Skip to content

နည်းပညာ မူပိုင်ခွင့် ချိုးဖောက် တဲ့ Samsung အမှုရှုံး

samsung-apple-trial-verdict_610x458

တောင်ကိုရီးယား နိုင်ငံ က လျှပ်စစ် နဲ့  အီလက် ထရော နစ် ပစ္စည်း တွေ အပြင် မိုဘိုင်း ဖုန်း
ပါ ထုတ် လုပ် တဲ့ Samsung ကုမ္ပဏီ က အမေရိကန် နိုင်ငံ အခြေ စိုက် ကွန်ပျူ တာ ပစ္စည်း
တွေ နဲ့  မိုဘိုင်း ဖုန်း ထုတ် လုပ် တဲ့ Apple ကုမ္ပဏီ ကို ဥာဏ မူပိုင် နည်ပညာ ကို ယူဝင် သုံး
စွဲ မှု အတွက် လျှော်ကြေား ငွေ ၁.၀၄ ဘီလျှံ ပေးဆောင် စေ လို့  ကာလီဖိုးနီးယား ပြည်နယ်
ဆန်ဟိုဆေး က  တရား ရုံး က အမိန့် ချမှတ် လိုက်ပါတယ်။

အဖွဲ့  ၀င် ၉ ဦး ပါ ခုံသမာဓိ အဖွဲ့  က Samsung ကုမ္ပဏီ နည်းပညာ ဆိုင်ရာ မူပိုင် ခွင့် ဥပဒေ
စည်း ကမ်း လေး ခု ကို ချိုးဖောက် ခဲ့ တယ် ဆို ပြီး တစ်နှစ် ကျော် ကြာ နှစ် ဘက် စစ်ဆေး
ကြား နာ ပြီး နောက် အမိန့် ချမှတ် လိုက်တာ ဖြစ်ပါတယ်။

Samsung ကုမ္ပဏီ က လည်း သူ့  ရဲ့  မူပိုင် ဒီဇိုင်း တွေ ကို စည်းကမ်းဖောက် ပြီး ရယူ သုံးစွဲ
ခဲ့ တယ် လို့  တရား စွဲ ဆို ထား ပေ မယ့် တရား သူ ကြီး တွေ က ကြား နာ မှု ပြု ပြီး နောက်
ပယ် ချ ခဲ့ ပါတယ်။

တရားရုံးမှာ ထုတ်ပြန် ခဲ့ တဲ့ Apple ရဲ့ နည်းပညာ ဆိုင်ရာ လှို့ ဝှက်ချက် ၁၉ ခု

Apple နဲ့  Samsung ကုမ္ပဏီ ဟာ ကမ္ဘာ့  လက် ကိုင် ဖုန်း ဈေး ကွက် မှာ ဈေးကွက် ဝေစု
အများ ဆုံး ရထား တာ ဖြစ် ပြီး သောကြာ နေ့  တရား ရုံး ရဲ့  ဆုံး ဖြတ် ချက် ကြောင့် သူ တို့ 
ရဲ့  ကျော်ကြား မှု နဲ့  ရောင်း အား ဟာ ဈေး ကွက် မှာ ရိုက် ခတ် နိုင်တယ် လို့  နည်း ပညာ
ဈေးကွက် အကဲ ခတ် သူ ချန်နင်း စတီဗင်ဆန် က CNET ကို ပြောပါတယ်။

မနေ့  ကတော့ အမေရိကန် ကုမ္ပဏီ Apple ရော တောင်ကိုရီယား ကုမ္ပဏီ Samsung ပါ
မူ ပိုင် ခွင့် ချိုးဖောက် တယ် ဆို ပြီး ဆိုးလ် က တရား ရုံး က အမိန့် ချမှတ် ခဲ့ ပါတယ်။

Samsung က Apple ရဲ့  iPhone 4 က ဒီဇိုင်း တွေ ကို သူ့ ရဲ့  Galaxy S series တွေ မှာ
သုံးစွဲ ခဲ့ တာ ဖြစ်ပြီး  iPad က ဒီဇိုင်း အချို့  ကို သူ့  ရဲ့  Tablet တွေ မှာ သုံး စွဲ ခဲ့ တာ ဖြစ်
ပါတယ်။

နေ့  စဉ် အမြတ် အစွန်း ကြီး စွာ ရနေတဲ့ Apple ကုမ္ပဏီဟာ ဒီလ ထဲ မှာ ပဲ ရေနံ နဲ့  သဘာ
ဝ ဓာတ်ငွေ့ တွေ ထုတ် လုပ် တဲ့ Exxon Mobil ကုမ္ပဏီ ရဲ့  ကြွယ်ဝ မှု ဘီလျှံ မှု ၄၀၀ ကျော်
ကို ကျော် ဖြတ် ပြီး ကမ္ဘာ့  အချမ်း သာ ဆုံး ကုမ္ပဏီ အဖြစ် သတ်မှတ် ခံ ခဲ့ ရ ပါတယ်။

Apple ရဲ့  အသား တင် ကြွယ် ၀မှု က တော့ ၅၄၆ ဘီလျှံ ဖြစ်ပါတယ်။

Samsung ကုမ္ပဏီ ကတော့ အသနား ခံ နိုင် ခွင့် အခွင့် အရေး ရှိ ပြီး Apple ကတော့ ဒီအမှု
မှာ သူတို့  နိုင် တာ နဲ့  ပတ် သက် ပြီး မှတ် ချက် ပေး ပြောကြား တာ မျိုး အခု ထိ မလုပ်သေး
ပါဘူး။

Apple ကို တည် ထောင် သူ စတိဗ် ဂျောဘ့် ရှိ စဉ် က Samsung ထံ က ဒေါ်လာ ၂.၅ ဘီလျှံ
လျှော် ကြေး ပေး ဖို့  တောင်း ဆို ခဲ့ ပေမယ့် တရား ရုံး က တစ် ဘီလျှံ ကျော် ပဲ ပေး စေ လို့ 
ဆုံး ဖြတ် ခဲ့ တာ ဖြစ်ပါတယ်။

ဈေးကွက် ကျွမ်းကျင် သူ တွေ ရဲ့  ခန့် မှန်း ချက် ကတော့ နည်းပညာ သမား တွေ နဲ့  ကွဲ လွဲ မှု
ရှိ ပြီး တရားရုံး ဆုံးဖြတ် ချက် ကြောင့်  စီးပွား ကျ ကာလ မှ အသုံးစရိတ် ချွေတာ နေတဲ့ အမေရိကန်
တွေ အတွက် တန်ဖိုးနည်း  Samsung ကို ကျော်ငြာ ပေး လိုက် သလို ဖြစ် နေ တယ် လို့  ဆိုပါတယ်။

Samsung ရဲ့  ရှေ့ နေ Kevin Johnson တရား ရုံးမှ ထွက် လာစဉ် ABC သတင်း ဌာန ၏ မေးမြန်းမှု

Apple ရဲ့  ရှေ့ နေ ဂျေဆင် ဘာ့တ်လက်

(Feature Photo Credit: Vicki Behringer)

About these ads
Follow

Get every new post delivered to your Inbox.

Join 526 other followers

%d bloggers like this: