Skip to content

ဗီယက်နမ် ဘဏ်လုပ်ငန်း ရှင် ခရိုနီ ဖမ်းဆီးခံရ

NguyenDucKien201giaoducnetvn_f835f

ဗီယက်နမ် တပ်မတော် မှာ အရာ ရှိ တစ်ယောက် အဖြစ် တာဝန်ယူ ဆောင်
ရွက် ခဲ့ ပြီး ၁၉၉၀ ခု နှစ် မှာ Asia Commercial Bank ကို တည်ထောင်ခဲ့
တဲ့ ဗီယက်နမ် ဘဏ် လုပ်ငန်း ရှင် ငုယင် ဒခ် ကီယန် ကို စီးပွားရေး ဆိုင်ရာ
ဥပဒေ စည်း ကမ်း တွေ ချိုးဖောက် မှု နဲ့  ဖမ်ဆီး လိုက် ပြီ ဖြစ်ပါတယ်။ အသက်
၄၈ နှစ် အရွယ် ရှိ ငုယင် ဒခ် ဟာ မြန်မာ ခရိုနီ တွေ လို ပဲ ဘောလုံး အားကစား
ကို ၀ါသနာ ပါ ပြီး ဘောလုံး ကလပ် အသင်း ထူထောင် ထား
ပါတယ်။

သူဟာ အာဏာပိုင် တွေ နဲ့  ၀င်ဆံ့ မှု ကြောင့် များ ပြား လှ တဲ့ စီးပွား ရေး အကျိုး
အမြတ် တွေ ရရှိ ခဲ့ တယ် လို့  SKy News မှာ ရေးသား ထား ပါတယ်။

ငုယင် ဒခ် ကီယန် ကို ဖမ်းဆီး တဲ့ သတင်း ထွက် ပေါ် ပြီး နောက် ငွေ အပ်နှံ
သူ တွေ ဟာ သူ့  ရဲ့  Asia Commercial Bank မှာ အပ်နှံ ထား တဲ့ ငွေ
တွေ ကို အလောသုံးဆယ် ထုတ်ကြ တယ် လို့  ဟနွိုင်း ကလာ တဲ့ AP သတင်း
တစ် ပုဒ် မှာ ရေး သား ထား ပါတယ်။

၁၉၆၄ ခုနှစ် မှာ မွေးဖွားခဲ့ တဲ့ ငုယင် ဟာ ၁၉၈၁ ခုနှစ် မှာ ဟန်ဂေရီ စစ်တက္က
သိုလ် က နေ ဘွဲ့  ရရှိ ခဲ့ ပါတယ်။

သူ့  ကို ဖမ်းဆီး လိုက် ခြင်း အာဏာရ ဗီယက်နမ် ကွန်မြူ နစ် ပါတီ အတွင်း
နိုင်ငံ ရေး အား ပြိုင် မှု တစ်ခု လို့  ဆို ကြ ပါတယ်။ ဘဏ် သူဌေးကြီး ငုယင် ဒခ်
ကီယန် ဟာ လက်ရှိ ၀န်ကြီး ချုပ် ငုယင် တန်ဒေါင် နဲ့  ရင်းနှီး သူ တစ်ဦး
ဖြစ်ပါတယ်။

ACB ဘဏ် ရဲ့  CEO နဲ့  အခြား အကြီးတန်း အရာ ရှိ အချို့  ကို လည်း ဖမ်းဆီး ထား
ပြီး စုံစမ်း စစ်ဆေး မှု တွေ လုပ် နေ တယ် လို့  ဗီယက်နမ် သတင်း စာ တွေ မှာ ဖော် ပြ ကြပါတယ်။

ငုယင် တို့  မိသားစု ဟာ ဗီယက်နမ် မှာ ပဉ္စမ မြောက် အချမ်းသာ ဆုံး ဖြစ် ပြီး ကွန်မြူ နစ်
စနစ် ကျင့် သုံး တဲ့ ဗီယက်နမ် ရဲ့  ပထမ မျိုး ဆက် ခရိုနီ တစ်
ဦး လည်း ဖြစ်ပါတယ်။

About these ads
Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: