လ ပေါ် ပထမဦးဆုံး ခြေချ နိုင်ခဲံ့ သည့် အကာသ သူ ရဲ ကောင်း အမ်းစထရောင်း ကွယ်လွန်
လူ့ သမိုင်း တစ်လျှောက် မှာ စွမ်းဆောင် ရည် အမြင့် ဆုံး နဲ့  စွန့် လွှတ် စွန့် စား မှု လုပ် ခဲ့ တဲ့
အာကာသ သူ ရဲ ကောင်း နီးလ် အမ်းထရောင်း ဟာ အသက် ၈၂ နှစ် အရွယ် သြဂုတ်လ ၂၅
ရက် နေ့ မှာ ကွယ် လွန် ခဲ့ ပါတယ်။
အမ်းစထရောင်း ဟာ ၁၉၆၉ ခုနှစ် ဇူ လိုင်လ ၂၀ ရက်နေ့  မှာ အပိုလို အကာသ ယာဉ် နဲ့ 
ကမ္ဘာ က နေ မိုင်ပေါင်း နှစ် သိန်း လေး သောင်း နီး ပါး ကွာ ဝေး တဲ့ လကမ္ဘာ ပေါ် ကို
ပထမ ဦး ဆုံး ခြေချ နိုင် ခဲ့ တဲ့ လူသား တစ်ဦး လည်း ဖြစ်ပါတယ်။
၁၉၆၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့  ဆိုဗီယက် အာကာသ ယာဉ်မှုး ယူရီဂါဂါ ရင် ပထမ ဆုံး
အကာသယာဉ် နဲ့  ကမ္ဘာ ကို တစ် ပတ် ပတ် ခဲ့ ပြီး နောက် မှာ အမေရိကန် နဲ့  ဆိုဗီယက်
တို့  အာကသာ ပြိုင် ဆိုင် မှု တွေ တိုး မြှင့် လာ ခဲ့ ပါတယ်။
၁၉၆၁ ခုနှစ် မေလ ၂၅ ရက်နေ့ မှာ အဲဒီအချိန် က အမေရိကန် သမ္မတ ဂျွန် အက်(ဖ) ကနေဒီ
က လ ကမ္ဘာ ပေါ် ကို အမေရိကန် နိုင်ငံ သား တစ်ဦး ပို့ ဆောင် မှာ ဖြစ် ပြီး ကမ္ဘာ ဂြိုလ် ကို
အောင် မြင် စွာ နဲ့  ပြန်လည် ရောက် ရှိ လာ အောင် ဒီ ဆယ် စု နှစ် အကုန် ပိုင်း မှာ လုပ် ပြ
မယ် လို့  ကြေငြာ ခဲ့ ပါတယ်။
သမ္မတ ကနေ ဒီ မိန့်  ခွန်း ရဲ့  အကျိုးဆက် အဖြစ် ၁၉၆၉ ခုနှစ် မှာ နီးလ်း အမ်းစထရောင်း ၊ အက်ဒွင်
နဲ့  မိုက်ကယ် ကောလင်း တို့  ဟာ အပို လို ၁၁ ယာဉ် နဲ့  အကာ သ ကို ခရီး ကို နှင် ပြီး လကမ္ဘာ
ပေါ် ကို ခြေချမှု ပြု လုပ် ခဲ့ ပါတယ်။

From left are Neil Armstrong, Mission Commander, Michael Collins, Lt. Col. USAF, and Edwin Eugene Aldrin, also known as Buzz Aldrin, USAF Lunar Module pilot.
(AP Photo/NASA)
နီးလ် အမ်း စထရောင်း နဲ့  အာကာသ ယာဉ် မှု ၃ ဦး ဟာ မနှစ် က နိုဝင်ဘာလ က အမေရိကန် ကွန်ဂရက် ကပေး အပ် တဲ့
အမြင့် ဆုံး နိုင်ငံ သား ဆု ဖြစ် တဲ့ Medal of Congress ကို ပေး အပ် ချီး မြှင့် ခံ ခဲ့ ရ ပါတယ်။
လကမ္ဘာ ပေါ် ကို ခြေ ချ ပြီး နောက် ကမ္ဘာ ကို ပြန်လည် သတင်း ပို့  ရာ မှာ အမ်းစထရောင်း က လူသား တစ်ယောက် အနေ
နဲ့  သေး ငယ် တဲ့ ခြေလှမ်း ဖြစ် ပေမယ့် လူ သား မျိုး နွယ်စု တစ်ခု လုံး အတွက် က တော့ မဟာ ခြေ လှမ်း ဖြစ် တယ်
လို့  ဆို ပါတယ်။
အမ်းစထရောင်း ဟာ အကာသ ယာဉ်မှုး အက်ဒွင် နဲ့  အတူ လ ပေါ် မှာ ၃ နာ ရီ နီး ပါး ကြာ နေ ထိုင် ခဲ့ ပါတယ်။
NASA ကနေ အနား ယူ တော့ စင်စင် နာတီ တက္ကသိုလ် မှာ စက် မှု ဘက် ဆိုင် ရာ ပါ မောက္ခ အဖြစ် တာဝန်
ထမ်းဆောင် ခဲ့ ပြီး အာကာသ သိပ္ပံ ပညာ ရပ် သင်ကြား တဲ့ တက္ကသိုလ် တွေ မှာ လည်း လိုက်လံ ဟော ပြော
ပို့  ချ ခဲ့ ပါတယ်။
ကမ္ဘာ ဂြိုလ် ကို ပြန် လည် ရောက် ရှိ လာ တဲ့ အမ်းစထရောင်း ကို CBS သတင်း ဌာန က နေ လ ကမ္ဘာ အတွေ့ 
အကြုံ နဲ့  ပတ် သက် ပြီး မေး မြန်း တဲ့ အခါ သူက ” ငါတကယ် ပဲ အာမဘန္တေ ပြော ရဲ ပါတယ်။ ဒီ နေ ရာ ဟာ
သိပ် စိတ် ၀င် စား ဖို့  ကောင်း တာ ပဲ ” လို့  ဆိုပါတယ်။
အမ်းစထရောင်း ဟာ လူ့  သမိုင်း နဲ့  ချီ တဲ့ အောင် မြင် မှု ရရှိ ခဲ့ ပေမယ့် ထည်ဝါ ခမ်းနား စွာ နေ ထိုင် ပြီး ကျော်ကြား
မှု ကို မဖန် တီးခဲ့ ဘဲ သေဆုံး သည် ထိ အေးဆေး ရိုး ရှင်း စွာ နဲ့  ဘ၀ ကို ဖြတ် သန်း ခဲ့ ပါတယ်။ သူ့  ရဲ့  လုပ် ဖော်
ကိုင် ဖက် တွေ သမ္မတ ၊ လွှတ် တော် အမတ် စသည် ဖြင့် ၀င် ရောက် အရွေး ခံ ဖို့  တိုက် တွန်း ခဲ့ ပေမယ့် သူ ဟာ
ငြင်း ပယ် ခဲ့ ပါတယ်။
၁၉၆၉ ခုနှစ် မှ ၁၉၇၂ ခုနှစ် အထိ အမေရိကန် အာကာသယာဉ် မှုး ၁၂ ဦး လ ကမ္ဘာ ပေါ် သို့  ခြေ ချ နိုင် ခဲ့ ပြီး ဖြစ်
သည်။
အမ်းစထရောင်း နှင့် အာကာသယာဉ် မှုး အက်ဒွင် တို့  လကမ္ဘာ ပေါ် ခြေချ သည့် သတင်း ကို ထိုစဉ် က မြန်မာ
ရေဒီယို မှ ကြေငြာ ခဲ့ ပြီး တော်လှန်ရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး နေ၀င်း က လည်း ဂုဏ်ယူ ၀မ်းမြောက် ကြောင်း
သ၀ဏ် လွှာ ပို့  ခဲ့ သည်။
လကမ္ဘာ ပေါ် သို့  ခြေ ချ ခါ နီး တွင် အမ်းစထရောင်း ၏ သွေး ခုန် နှုန်း သည် တစ် မိနစ် လျှင် ကြိမ် နှုန်း ရေ ၁၅၀
ရှိ သည် ဟု နာဆာ က သတင်း ထုတ် ပြန် ခဲ့ သည်။
နီးလ် အမ်းစထရောင်း ကို သြဂုတ် လ ၅ ရက်နေ့ တွင် အိုဟိုင်းယိုး ပြည်နယ် ၀ါပါ ကိုနီတား တွင် မွေး ဖွာ ခဲ့ သည်။

လ ပေါ် မှာ ခြေချ ခဲ့ တဲ့ အမ်းစထရောင်း ရဲ့  ခြေရာ

အမေရိကန် အလံ ကို စိုက် ထူ ပြီး နောက် အလေး ပြု နေ စဉ်

အာကာသ သူ ရဲ ကောင်း သုံးဦး ကို အမေရိကန် မြို့  တိုင်း က ခမ်းခမ်းနားနား ကြိုဆို
ဂုဏ်ပြု

ကမ္ဘာ ဂြိုလ် သို့  ပြန် လည် ရောက် ရှိ လာသည့် အာကာသ ယာဉ် မှုး ၃ ဦး ကို သမ္မတ ရစ် ချတ် နစ် ဆင် က ကြို ဆို နှုတ် ဆက် နေ စဉ်

Medal of Congress ဆုယူ ပြီး နောက် သမ္မတ အိုဘားမား နှင့် တွေ့ ဆုံ စဉ်
Source : NBC, Washington Times
Comments are closed.









great lost for our world …
ကြယ်လတံဆိပ်နဲ့ မူဆလင်တွေကို လပေါ်မှာနေနိုင်အောင် အမေရိးကားကလုပ်ပေးနိုင်ရင် ကမ္ဘာကြီး တော်တော်ငြိမ်းချမ်းသွားမှာ။
ကမ္ဘာလူမျိုးနွယ်မိသားစုဝင်တစ်ယောက်အနေဖြင့်
ကမ္ဘာပေါ်ရှိလူသားအားလုံးအနာဂတ်မျှော်လင့်ချက်
အတွက်စွန့်လွတ်စွန့်စားမှုပြုလဲ့သောအာကာသသူ
ရဲကောင်းနီလ်အန်းစထရောင်းကွယ်လွန်ခြင်းအတွက်
ကမ္ဘာမိသားစုဝင်နိုင်ငံများထဲမှမြန်မာနိုင်ငံသားတစ်ဦး
နေဖြင့်ဝမ်နည်းရပါကြောင်း။
i feel so sorry .