Skip to content

ကာကွယ်ရေး ၀န်ကြီး နေရာ ကို ဦးသန်းရွှေ နှင့် ရင်းနှီးသူ ကို ခန့် ထားမည်

000ph2

ရန်ကုန်တိုင်း ၏ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကာကွယ်ရေး ဦးစီးချုပ် အမိန့် 
ဖြင့် ပြောင်းလဲ တာဝန်ပေးခံရသည့်  စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်အား လက်ရှိ
ကာကွယ် ရေးဝန် ကြီး  ဒုတိယဗိုလ်ချုပ်ကြီးလှမင်း နေရာ တွင် အစား ထိုး ခန့်  အပ် ရန် ကာကွယ်
ရေး စီးချုပ် မှ စီစဉ် နေကြောင်း FNG မှ သတင်း ရရှိသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်သည်လည်း ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင် ဒုတိုင်းမှူး၊ နေပြည်တော်
စစ်တိုင်းမှူး  တာဝန်များ ကို ထမ်းဆောင် ခဲ့ ပြီး စစ်ထောက်ချုပ်ဖြစ်လာသူဖြစ်သည်။ ၎င်းအား ကာ
ကွယ်ရေး ၀န်ကြီး အဖြစ် ပြောင်းလဲ တာဝန် ထမ်းဆောင် စေခြင်းသည် ယခင် မြန်မာ စစ်ခေါင်းဆောင်
ဟောင်း ဗိုလ်ချုပ်မှုးကြီး အငြိမ်းစား ဦးသန်းရွှေ နှင့် နီးစပ် သောကြောင့် တပ် တွင်း အသိုင်း အ၀ိုင်း
က ထင်မြင် ချက်ပေး ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် ကာကွယ် ရေး ၀န်ကြီး တာဝန် ထမ်းဆောင် နိုင်ရန် အတွက် လွှတ်တော်
တွင်း သို့  ဦးစွာ ပို့  ဆောင် ခဲ့ ခြင်း ဖြစ်သည် ဟု သုံးသပ် ကြသည်။

ပြီး ခဲ့ သည့် သတင်း ပတ် အတွင်း ၀န်ကြီး နှင့် ဒုဝန်ကြီး နေရာ များ ကို ပြောင်း လဲ တာဝန် ပေးမှု များ
ကို သမ္မတ ဦးသိန်းစိန် က စီစဉ် ခဲ့ သည်။

ကာကွယ်ရေး ၀န်ကြီး ရာထူး သည် မြန်မာ အစိုးရ အဖွဲ့  တွင်း ဉ် အရေး ပါသည့် ရာထူး လည်း ဖြစ်သည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 530 other followers

%d bloggers like this: