Skip to content

နိုင်ငံခြား ရင်းနှီးမြုပ်နှံ မှု ဥပဒေ အတည် ပြု ပြီ

socialnetworks2

ကြာရှည် စွာ စောင့် စား ခဲ့ ရသည့် နိုင်ငံ ခြား ရင်းနှီးမြုပ် နှံ မှု ဆိုင်ရာ ဥပဒေ ကို ယနေ့  လွှတ်
တော် မှ အတည် ပြု လိုက် ပြီ ဖြစ်သည် ဟု အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးသိန်း
ညွန့်  က ရိုက်တာ သတင်း ဌာန ကို ပြောသည်။

ကနဦး ပိုင်း က ဥပဒေ ကြမ်း တွင် ကုန်ထုတ် လုပ် မှု ၊ လယ်ယာ နှင့် စိုက် ပျိုး မွေး မြူရေး ၊
ငါးဖမ်း လုပ်ငန်း များ ကို ကန့်  သတ် ထား ခဲ့ သော် လည်း ယခု ဥပဒေ ကြမ်း တွင် ၊  ကမ်း
နီး ၊ကမ်း ဝေး နှင့် မြန်မာ့ ပင်လယ် ပြင် ငါးဖမ်း လုပ်ငန်း များ ကို သာ တိုင်းရင်း သား လုပ်
ငန်း ရှင် တို့  အကျိုး အတွက် ကန့်  သတ် ထား သည်။

ယခင် က အဆို ပြု ထား သည့် အနည်း ဆုံး ဒေါ်လာ ၅ သန်း ရင်း နှီး မြုပ် နှံ ရမည် ဆို သည့်
အချက် အား ရင်း နှီး မြုပ် နှံ မှု ကော် မရှင် က လုပ်ငန်း အမျိုး အစား ပေါ် လိုက် ပြီး အနည်း
ဆုံး  အရင်း အနှီး မည် မျှ ထည့် ၀င် ရမည် ဆိုသည့် အချက် ကို သတ် မှတ် ပေး သွား မည်
ဖြစ်သည်။

မြန်မာ နိုင်ငံ တွင် နိုင်ငံ ခြား ရင်း နှီး မြုပ် နှံမှု ဥပဒေ ထွက် ရှိ မလာ သေး ကြောင့် နိုင်ငံ ခြား
ရင်း နှီး မြုပ် နှံ သူ အချို့  မှာမြန်မာ နိုင်ငံ တွင်း ၀င်ရောက် လုပ် ကိုင် မည့် စီး ပွား ရေး များ အတွက်
စောင့် ဆိုင်း နေရဆဲ ဖြစ် သည်။

ယနေ့ ထွက် ရှိ လာ သည့် နိုင်ငံ ခြား ရင်း နှီး မြုပ် နှံ မှု ဥပဒေ ကြမ်း တွင် နိုင်ငံ ခြား သား စီး
ပွား ရေး လုပ်ငန်း ရှင် များ ကို တစ်စုံ တစ်ရာ စွဲ ဆောင် နိုင်မည့် မက် လုံး မပါရှိ ခြင်း မှာ ဥပဒေ
ပြု သူ တို့  ၏ အားနက် ချက် ပင် ဖြစ်သည် ဟု စီးပွားရေး နှင့် ကုန် သွယ်ရေး ဆိုင်ရာ ဥပဒေ ပညာ
ကို ကျွမ်းကျင် သူများ က ထောက် ပြ ကြသည်။

ယနေ့  ထွက်ရှိ လာသည့် ဥပဒေ ကြမ်း တွင် တိုင်းရင်းသား စီးပွား ရေး လုပ်ငန်း ရှင် များ နှင့် ဖက်
စပ် ပူး တွဲ လုပ် ကိုင် ရန် အတွက် ဝေ စု အများ ဆုံး ပဏာ မ ကို လည်း ပြင် ဆင် ထား သည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: