Skip to content

ဒုတိယ သမ္မတ အဖြစ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ကို ရွေးချယ်

Myanmar_Navy_Chief_India_Visit_1

၃ လ နီးပါး ကြာ လစ်လပ် နေသည့် ဒုတိယ သမ္မတ ရာထူး အတွက် မနက် ဖြန် တွင်  တပ်မ
တော်သား ကိုယ်စားလှယ် အစု အဖွဲ့  မှ အမည် စာရင်း တင်သွင်း ပြီး ပြည်ထောင်စုလွှတ်တော်
ဥက္ကဌ ရှေ့ မှောက် တွင် ပင် ကျမ်း သစ္စာ ကျိန် ဆို မည် ဟု FNG မှ သတင်း ရရှိသည်။

ဒုတိယ သမ္မတ ရာထူး နေရာ အတွက် လစ်လပ် နေသည့် နေရာ တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)
ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ရေပန်း စား နေသည် ဟု သတင်း ရရှိသည်။ အချို့  သတင်း ရင်းမြစ် များအ
ရ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ကိုယ် တိုင် ပင် ဒုတိယ သမ္မတ အဖြစ် ရွေးချယ် ခံရ နိုင်သူ မှာ
ကာကွယ်ရေး ဦးစီးချုပ် ရေ ဗိုလ်ချုပ် ကြီး ဥာဏ် ထွန်း ဖြစ် နိုင်သည် ဟု ဆိုသည်။

ဒုတိယ သမ္မတ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ သည့် ဦးတင် အောင်မြင့် ဦးသည် စင်္ကာပူ တွင်
ဆေးဝါး ကုသခံ ပြီး နောက် မေလ ၃ ရက်နေ့  တွင် နှုတ် ထွက် စာ ကို သမ္မတ ထံ တင်သွင်း ခဲ့ သည်။

မြန်မာ အစိုးရ က ဒုတိယ သမ္မတ နှုတ် ထွက် သည့် သတင်း ကို မေလ ၁၀ ရက်နေ့  တွင် အတည် ပြု
ခဲ့ သည်။

ဗိုလ်ချုပ် ကြီး ဥာဏ် ထွန်း သည် ယခု စက်မှု ၀န်ကြီး ဦးစိုးသိန်း ပြီး နောက် ရေတပ် ကာကွယ်ရေး ဦးစီး
ချုပ် ဖြစ် လာ သူ ဖြစ် ပြီး ရခိုင် ပြည်နယ် တွင် မငြိမ် သက် မှု ဖြစ်ပွား စဉ် က မြန်မာ့ ရေတပ် ကို နိုင်နင်း
စွာ  အမိန့် ပေး နိုင်မှု ကြောင့် တစ်ဖက် နိုင်ငံ မှ ခိုးဝင်လာ သည့် ရိုဟင်ဂျာ အကြမ်းဖက် သမား များ ကို
တားမြစ် ဟန့် တား နိုင် ခဲ့ ပြီး ဖမ်းဆီး ရမှု များ ရှိ ခဲ့ သည်။

အိန္ဒိယ ရေတပ် ဦးစီးချုပ်  နှင့် ဆွေးနွေးနေသည့် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း

အိန္ဒိယ ရေတပ် ဦးစီးချုပ် နှင့် ဆွေးနွေးနေသည့် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း

အာဆီယံ ရေတပ်  အကြီး အကဲ များ နှင့် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း

အာဆီယံ ရေတပ် အကြီး အကဲ များ နှင့် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း

ဇွန်လဆန်း ပိုင် က ပါကစ္စတန် စစ်ဦးစီးချုပ် နှင့် တွေ့ ရစဉ်

ဇွန်လဆန်း ပိုင် က ပါကစ္စတန် စစ်ဦးစီးချုပ် နှင့် တွေ့ ရစဉ်

About these ads
Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: