Skip to content

Power Ball ကံထူးရှင် ဒေါ်လာ သန်း ၃၀၀ ကျော် ဆွတ်ခူး

abc_powerball_winner_check_jef_120831_wg

အသက် ၄၄ နှစ် အရွယ် ရှိ မစ်ချီဂန် ပြည်နယ် သား ရထား လမ်း အင်ဂျင် နီယာ ဒေါ်နယ် လော်
ဆင် သည် အမေရိကန် ထီဆု တစ် မျိုး ဖြစ်သည့် Power Ball ကို ယနေ့ သောကြာနေ့  ည တွင်
ကံထူးသွား ရာ ဒေါ်လာ ၃၃၇ သန်း ရရှိ မည် ဖြစ်သည်။

လော်ဆင် သည် အခွန် များ ဖြတ်တောက် ပြီး ပါ က ဒေါ်လာ ၂၂၄ သန်းကျော် ရရှိ မည် ဖြစ်သည်။
သူသည် သန်းကြွယ် သူဌေး ဖြစ် သွား သော် လည်း ဈေးကြီးသည့် ကင်းပုဇွန် နှင့် အမဲအသဲ
ညစာ တို့ ကို သုံးဆောင် မည် မဟုတ် ပဲ မက်ဒေါ်နယ် စားသောက် ဆိုင် တွင် ဟမ်ဘာဂါ ကို
တန်းစီ မှာ ယူစား သောက် ရသည့် ရိုးရှင်း သော ဘ၀ ကို သာ နှစ် သက် သည် ဟု ဆိုသည်။

သူထိုးထား သည့် ပေါက်မဲ နံပါတ် 6, 27, 46, 51, 56  Power Ball  21 ပေါက်သည် မှာ
ကျိန်းသေ သည့် အခါ လော်ဆင် သည် အလုပ် မှ နှုတ် ထွက် လိုက် သည်။ သူက ထီလက်
မှတ် ဆုငွေ လက်ခံ ချိန် ဉ် သူ ၏ သား နှစ်ယောက် ကို ကောလိပ် ထား နိုင် ပြီ ဟု CNN သတင်း
ကို ပြောသည်။

မတ်လ က Jack Pot ထီဆု ငွေ သည် ဒေါ်လာ သန်း ၆၄၀ ထိ ဖြစ်ခဲ့ ကာ ပေါက်မဲ နံပါတ်တူ
သုံးဦး ဆု ကို အညီအမျှ ခွဲဝေ ရယူ ခဲ့ ကြသည်။

ဒေါ်နယ် လော် ဆင် သည် Power Ball ထီ ဆုဖွင့် ပွဲ သမိုင်း ဉ် တတိယ မြောက် ဆု ကြေး
ငွေ ရရှိသူ အများ ဆုံး ဖြစ်ပြီး ၊ Jackpot သမိုင်း ဉ် သတ္တ မ မြောက် ဖြစ်သည်။

ဒေါ်နယ် လော်ဆင် က သတင်းထောက် များ ကို ပြောရာ ဉ် ငွေ သည် ထာဝရ မြဲ သည့် အရာ
မဟုတ် သဖြင့် အကျိုးရှိ အောင် အသုံး ချတတ် ဖို့  လို ကြောင်း နှင့် မရောက် ဖူးသည့် ဒေသများ
သို့  လည်း ခရီး သွား မည် ဟု ပြောသည်။

About these ads
One Comment
  1. တကယ်ကို ကံကောင်းပါတယ်………ကျနော်လော်ဆင်အတွက်အများင်္ကြီးဂုဏ်ယူမိသူပါ။
    မနာလိုသူအတွက်ကတော့ လော်ဆင် ငွေ ကိုလိုချင်တာပေါ့နော်.လိုချင်ရင်ထီ ထိုးပါနော်။။။။။။။။။ကျေးဇူးပါ။

    September 9, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: