Skip to content

အာဏာဆိုတာ ဘာကိုခေါ်တာလဲ။


အောင်ဝေး ၊        ၊ထိုင်း-ဗမာနယ်စပ်က၊ ရှေ့ နေတစ်ယောက်က၊ အာရ်အက်ဖ်အေ ရေဒီယို
တနင်္ဂနွေစကားဝိုင်းတစ်ခုမှာ၊လွှတ်တော်ထဲက ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့
ကော်မတီတစ်ရပ်နဲ့ ပတ်သက်လို့ ပြောတဲ့အခါမှာ…”

ဒေါ်အောင်ဆန်းစုကြည်မှာ၊ ဘာအာဏာမှ မရှိဘူး။ ဒေါ် အောင်ဆန်းစုကြည်မှာ၊ ဘာအာဏာမှ မရှိဘူး”
ဆိုတဲ့ စကားကို၊ မိနစ် (၂၀)စာလောက် ရေဒီယိုအစီအစဉ်မှာ၊ အခွန်းပေါင်း တစ်ထောင်လောက်
ပြောပြောနေခဲ့တာ၊ ဘာသဘောပါလိမ့်။ ကျနော် နားမလည်နိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ၊
အာဏာရနိုင်ငံရေးသမား မဟုတ်တာ လူတိုင်းသိပါတယ်။ ကမ္ဘာကလည်း သိပါတယ်။ အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ်ကလည်း၊ အာဏာရပါတီမဟုတ်ကြောင်း၊ အားလုံးကသိထားပြီးသားပါ။

ဒါကို ဘာကြောင့် ” ဒေါ်အောင်ဆန်းစုကြည်မှာ၊ ဘာအာဏာမှ မရှိဘူး” ဆိုပြီး
ချိုးချိုးနှီမ်နှိမ်ပြောရတာပါလဲ။ ကျနော် နားမလည်နိုင်ပါ။ ကမ္ဘာကရော၊ ဗမာတစ်ပြည်လုံးကပါ၊ေ
လးစားအသိအမှတ်ပြုထားတဲ့၊ ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင် တစ်ယောက်အပေါ်မှာ၊
ဒီလိုမျိုး ချိုးနှိမ်ပုတ်ခတ် ဝေဖန်ပြောဆိုခြင်းဟာ၊ မရိုးသားဘူးလို့ ယူဆရပါတယ်။
လူထုက ဘ၀တွေ အသက်တွေပေးဆပ်ပြီး၊ ယုံကြည် ပုံအပ်ထားတဲ့
ခေါင်းဆောင်အပေါ်မှာ၊ ဒီလို ဆန့် ကျင်တဲ့သဘောပြတာဟာ၊ လူထု
တိုက်ပွဲကိုလည်း ဆန့် ကျင်ကြောင်းပြသနေတာပါပဲ။

ဟုတ်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်မှာ ဘာအာဏာမှမရှိဘူးဆိုရင်လည်း၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာ ဘယ်လောက်ကြီးတယ်ဆိုတာကိုရော၊
လက်မခံနိုင်ဘူးလား။ ဗမာမှာသာမက၊ ကမ္ဘာမှာပါ သြဇာရှိတဲ့၊ ခေါင်းဆောင်
တစ်ယောက်ပါ။ ဒီလိုခေါင်းဆောင်မျိုးရဲ့ စွမ်းဆောင်ရည်ဟာ၊ ဘယ်တော့မှ
သဲထဲရေသွန် မဖြစ်နိုင်ဘူးဆိုတာ၊ မူလတန်းကျောင်းသားလောက်ကတောင်၊
သိနေ နားလည်နေတဲ့ အချိန်မှာ၊ အခုလိုရှေ့ နေမင်းက၊ ငါ့ စကား ဖားရ၊ တအား
တအားပြောနေတာက တော့၊ ဘာနဲ့ တူနေသလဲ ဆိုတော့၊ ကျနော်တို့ ဆရာ
မောင်သာနိုး ကားမောင်းသလို ဖြစ်နေတာပါ။

တကယ်ကားကိုမောင်းနေတာက၊ ဆရာကတော် ဒေါ်ခင်လေးနွယ်ပါ။ ဒါကို ဆရာနိုးက၊
နောက်ခန်းကနေ ဟိုလိုမောင်း၊ ဒီလိုမမောင်းနဲ့ ၊ ဟိုဘက်ကွေ့ ၊
ဒီဘက်မကွေ့ နဲ့ ၊ အဲဒီလို ဆရာလုပ်လွန်းလို့ ၊ ဆရာဦးတင်မိုးတို့ ၊
ဆရာမောင်စွမ်းရည်တို့ လို လူရင်းတွေက ” မောင်သာနိုး ကားမောင်းသလို ”
ဆိုပြီး၊ ဥပမာအလင်္ကာလုပ်ပြောကြတာပါ။

အင်္ဂလိပ်စာ မှာတော့ Back seat driver ဆိုလားပဲ၊ အဲဒီလိုခေါ်တယ်လို့ ၊
မှတ်သားဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှာ အာဏာမရှိဘူးဆိုရင်၊ ခင်ဗျားတို့ ၊ ကျနော်တို့ တွေ၊
အခုလို ပြောခွင့် ဆိုခွင့်တောင်ရှိလာမှာ မဟုတ်ဘူး ဆိုတာကိုတော့၊
သဘောပေါက် နားလည်ဖို့ လိုပါတယ်။
ကျနော် ကဗျာဆရာပါ။ ဥပဒေနားမလည်ပါ။ ဒါပေမဲ့ ကျနော် လူထုတိုက်ပွဲ
ကို အပြည့်အ၀နားလည်ပါတယ်။

About these ads
2 Comments
  1. ပုဇွန်ဆိတ်ဥဏောက်လောက်သာရှိတဲ့ရှေ့နေကြီးရေ့၊ဒေါ်အောင်ဆန်းစုကြည်ဟာအာဏာရှင်မဟုတ်ပါဘူ၊ပညာရှင်ပါဒီမိုကရေစီကမ္ဘာကြီးပြူးထွက်လာအောင်သရုပ်ဆေင်နိုင်တဲ့ပညာရှင်မျိုးပါသူ့ရဲ့အရှိန်အဝါဟာအာဏာရှိတာထက်ပိုပြီးမြင့်မြတ်ပါတယ်သူလုပ်နေတာဟာနိင်ငံနင့်ပြည်သူတရပ်လုံးအာဏာရှင်စံနစ်အောက်ကလွတ်မြောက်ဘို့ပါဘဲအရှုးရဲ့

    August 26, 2012
  2. ဒေါ်စု လည်းပြောပါတယ်။အာဏာမလို ချင်ဘူး လုပ်ပိုင်ခွင့်ရဘို့ဘဲ လိုတယ်လို့ပြောပါတယ်။

    August 24, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 530 other followers

%d bloggers like this: