Skip to content

ရဲဘော်သုံးကျိပ် ၀င် ဗိုလ်မှုးချုပ် ဟောင်း ကျော်ဇော ကို မြန်မာပြည် ပြန် ခွင့် ပြု

b35222

တရုတ် ပြည် ကူမင်း မြို့  ရှိ ဆေး ရုံ တစ်ခု တွင် ဆေးကုသမှု ခံ နေရသည့် ရဲဘော်သုံးကျိပ် ၀င် ဗိုလ်မှုးချုပ်
ဟောင်း ကျော်ဇော ယနေ့  သမ္မတ ဦးသိန်းစိန် ၏ အမိန့်  ဖြင့်  မြန်မာပြည် ကို  ပြန် ခွင့် ပြု လိုက် သည် ဟု FNG မှ သတင်း ရရှိသည်။

ဆယ်စုနှစ် လေးစု နီး ပါး ကြာ နယ်စပ် ဒေသ နှင့် အခြား နိုင်ငံ များ တွင် အခြေချ နေ ထိုင်ရသည့်
မြန်မာ့ တပ် မတော် ၏ ခေါင်းဆောင် တစ်ဦး ဖြစ်သူ  ဗိုလ်မှုးချုပ် ဟောင်းကျော်ဇော သည် ပြီး ခဲ့
သည့် ရက် အနည်း ငယ် အတွင်း က မြန်မာ ပြည်သို့  ပြန် ပြီး ရွှေတိဂုံ စေတီ တော် ကို ဖူး မျှော်
ချင် သည် ဟု ပြောခဲ့ သည်။

ဗိုလ်မှုးချုပ် ဟောင်း ကျော်ဇော  သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် နဲ့  ဒေါ်အောင်ဆန်းစုကြည် ကို
အစဉ် အားပေး ထောက် ခံ မှု ပြု ခဲ့ သူ လည်း ဖြစ်သည်။

ရဲဘော်သုံး ကျိပ် စာရင်း

ယမန် နှစ် က လွတ်လပ် သော အာရှ အသံ မြန်မာ ပိုင်း အစီ အစဉ် သောတရှင် များ ၏  မေးမြန်း မှု တစ်
ခုကို ဖြေကြား မှု  တစ်ခု တွင် သော တရှင် တစ်ဦး က ဒေါ်အောင်ဆန်းစုကြည် ကို  “  ဗိုလ်မှုးချုပ် ဟောင်း
ကျော် ဇော ကို ပြန် ခေါ် ဖို့  အစီ အစဉ် ရှိလား ဆိုသည့်မေး ခွန်း ကို  သူမ က ကျွန်မ တို့  ဟာ တစ်ဦး
တစ်ယောက် တည်း အတွက် အလုပ် လုပ် နေတာ မဟုတ်ဘူး လို့  ” ဖြေကြား ခဲ့ သည်။

ဗိုလ်မှုးချုပ် ကျော်ဇော သည် မြန်မာ့ လွတ်လပ် ရေး ကြိုးပမ်း မှု သမိုင်း တွင် ပါဝင် ခဲ့ သူ ဖြစ်သ လို
တရုတ် ဖြူ ကျုးကျော်စစ် ၊ မြန်မာ့ ရန် နှိမ် စစ် ဆင် ရေး များ တွင် လည်း ဦးဆောင်  ပါဝင် ခဲ့ သည်။

သူဘ၀ အကြောင်း ကို ဆိုင်းစု မှ သည် မန်စီ သို့  ဆိုသည့် အမည် ဖြင့် ရသ အတွေ့  အကြုံ စာ အုပ်
ရေးသား ခဲ့ သည်။

ဗိုလ်မှုး ချုပ် ဟောင်း ကျော် ဇော ကို ၁၉၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့  တွင် ပဲခူး တိုင်း သာယာ ၀တီ
ခရိုင် တွင် ဖွား မြင် ခဲ့ သည်။

ဗိုလ်မှုးချုပ် ဟောင်း ကျော် ဇော အား မြန်မာ နိုင်ငံ သို့  ပြန်လာ ခွင့် ပြု ခြင်း နှင့် ပတ် သက် ပြီး မန္တလေး အခြေ
စိုက် စာ နယ်ဇင်း သမား တစ်ဦး က သမ္မ တ ကြီး သည် အလွန် ကြင်နာ သနား တတ် သူ ဟု မှတ် ချက် ပေး
သည်။

About these ads
One Comment
  1. minzawoo #

    အမြဲတမ်းအာပေးနေမယ်

    September 8, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: