Skip to content

မြန်မာ ဆင်ဆာ ဖယ်ရှားမှု တရုတ် မှာ အုတ်အော်သောင်းနင်း ဖြစ်

408046_10150634040267588_1398093359_n

မြန်မာ နိုင်ငံ တွင်း မှာ ထုတ် ဝေ  နေတဲ့ သတင်း မီဒီယာ ကိုယ်စား ပြု ဂျာနယ် တွေ ကို ယခင်
က လို စာ ပေ စီစစ် ရေး တင် စရာ မလို တော့ ဘဲ ထုတ် ဝေ ခွင့် ပြု လိုက် တဲ့ သတင်း ဟာ
ကွန်မြူနစ် စနစ် ကို ကျင့် သုံး ပြီး တစ်ပါ တီ ဦးဆောင် တဲ့ တရုတ် နိုင်ငံ မှာ အတော် ဂယက်
ရိုက် ခတ် နေ တယ် လို့   အခု မနက် ထုတ် ဝေ တဲ့ ဝေါလ်စထရိ ဂျာနယ် မှာ ဖော် ပြ ထား ပါ
တယ်။

မြန်မာ နိုင်ငံ တွင်း မှာ သတင်း မီဒီယာ တွေ စာပေ စီစစ် ရေး ကို ဖြတ် သန်း စရာ မလို တော့
တဲ့ သတင်း ကို တရုတ် ကွန်မြူ နစ် ပါ တီ ရဲ့  အာဘော် People Daily သတင်းစာ က ဖော်
ပြခဲ့ ပေမယ့် တရုတ် ရုပ်သံ CCTV ကတော့  မြန်မာ နိုင်ငံ ဟာ နိုင်ငံ သေးငယ် တဲ့ အတွက်
တရုတ် နိုင်ငံ လို  များ ပြ လှ သတင်းမီဒီယာ အဖွဲ့  အစည်း ကြီး တွေ မရှိ သေး ဘူး ၊ ဒါကြောင့်
သတင်း မီဒီယာ လွတ် လပ် ခွင့် ပေးပေး ၊ မပေး ပေး  မြန်မာ  နိုင်ငံ တွင်း က သတင်း  မီဒီယာ
တွေ ရဲ့  တင် ဆက် မှု ဟာ နိုင်ငံ ရဲ့ နယ် န မိတ် ဘောင် အပြင် ဘက် ကို ကျော် မ ထွက် နိုင်
ဘူး လို့  ဆို ပါတယ်။

တရုတ် နိုင်ငံ က လူ တွေ အသုံး များ တဲ့ တွစ်တာ လို Micro blogging ဆိုတ်တစ် ခု  ဖြစ်တဲ့
Weibo မှာ တော့ ” တရုတ် ဟာ မြန်မာ ကို အတု မယူ  သင့် ဘူး လာ ၊ တရုတ် အစိုး ရ  အနေ
နဲ့ နိုင်ငံ သား တွေ ကို မျက် စေ့ ပိတ် ၊ နား ပိတ် ၊  ပါး စပ် ပိတ် လုပ် ထား တာ တွေ ကို ရပ် တန့် 
သင့် နေ  ပြီ လို့  ပြော  ဆို ရေး သား ကြ ပါတယ်။

ဝေ ပိုး မှာ မြန်မာ နိုင်ငံ ရဲ့  သတင်း လွတ် လပ် ခွင့် ရရှိ ပုံ ကို ချီးကျုး ရေးသား တဲ့ ထဲ မှာ အမေရိကန်
တက္ကသိုလ် တွေ က နေ ကွန် ပျူတာ သိပ္ပံ ဘွဲ့  ရရှိ ခဲ့ တဲ့ ဂူဂဲလ် China ရဲ့  ဥက္ကဌ ဟောင်း  ဖြစ်သူ
Kai Fu Lee လည်း ပါ ၀င် ပါတယ်။

တရုတ် အစိုးရ အာ ဘော် ကို ထင် ဟပ် တဲ့ Global Times အွန် လိုင်း သတင်း စာ က မြန်မာ အစိုး
ရ ပြောင်းလဲ မှု မျိုး တရုတ် က လိုက် မလုပ် နိုင် ဘူး ၊ မြန်မာ ရဲ့  အပြောင်း အလဲ တွေ ဟာ တရုတ်
လောက် ရင့် ကျင် တည် ငြိမ် ခြင်း မရှိ သေး ဘူး ၊ အချိန် မရွေး ပြောင်း လဲ နိုင် တယ် လို့  ဆိုပါတယ်။

တရုတ် နိုင်ငံ က အင်တာနက် အသုံး ပြု သူ တွေ ရဲ့  ၃၀ ရာ ခိုင် နှုန်း ခန့်  အသုံး ပြု နေ တဲ့ ဝေပို့  က
တော့ Global Times ကို ပြင်း ပြင်း ထန် ထန် ဝေဖန် ကြ ပါတယ်။ နောက် ဆုံး သတင်း လွတ် လပ်
ခွင့် နဲ့  ပတ် သက် ပြီး ကျန် ခဲ့ မှာ မြောက် ကိုးရီးယား နဲ့  ငါ တို့  ပဲ ရှိတယ် လို့ တရုတ် တက္ကသိုလ်
ကျောင်း သား တွေ က ရေး သား ကြ ပါတယ်။

တရုတ် နိုင်ငံ မှာ သတင်း ရေးသား ဖော် ပြ မှု နဲ့  ပတ်သက် ပြီး တင်း  ကျပ် တဲ့ စည်းမျဉ်း ၊ စည်းကမ်း
တွေ ထုတ် ပြန်ထား ပြီး Facebook ၊ Twitter စတဲ့ လူမှု ကွန်ယက် ဆိုတ် တွေ အသုံး ပြု မှု ကို လည်း
တင်း ကျပ် ထား ပါတယ်။

တနင်္လာ နေ့  က မြန်မာ အစိုးရ ပြန်ကြား ရေး ၀န်ကြီးဌာန လက် အောက် က စာပေ စီစစ်ရေး အဖွဲ့  က
သတင်း မီဒီယာ တွေ ကို စီစစ် ဖြတ် တောက် မှု ကို ဖယ်ရှား လိုက် ပြီ ဖြစ် ကြောင်း ကြေငြာ ခဲ့ ပါတယ်။

China, Myanmar, Censorship, WSJ

About these ads
Follow

Get every new post delivered to your Inbox.

Join 530 other followers

%d bloggers like this: