Skip to content

ပြန်ကြား ရေး ၀န် ရာထူး မှ ဦးကျော်ဆန်း ဖယ်ရှားခံရ

For F

မြန်မာ အစိုးရ အဖွဲ့  အတွင်း မှာ ၀န်ကြီး ကိုး ဦး နဲ့  ဒုဝန်ကြီး တွေ ကို ပြောင်း လဲ တာဝန် ပေး
မှု တွေ ပြု လုပ် ကြောင်း  သမ္မတ ရုံး မှ ယနေ့  တရား ၀င်  ကြေငြာ မှု ပြု ခဲ့ သည်။

၂၀၀၂ ခုနှစ် စက်တင်ဘာ လ ၁၃  ရက် နေ့ တွင် စတင် ထမ်းဆောင်ခဲ့ သည့် ပြန်ကြား ရေး ၀န်
ကြီး တာဝန် ကို သြဂုတ် လ ၂ရ ရက် နေ့ တွင် မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏ အမိန့် ဖြင့်
ရပ် နား ခံ ရ သည့် ဦး ကျော်ဆန်း မှာ သမ၀ါယမ ၀န်ကြီး နေရာ ကို ပြောင်း လဲ တာဝန် ထမ်း
ဆောင် ရမည် ဖြစ်သည်။

ဦးကျော်ဆန်း သည့် ပြန်ကြား ရေး ၀န်ကြီး ဌာန နှင့် ယဉ်ကျေးမှု ၀န် ကြီး ဌာ န နှစ် ခု ကို ပူး တွဲ
တာ ၀န် ထမ်းဆောင် ခဲ့ ရ ပြီး ယခု အခါ တွင် မကြာခင် ဖျက် သိမ်း တော့ မည့် သမ၀ါယမ ၀န်ကြီး
ဌာ န ၀န်ကြီး တာဝန် ကိုသာ ထမ်းဆောင် ရ တော့ မည် ဟု ဆိုသည်။

သမ္မတ ၏ ပြည်ထောင် စု အဆင့် ငြိမ်း ချမ်း ရေး ကိုယ် စားလှယ် တော် အဖြစ် တာဝန် ထမ်းဆောင်
နေ သည့် မီးရထား ၀န်ကြီး  ဦးအောင်မင်း မှာ သမ္မတ ရုံး ၀န်ကြီး များ အဖြစ် ပြောင်း လဲ တာဝန်
ထမ်းဆောင် ရမည် ဖြစ်သည်။

ယခင် အလုပ် သမား ၀န်ကြီး ဦးအောင်ကြည် သည် ပြန်ကြား ရေး ၀န်ကြီး နေရာ သို့  ပြောင်း လဲ တာ
ဝန် ထမ်း ဆောင် ရမည် ဖြစ် သည်။

ဦးအောင်ကြည် သည် ယခင် က ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရ အဖွဲ့ ကြား ဉ် ဆက်ဆံ ရေး ၀န်ကြီး
အဖြစ် တာဝန် ထမ်းဆောင်ခဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ ပူး တွဲ သတင်းစာ ရှင်းလင်း ပွဲများ
ပြု လုပ် ခဲ့ ဖူးသည်။

ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးကျော်ဆန်း တာဝန်စတင် ထမ်းဆောင် ရမည့် သမ၀ါယမ ၀န်ကြီး ဌာန
နှင့် ပတ် သက် ပြီး သန်လျှင် မြို့  ရှိ သမ၀ါယမ တက္ကသိုလ် မှ သင်ကြား ပြသသူ တစ်ဦး ထံ FNG မှာ
ဆက် သွယ် မေးမြန်းရာ ” ကျွန် တော် တို့  CO-OP တက္ကသိုလ် က ပညာရေး ၀န်ကြီးဌာန လက်အောက်
ရောက်မယ် ဗျာ .. သမ၀ါယမ ၀န်ကြီး ဌာန က တော့ မကြာ ခင် ဖျက် သိမ်း ပြီး ၀န်ထမ်း တွေ ကို တခြား
ဌာ တွေ ကို ခွဲ ပို့  မယ် လို့  ဒီလဆန်း ပိုင်း ကတည်း က ကြား တာ ပဲ ဟု FNG ကို ပြော သည်။

ယနေ့  နေ့  စွဲ ဖြင့် ထုတ် ပြန် သည့် သမ္မတ ၏ အစိုးရ အဖွဲ့  ၀င် ၀န်ကြီး ရာထူးများ ပြောင်း လဲ သည့် နေရာ
ဉ် ဒု ၀န် ကြီး ၁၅ ဦး ကို လည်း အသစ် ခန့်  အပ် လိုက် သည် ပူး တွဲ ပါ ရှိသည်။

မြန်မာ နိုင်ငံ ၏ သတင်း နည်းပညာ လောက တွင် ရှေ့ ဆောင် ဦးရွက် ပြု ခဲ့ သူ တစ်ယောက် ဖြစ် ပြီး
ကွန်ပျူတာ နှင့် ဆောဖ်ဝဲ ရေး သွင်း မှု ကျွမ်းကျင် သူ မြောက် များ စွာ ကို မွေး ထုတ် ပေး ခဲ့ သည့်
KMD ကွန် ပျူတာ သင်တန်း ကျောင်း အား တည် ထောင်သူ ဦးသောင်းတင် သည် ဆက် သွယ်ရေး
နှင့် ကြေး နန်း ဒုတိယ ၀န် ကြီး ဖြစ်လာ ခဲ့ သည်။

ယခင် အလုပ် သမား ၀န်ကြီး ဦးအောင်ကြည် ပြန်ကြား ရေး ၀န်ကြီး ဖြစ်လာ သည် ကို သတင်း မီဒီ
ယာ နှင့် ဖျော် ဖြေရေး မီဒီယာ အသိုင်း အ၀ိုင်း က ကြို ဆို ကြ သည် ဟု သိရသည်။

ယနေ့  ပြု လုပ် သည့် ၀န် ကြီး များ ပြောင်း ရွှေ့ မှု့ ဉ် နောက် ကွယ် တွင် ယခင် မြန်မာ စစ် ခေါင်းဆောင်
ဟောင်း ဗိုလ်ချုပ်မှုးကြီး အငြိမ်းစား ဦးသန်း ရွှေ ရှိ မည် ဟု သတင်း သမား အချို့  က ယုံကြည် ကြ ပြီး
သမ္မတ ဦး သိန်းစိန် ၏ အစိုးရ သစ် လက် ထက် တွင် အရေး ပါ သည့် ပြောင်း လဲ မှု တစ် ရပ် ဖြစ်သည်။

လက်ရှိ ရာ ထူး မှ ဦးကျော်ဆန်း ဖယ်ရှား ခံ ရသည့် သတင်း သည် ၂၀၀၄ ခုနှစ် မြန်မာ အစိုးရ ၀န်ကြီး
ချုပ် ဟောင်း နှင့် စစ်ထောက် လှမ်း ရေး အကြီး အကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်  ကို ရာထူး မှ ဖယ်ရှား ပြီး
နောက် ပြည် သူများ စိတ် ၀င် စား မှု အရှိ ဆုံး သတင်း ဟု FNG မှ သိရှိ ရသည်။

About these ads
4 Comments
  1. ko min thtet #

    KMD သူဌေး က ဒုဝန်ကြီးဖြစ်လာတယ်ဟုတ်လား… သူ့ ကုမဏီမှာတော့ နိုင်ငံရေးအကြောင်းမပြောရ..မလုပ်ရဘူးလို့ … နိုင်ငံရေးအကြောင်းပြောလို့ ရှိရင်
    အလုပ်ကထွက်လို့ သတ်မှတ်ထားတာ… သူကိုယ်တိုင်တော့ နိုင်ငံရေးသမားတွေနဲ့ ပေါင်းပြီး ရာထူးဂုဏ်ထူးတွေပါရလို့ ပါလားး
    ကွန်ပျူတာပညာရှင်တွေမွေးထုတ်ပေးတယ် ဆိုတာကလည်း…. ပိုက်ဆံမရှိရင်ဘယ်သူ့ ကိုမှ သူ့ သင်တန်းက အလကားမသင်ပေးပါဘူး

    August 29, 2012
  2. ဝန်ကြိ အဖယ်ရှားခံရလိုဆန္ဒပြကျမလား
    ဝန်ကြိးကို ဖယ်ရှားတာနှောက်ကျလို ဆန္ဒပြကျမလား
    တခုခုလုပ်ရင်ကောင်းမယ်

    August 28, 2012
    • aungthiha #

      သွားစမ်းမာ ကျော်ဆန်းရာ

      September 7, 2012

Trackbacks & Pingbacks

  1. ဘ၀ ဇာတ်ကြောင်း ကို ဦးကျော်ဆန်း စာ အုပ် ထုတ် ဝေမည် | Freedom News Group

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: