Skip to content

အာဖဂန် ပြည်သူ တွေကို တာလီဘန် တွေ ခေါင်းဖြတ် သတ်

article-2140709-12EC9390000005DC-113_468x317

အာဖဂန် နစ္စတန် တောင် ပိုင်း ဟယ်(လ) မန် ပြည် နယ် က ၀ါရှီယာ ခရိုင် မှာ တနင်္ဂနွေနေ့ က
ကျင်း ပတဲ့ ပါတီ ပွဲ တစ် ခုမှာ လာရောက် ကခုန် သီဆို နေ ကြ တဲ့ အပြစ် မဲ့ အာဖဂန် နစ္စတန်
ပြည် သူ ၁၇ နှစ် ဦး ကို တာလီဘန် တပ် သား တွေ  က ရက် ရက် စက် စက် ခေါင်း ဖြတ် သတ်
ပစ် ရာ မှာ အပြစ် မဲ့ အမျိုး သမီး နှစ် ဦး ပါ ပါ ၀င် တယ် လို့  သိရ ပါတယ်။

ဒီ ဒေသ ကို တကျော့ ပြန် စိမ့် ဝင် လာ တဲ့ တာလီဘန် တွေ ဟာ ပြီး ခဲ့ တဲ့ ရက် သတ္တပတ် အတွင်း
ဒီဒေသ မှာ တိုက် ခိုက် မှု တွေ ဆက် တိုက် လုပ် လာ ခဲ့ ပြီး မနေ့  က တနင်္ဂနွေ နေ့  တစ်နေ့ တည်း
မှာ ပဲ နေ တိုး တပ် ဖွဲ့  နှစ် ဦး အပါ အ၀င် အရပ် သား တွေ ကို တိုက် ခိုက် ခဲ့ ပါတယ်။

နိုင်ငံ အရှေ့  ပိုင်း ဒေသ မှာ သေဆုံး ခဲ့ တဲ့ ၂ ဦး ဟာ တာလီဘန် စစ် သား တွေ က စစ်သား ဒါမှ
မဟုတ် ရဲအယောင် ဆောင် ပြီး တိုက် ခိုက် မှု တွေ ထဲ က သေဆုံး ပြီး ခဲ့ တဲ့ မဟာမိတ် တပ် သား
၄၂ ဦး ထဲ က တစ် ဦးဖြစ်ပါတယ်။

ဝါရှိ ယာခရိုင် အုပ် ချုပ် ရေး အာဏာ ပိုင် တွေ က တော့ ဒီ တိုက် ခိုက် မှု တွေ ကို ဘယ်သူ က လုပ်
ဆောင် တယ် လို့  တရား ၀င် ထုတ် ပြော မထား သေး လို့  အရပ် သား တွေ ကို ခေါင်းဖြတ် သတ် မှု
နောက် ကွယ် မှာ တာလီဘန် ပဲ ရှိ တာ လား ၊ ဘယ်သူ ရှိ နေ တာ လဲ ဆို တာ ကို ဆက် လက် စုံ
စမ်း ဆဲ လို့  ဆို ပါတယ်။

ဘာသာရေး အစွန်း ရောက် တာလီဘန် တပ် ဖွဲ့  ဟာ အမျိုး သမီး တွေ ပါတီ ပွဲ လန်း သဘင် မှာ
မသင့် လျှော် ဘူး ဆို တဲ့ အမြင် ရှိ ပွဲ ပွဲ လန်း သဘင် လုပ် ပြီး သီ ဆို က ခုန် တာ ကို လည်း မနှစ်
မြို့ တာ ကြောင့် ပါတီ ပွဲ ကို ၀င် ရောက် စီး နင်း စဉ် သူ တို့  ဖမ်းဆီး ရ မိ တဲ့ လူ တွေ ကို ရက် ရက်
စက် စက် ခေါင်း ဖြတ် သတ် ပစ် တာ ဖြစ်ပါတယ်။

ပါတီ ကျင်း ပ ရာ မူဆာ ကာလာ ရွာ နား မှာ ရှိတဲ့ ကို တော တွင်း တစ်နေ ရာ ခေါ် ဆောင်ကာ ပါတီ ပွဲ လာတဲ့
သူတွေ နဲ့  အမျိုး သမီး ကချေ သည် နှစ် ဦး သတ် ပစ် ခဲ့ တာ ဖြစ် ပြီး တနင်္လာ နေ့  က
အလောင်း တွေ ကို တွေ့ ရှိ ခဲ့ တာ ဖြစ် ပါ တယ်။

ပြီး ခဲ့ တဲ့ ရက် ပိုင်း အတွင်း မှာ ပဲ အာဖဂန် နစ္စတန် မှာ ခြေ စိုက် တဲ့ အမေရိကန် တပ် ဖွဲ့  ၀င် တွေ
ရဲ့  မောင်း သူ မဲ့ လေယာဉ် နဲ့  တိုက် ခိုက် မှု အတွင်း မှာ တာလီဘန် ခေါင်း ဆောင် အချို့  နဲ့  ဟာ
ကါနီ ကွန်ယက် က တပ် မှုး တွေ သေဆုံး ခဲ့ ကြ ပါတယ်။

ညွန့် ပေါင်း တပ် တွေ က ဖမ်းဆီး ရ မိ တဲ့ တာလီဘန် တိုက် ခိုက် ရေး တပ်သား
တွေ AFP PHOTO/ JANGIR (Photo credit should read JANGIR/AFP/GettyImages)

About these ads
One Comment
  1. Htay Win #

    Thanks for valuable up date news and weekly statement for fortune.

    August 28, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: