Skip to content

ကျပ်ငွေ ၅၀၀၀ တန်အတု သိန်း ၁၅၀ ကျော်သိမ်းဆီးရမိ

551874_496862876990375_1851841515_n

ကျပ် ၅၀၀၀ တန် အရွက် ၃၁၇၈ ရွက် တန်ဘိုးအားဖြင့် ၁၅၈၉၀၀၀၀ ကို ရှမ်းအမျိုးသမီး နန်းနု
(ခ) နန်းပေါ့တ် အတူ (Shan State South – SSS) ပြည်သူ့ စစ်အဖွဲ့ က သြဂုတ်လ ၂၄ ရက်နေ့  က ရှမ်းပြည်တောင်ပိုင်း ဟွာမူယန်း(ဟွာမိုင်း) ကျေးရွာ မှာ ဖမ်းဆီးလိုက်ပါတယ်လို့ 
ရှမ်းသံတော်ဆင့် ထိုင်းဘာသာဝက်ဘ်ဆိုက်သတင်းမှာ ဖေါ်ပြထားပါတယ်။
မြန်မာကျပ်ငွေ သိန်း ၁၅၀ ကျော်ကို ထိုင်းဘက်ခြမ်း

မဲ့ဟောင်ဆောင် ခရိုင်ကို ဖြတ်ကျော်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းကို ယူဆောင်သွားတာဖြစ်တယ်။
ငွေတု နန်းနု (ခ) နန်းပေါ့တ် ဟာ နားကုန်းကျေးရွာ၊ လန်းခရူးယားကျေးရွာအုပ်စု၊ ရှမ်းပြည်တောင်ပိုင်း
ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံ မဲ့ဟောင်ဆောင်ခရိုင်မှာ အခြေချနေထိုင်နေတာ နှစ် 20 ကျော်ရှိပြီဖြစ်တယ်။
အဖမ်းခံရသူ နန်းနု(ခ) နန်းပေါ့တ်ဟာ အရင်က ၂ ကြိမ် သွားရောင်းခဲ့တယ်။ တကြိမ်က ကျပ် ၃
သိန်းဖြစ်ပြီး ဒုတိယအကြိမ်က သိန်း ၅၀ ဖြစ်တယ်၊ ငွေတုတွေကို ထိုင်းနိုင်ငံချင်မိုင်မြို့ နေ ရှမ်းလူမျိုး စော
ဆိုသူဆီက ယူခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောတယ်။ အခုအခါမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက
စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့  ဆိုပါတယ်။

news and phot via ဘီဘီစီ ၀င်းမြင့် BBC Winmit 
About these ads
Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: