Skip to content

ဗိုလ်ချုပ်မှုး ကြီး ဟောင်း သန်းရွှေ Facebook သုံးစွဲ နေ

Than Shwe

မြန်မာ စစ်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ဟာ လူသိများ တဲ့ လူမှု ကွန်ယက်
တစ်ခု ဖြစ်တဲ့ Facebook ကို သုံးစွဲ နေ ပြီး  မိတ်ဆွေ ဆယ်ဦး လောက်သာ ရှိတယ် လို့  ဆို
တဲ့ သူ့  ရဲ့  Facebook နာမည် နဲ့  မြန်မာ သတင်း တွေ ၊ ဆွေးနွေး မှု မှတ် ချက် တွေ ကို လိုက်
လံ ကြည့် ရှု တယ် လို့  ဆို ပါတယ်။

ရံဖန် ရံ ခါ မှာ မြန်မာ Facebook page တွေ က တင် ဆက် မှု အချို့  ကို သူ LIKE လဲ လုပ်
တတ် တယ် ၊ သူ ကြိုက်တာ တွေ့ ရင် ပေါ့ လေ များ သော အား ဖြင့် တော့ တိတ်တိတ် ဆိတ်
ဆိတ် ပဲ ကြည့် တတ် ပါတယ် လို့  သူ ၏ မိသားစု နှင့် နီးစပ် သော အစိုးရ အရာ ရှိ ဟောင်း
တစ်ဦး က ပြောသည်။

ဗိုလ်ချုပ် မှုးကြီး သန်း ရွှေ နှင့် ပြီး ခဲ့ သည့် လ အတွင်း က ဆုံ ဖြစ်ခဲ့ သည့် အစိုးရ အရာ ရှိ ဟောင်း
တစ်ဦး က ” ကျွန်တော် ကို Facebook သုံးလား မေးတယ်။ သူက Facebook က နေ မြန်မာ သတင်း
တွေ ၊ ဝေဖန် ထားတာ တွေ ၊ မှတ် ချက် တွေ ကြည့် ဖို့  ပြောတယ်။ သူ အရင် က တာဝန် နဲ့  မအား
လပ် လို့  မကြည့် ဖြစ် ပေမယ့် အခု ပုံ မှန်ကြည့် ဖြစ်တယ် ” လို့  ထို အစိုးရ အရာရှိ ဟောင်း တစ်ဦး
က FNG ကို ပြောသည်။

ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် မေလ နှောင်း ပိုင်း က လျှပ် စစ်မီး ရရှိ ရေး ဖယောင်း တိုင်းမီး ထွန်းညှို
ဆန္ဒပြ မှု များ ပေါ်ပေါက် ချိန် မှ စပြီး Facebook ကို ပုံ မှန် သုံး စွဲ လာခဲ့ ရာ ၊ ရခိုင် ပြည် နယ် မငြိမ်
သက် မှု အတွင်း ဉ် တစ်နေ့ လျှင် ခြောက် နာ ရီ နှင့် ရှစ်နာ ရီ အကြား Facebook သုံး စွဲ သည်ဟု
သိရသည်။

အိမ်နီးချင်း ထိုင်း ၀န်ကြီး ချုပ် ယင်လပ် အပါ အ၀င် ၊ ကမ္ဘာ့  ခေါင်းဆောင် များ သည့် Facebook စာ
မျက် နှာ များ ဖန် တီး ပြီး ပြည်သူ နှင့် ဆက် သွယ်မှု ပြု လုပ် ကြ သော် လည်း မြန်မာ နိုင်ငံ ဉ် ထိုကဲ့
သို့  လုပ် လေ့ လုပ် ထ မရှိ ချေ။

ကော့မှုး မြို့ နယ် လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည် သည် နေ အိမ် အကျယ် ချုပ် ကျ ခံနေ
ရစဉ် ကာလ အတွင်း က ပြန်လည် လွတ်မြောက် လာလျှင် Twiiter အမည် ရှိ လူမှု ကွန်ယက် သုံး
စွဲ မည် ဟု ဆို ခဲ့ သည်။

မြန်မာ နိုင်ငံ ၏ ဥပဒေ ပြု ရေး အာဏာ  ကို ဆောင်ရွက် သည့် လွှတ်တော် က မူ Facebook တွင်
ပြည်သူ့ လွှတ်တော် ဆိုသည့် အမည် ဖြင့် Facebook စာမျက် နှာ ဖွင့်လှစ် ကာ လွှတ်တော် မှ သတင်း
များ ကို တင်ဆက် မှု များ ပြု လုပ် သည်။

ဗိုလ်ချုပ်မှုး ကြီး  အငြိမ်းစား သန်းရွှေ တွင် လှို့ ဝှက် Facebook အကောင့် တစ် ခု ထက် မနည်း ရှိ မည်
ဟု ယူဆရ ပြီး ထို အကောင့် မှ တစ် ဆင့်   ထင်ရှား သော Facebook စာမျက် နှာ များ ကို ကြည့် ရှု
မည် ဟု ယူဆရသည်။

ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း နှင့်  အမေရိကန် နိုင်ငံ ထုတ် သတင်းစာ တစ်စောင် ဖြစ်သည့် Wall
Street Journal တို့  တွေ့ ဆုံ မေးမြန်းစဉ် က ဦးကျော်ဆန်းက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ စာဖတ် နေ
သည် ဟု သာ ပြောကြား ခဲ့ သည်။

Feature Photo Credit to AP

About these ads
15 Comments
  1. တိုက်ေ၇ခိုက်ရေကိုတော့ချီးမွမ်းချင်ပေမဲ့
    အဘတိုက်ခိုက်ခဲ့တာရန်သူတွေမဟုတ်။
    မိဘမဲ့ပြည်သူတွေပါအဘ…
    တကယ်တော့အဘတို့ကတိုက်၇မှာက
    မြန်မာပြည်ကိုစိန်ခေါ်နေသောအစ္စလာမ်မစ်အစွန်းရောက်
    တွေကိုတိုက်ခိုက်ချေမှုန်းရမှာ…
    ရခိုင်ဒေသကိုကျူးကျော်လာမည့်သူတွေကိုသုတ်သင်ရှင်းလင်းပစ်ခဲ့ရင်
    ခုလိုအစော်ကားမခံရတော့ဘူးလေ။
    ဖေ့ဘုတ်သုံးတာလည်းနှောင်းနေပြီ..
    တကယ်ဆိုလွန်ခဲ့သောအနှစ်၂၀လောက်ကတည်းက
    ပြည်သူ့ငိုသံတွေကိုမျှဝေခံစားပေးနိုင်ခဲ့မယ်ဆိုရင်
    ကျမတို့မြန်မာတွေခုလောက်ထိပင်ပန်းဆင်းရဲနေပါ့မလား။
    ပညာတက်အနာ၈တ်လူငယ်ကလေးတွေရဲ့ဘ၀များစွာကို
    အဆုံးမစီရင်ခဲ့ဘူးဆိုရင်ယနေ့မြန်မာနိုင်ငံအတွက်အားမာန်တွေပါအဘ..
    ကျောင်းသားဆိုတာအရှိကိုအရှိအဘတို့မသိနိုင်သော
    လိုအပ်ချက်တွေကိုမကြောက်ရွံ့တဲ့သတ္တိနဲ့
    ဝေဖန်ထောက်ပြခဲ့သော်လည်းအဘတို့ကရန်သူတွေလိုသဘောထား
    အာဏာကိုတပ်မက်ပြီးအနာဂတ်သားကောင်းတွေကို
    ရန်သူလိုပြုမူခဲ့တယ်။တကယ်တော့မျိုးချစ်စိတ်ဆိုတာရင်ဘက်ထဲမှာရှိနေရင်
    အနာဂတ်သားသမီးတွေရဲ့ဘ၀ကိုရိုက်မချိုးသင့်ပါ။မသတ်ဖြတ်သင့်ပါ။
    နိုင်ငံတော်ကိုပုန်ကန်တယ်လို့ခေါင်းစဉ်မတပ်ပဲ
    ငါတို့နိုင်ငံမှာဒါတွေတကယ်ပဲလိုအပ်နေသလားဝေဖန်ပိုင်းခြား
    နိုင်ခဲ့ရင်ကျောင်းသားပြည်သူတွေကပုန်ကန်သူမဟုတ်နိုင်ပါ။
    အဘတို့ကိုတခြားနိုင်ငံကထိပါးစော်ကားလာရင်ဘယ်မြန်မာမှငြိမ်နေမှာမဟုတ်.
    အနည်းဆုံးကာကွယ်ပေးနိုင်မည့်နှလုံးသားတွေရှိကြပါတယ်။
    အဘတို့ကတော့ပြည်သူတွေကိုကာကွယ်ဖို့နေနေသာသာ
    ကိုယ့်လူမျိုးကိုယ်ပဲပြန်နှိပ်ကွပ်နေတာကိုက
    ပြင်ပကပိုပြီးအနိုင်ကျင့်မှုကိုခံရတက်ပါတယ်။
    အမေစုဆိုရင်လည်းမြန်မာစစ်စစ်…
    မခွဲခြားသင့်ပါ။ပြည်သူနဲ့တိုင်းပြည်အပေါ်ဘယ်လောက်ထိမြတ်နိုးတန်ဖိုးထားသလဲဆိုရင်
    အမေငယ်ဘ၀တလျှောက်လုံးဝတ်စားဆင်ယင်မှုကသက်သေတည်ပါတယ်။
    အိမ်ထောင်ပြုတာဟာသူ့ဘ၀အတွက်လုံခြုံမှုနားလည်နိုင်စွမ်းရှိသူ
    အားကိုးလောက်တဲ့လူပီသတဲ့သူတယောက်ကိုလက်ထပ်ခဲ့တာအပြစ်မဟုတ်ပါ။
    အခုလိုကွန်မန်းရေးလိုက်တာအဘဖတ်ဖြစ်ပါစေဆိုတဲ့ပြည်သူတွေရဲ့နှလုံးသားက
    တမ်းတမှုတွေကိုကိုယ်ချင်းစာနာလောက်ပြီထင်လို့
    ရေးလိုက်တာပါ။စော်ကားချင်လို့လည်းမဟုတ်အသက်အရွယ်အရကြီးသူကို
    မည်သို့မျှမစော်ကားချင်ပါ။ပြည်သူနဲ့ကမ္ဘာလောက်ခြားပြီးနေခဲ့ကြတဲ့အဘတို့
    မသိခဲ့တာလား..မသိချင်ယောင်ဆောင်နေခဲ့တာလားဆိုတာတော့
    ဘုရားပဲသိမယ်လေ…နောက်ထပ်ပြည်သူတွေကိုစိတ်ဒဏ်ရာမရအောင်
    အဘတပည့်တွေကိုပြည်သူ့အတွက်ပေးဆပ်ပေးပါလို့ဒီနေရာကနေတောင်းပန်ပါရစေ…
    ကျမတို့ပြည်သူတွေအပြည့်အ၀ယုံကြည်အားကိုးနေတဲ့အမေ့ကိုလည်း
    ကာကွယ်ပေးပါးနွေးထွေးပေးပါလို့…ပြည်သူတွေအပေါ်မိဘသဖွယ်ပေးဆပ်အနစ်နာခံမှုကို
    အဘတို့ကိုယ်တိုင်အသိမှတ်ပြုပေးရင်ကျေနပ်ပါပြီ….
    အဘလည်းအသက်ရှည်စွာနဲ့ဝိပသနာတရားကိုကျင့်ကြံပွါးများနိုင်ပြီး
    သူတော်ကောင်းတရားကိုကျင့်ကြံနိုင်ပါစေလို့ဆန္ဒပြုပါတယ်။
    မသေပါနဲ့အုံး။။။တ၇ားကိုရှာဖွေပါ။အမှားကိုပြင်နိုင်ပါစေ…
    အဘပြောမှာပေါ့နော်…အဘတို့ကတပ်ကတပ်မတော်အမိန့်လို့
    အမိန့်ဆိုတာတပ်ထဲမှာပဲရှိသင့်ပါတယ်။တပ်မတော်လိုတိုင်းပြည်ကို
    ကိုင်တွယ်လိုက်တော့မြန်မာပြည်စုတ်ပြတ်သပ်ပြီးမြန်မာနိုင်ငံသားများ
    ကမ္ဘာအလည်မှာမျက်နှာငယ်လွန်းလို့ပါ။

    August 31, 2012
  2. လင်းသူရ #

    ကောင်းတာပေါ့ဗျာ …..ပြည်သူနဲ့ထိတွေ့မှုရတာပေါ့…..၀မ်းပမ်းတသာကြိုဆိုပါတယ်ဗျာ….ကြည့်တယ်ဆိုတာနဲ့တင်ဝမ်းသာပါတယ်

    August 25, 2012
  3. မှုးငြိမ်းကြီးသန်းရွှေ facebook မှာသူလုပါခဲ့တဲ့မကောင်း
    မှုတွေကိုဘယ်သူတွေကိုဘယ်ကောင်ကချီးထုပ်ဖွင့်ချမလဲဆိုတာရင်တမ မနှင့်ကြည့်နေပါ။ဗုဒ္ဓဘာသာမှာက
    ကုသိုလ်ကောင်းမှုကြောင့်သကြားမင်ဖြစ်တယ်။ရှင်ဘု
    ရင်ဖြစ်တုန်းလူထုကိုရက်စက်ဖိနှိပ်သက် ဖြတ်ခဲ့သည့်အ
    ကုသိုလ်မကောင်းမှုကြောင့်ဝဋ်လည်ပြီးငရဲသို့ကျရောက်
    ၍အပါယ်ငရဲကိုခံစားရတယ်။ဒီလောက်ဘုန်ကြီးရဟန်းသံဃာတော်ကျောင်းသားအလုပ်သမားပြည့်ပေါင်းများစွာကိုသတ်ဖြတ်ဖို့ခိုင်းစေခဲ့တဲ
    သူအပါယ်ငရဲမကျရင် မြတ်ဗုဒ္ဓဟောကြားသည့်တရား
    များသည်သစ္စာတရားမဖြစ်ဘဲနေတော့မပေါ့။သကြား
    မင်းသော်မှသကြာဖြစ်လိုက်ဝက်ဖြစ်လိုက်ဆိုင်ရင်မှုးငြိမ်း
    ကြီးသန်းရွှေကဘာသာနဲ့ထားတာမိုလည်းကြာမှီမျှော်
    နောက်လိုက်အပေါင်းအပါတပည့်လက်ပါးစေအာဏာ
    ပါးကွက်သားခရိုနီများပါမကျန်အီဂျစ် လစ်ဗျားကကဒါဖီ
    အီရတ်ကဆတ်ဒန်ဟူစိန် ဟစ်တလာ မူဆိုလီနီတို့ထက်
    ဆိုးတဲ့အခြေအနေကိုရောက်ကျလိမ့်မယ်။မကောင်းမှုဆိုတာဖျောက်ဖျက်၍မရ။အချိန်မကျသေး
    တာဘဲရှိတယ်နေဝင်းနှင့်အပေါင်းအပါများလည်းပြည်သူ့
    ရှေ့မှောက်တရားစီရင်တဲ့နေ့ရောက်လာမယ် လူသေရင်
    လည်းနာမည်နဲ့သမိုင်းကိုအပြစ်ပေးဖေါ်ထုပ်ရမယ်။
    ကမ္ဘာမှာမြန်မာကိုဘယ်လူမျိုးမှလိုက်တုလို့မမီတာတစ်
    ဘဲရှိတယ်ချီးခြောက်ရေနှုးပြီးနံအောင်ပြုလုပ်၍ကျူပင်
    ခုတ်ကျူငုတ်မကျန်အောင်အပြတ်ရှင်းလက်စားချေမြန်
    မာလူမျိုးတစ်မျိုးသာရှိတယ်။အဒီအချိန်ကျရင်အဝေးက
    ပြည်သူတွေမရောက်ခင်သူလူဟောင်းတပည်တွေကဘဲ
    လူထုကိုအရင်မျက်နှာလိုမျက်နှာရလည်လှီးပြကြလိမ့်
    မယ်ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့်သူတစ်ပါး
    ဒုက္ခရောက်စေလိုတဲ့ဆန္ဒမရှိပါဘူး။အကုသိုလ်သည်ပြု
    လုပ်ခဲ့သူနောက်ကိုဝန်ဆောင်နွားနောက်ကိုလှည်းဘီးကအစဉ်လိုက်သလိုမျိုးဖြစ်ကြောင်းဘုရားဟောကိုပြောရခြင်းသာဖြစ်တယ်။လူဆိုတာမှားဘူကြမည်အတမင်
    ရည်ရွယ်ချက်အကွက်ချပြီးမှာမှားအသက်ကြီးလာ၍လူ့
    ဘဝနောက်ဆုံးအချိန်မှာစိတ်ကောင်းနှလုံးဖြင့်မိမိတင်
    ထားခဲ့တဲ့ဦးသိန်းစိန်နှင့်အဖွဲ့ကိုဒေါ်အောင်ဆန်းစုကြည်
    လက်တွဲပြီးတိုင်းပြည်ပြန်လည်ထူထောင်ရင်မြန်မာပြည်
    သူအများကခွင့်လွတ်ပေးကြမှာဖြစ်သည်။ဒီမီအသိတ
    ရားမရသေးဘဲကျီးမိုက်ကြီးဆက်ဖြစ်နေရင်ကြမ္မာရ
    ဟတ်တစ်ပတ်လှည့်လာမှာမြေကြီးလက်ခတ်မလွဲပါဖြစ်
    ကြောင်းအင်တာနက်သတင်းများ facebook ကိုကြည့်
    သည့်မှုးငြိမ်းကြီသိစေရန်commentပေးလိုက်ရပါသည်။

    August 23, 2012
  4. karenhtoo #

    လူဆိုဒါကိုယ်.အမှားကိုသိရင်ကိုယ်အမှားကိုယ်ပြင်ဒါအကောင်းဆုံးပါဘဲ
    ဒါပေမဲ.အဲ.ဒီအမှားကိုနောက်ထပ်မလုပ်မိပါစေနဲ.

    August 20, 2012
  5. zawminoo #

    အော် သူ. အကြောင်း လူတွေ ရေးထားတာ တွေ ဖက်မိပြီး သူတော်တော် မှားခဲ. မိုက် ခဲ. ပါ လား ဆိုတာ သူနောင်တရ ရင် ကောင်း မှာ ပဲ

    August 20, 2012
  6. goodman #

    လူတော် လူမကောင်းကြီးပါ

    August 19, 2012
  7. thushin #

    သူ့အကောင့်ရှိရင် သွားအပ်ချင်တယ် ဗျာ။
    ချစ်လွန်းလို့

    August 17, 2012
  8. သန်းရွှေရာ……..မင်း ဖေ့ဘုတ်သုံးတာ ခုမှလားကွာ……….ဒီမယ် ဟိတ်ကောင်
    ခုခေတ်က (၅) တန်းကလေးတောင် ဖေ့ဘုတ်သုံးတတ်နေပြီကွ………ငါ့သားဆို
    သူငယ်တန်းပဲ ရှိသေးတယ် ……..အင်တာနက်လောက ကျွမ်းကျင်နေပြီ….
    မင်း သေသင့်ပါပြီကွာ……….

    August 17, 2012
    • Unknow #

      မသေသင့်သေးဘူး
      အကြာကြီးဝေဒနာတွေခံစားစေချင်သေးတယ်
      အနဲဆုံး၂၄နှစ်လောက်ပေါ့

      August 18, 2012
  9. paing htet #

    ကောင်းပါတယ် ဘာဘဲပြောပြောလူထုတွေကြားကသတင်းတွေ့တော့ကြားရမှာပါ ကောင်းတာဘဲဖြစ်ဖြစ်ဆိုးတာဘဲဖြစဖြစ်ပေါ့

    August 17, 2012
  10. Good Manner …

    August 16, 2012
  11. SZ #

    It will be too good if he listened to people’s voices 20 years ago from facebook.What is the use after he retired?

    August 16, 2012
  12. good

    August 16, 2012
  13. သန်းအိုကြီးတောင်…လူတောတိုးလာပြီ..

    August 16, 2012
  14. khinmgthan #

    သနားမိပါတယ်ဂျာ ကျွတ်ကျွတ် ကျွတ်…,.

    August 16, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: