Skip to content

ဦးနေ၀င်း သမီးပိုင် န၀ရတ် ဟိုတယ် ပြန်ဖွင့်မည်

0shwe1

HKT  ရန်ကုန်မြို့  အင်းစိန် လမ်းမ အမှတ် ၂၅၇ တွင် ရှိသည့် န၀ရတ် ဟိုတယ် ကို အကြီးစား ပြင်
ဆင်မှု များ ပြု လုပ် နေ ပြီး မကြာခင် ပြန်လည် ဖွင့်လှစ်တော့ မည် ဟု FNG မှ သတင်း ရရှိ
သည်။

န၀ရတ် ဟိုတယ် ကို မူလ ပိုင်ရှင် ဖြစ်သည့်အာဏာရှင်ဟောင်း ဦးနေ၀င်း ၏ သမီး ဖြစ်သူ ဒေါ်
စန္ဒ၀င်း နှင့် သူ၏ မိသားစု က ပင် ဆက်လက် စီမံ ခန့် ခွဲ မည် ဟု သိရသည်။

န၀ရတ် ဟိုတယ် ကို ၁၉၉၄ ခုနှစ် တွင် ဖွင့် လှစ် ခဲ့ ပြီး ၂၀၀၂ ခုနှစ် ဆန်း ပိုင်း တွင် ဦးနေ၀င်း နှင့်
မိသား စုများ ကို မြန်မာ အစိုးရ က နေ အိမ် အကျယ် ချုပ် ချ ပြီး နောက် လုပ်ငန်း စီမံ ခန့် ခွဲ မှု
များ ရပ် ဆိုင်း သွား ခဲ့ သည်။

ယခင် ဖွင့်လှစ် ခဲ့ သည့် န၀ရတ် ဟို တယ် တွင် ညကလပ် တစ်ခု နှင့် ရေကူးကန် များ လည်း
ပါဝင် ခဲ့ ပြီး လူကုံထံ အသိုင်း အ၀ိုင်း မှ လူငယ် များ မှာ  ထို ဟိုတယ် ၏ ညကလပ် တွင် လွတ်
လပ် စွာ ပျော် ပါး နိုင်ကြ သည်။

န၀ရတ် ဟိုတယ် ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ လ ခရီးသွား ရာ သီ အမှီ ဖွင့်လှစ် မည် ဖြစ် ပြီး ဒေသတွင်း
သတင်း စာများ ဖြစ်သည့် ဘန်ကောက် ပို့  စ် ၊ စင်္ကာ ပူ စထရိတ် တိုင်း(မ) တို့  တွင် ပင် ဟိုတယ်
ကို ပြန်ကြော် ငြာ မည် ဟု ဆိုသည်။

န၀ရတ် ဟို တယ် သည် ၁၉၉၄ ခုနှစ် က ဖွင့် လှစ် စဉ် က တည်း က ခရက်ဒစ် ကဒ် ၀န်ဆောင် မှု
ဖြင့် ငွေ ပေး ချေ နိုင် ပြီး ဟိုတယ် ၏ အင်တာ နက် ဒို မိန်း ကို လည်း Yapri တွင် ထား ရှိ ကာ
အွန်လိုင်း မှ အခန်း မှာ ကြား နိုင် သည်။

ဒေါ်စန္ဒ၀င်း သည် ဦးနေ၀င်း နှင့် အတူ နေ အိမ် အကျယ် ချုပ် ကျ ခံ ရ ပြီး နောက် ၂၀၀၈ ခုနှစ် ဒီဇင်
ဘာ လ တွင် ပြန် လည် လွတ်မြောက် လာ ပြီး သူ ၏ သား ဖြစ်သူ မှာ ယခု နှစ် ဇန်န၀ါ ရီလ တွင်
လွတ် မြောက်လာခဲ့ သည်။

န၀ရတ် ဟိုတယ် ပြန်လည် ဖွင့် လှစ် မည့် သတင်း နှင့် ပတ် သက် ပြီး ရန်ကုန် မြို့  ရှိ ဟိုတယ် လုပ်
ငန်း ရှင် တစ်ဦးက ” နိုင်ငံခြား ခရီးသွား များ ၀င်ရောက် မှု များ လာ သော ကြောင့် န၀ရတ် ဟိုတယ်
အနေ ဖြင့် ယခင် မိတ်ဟောင်း ၊ မိတ်သစ် များ ရ နိုင် သည် ” ဟု သုံးသပ် ပြောကြား သည်။

န၀ရတ် ဟိုတယ် ကို ဧပြီ လ ကတည်း က ပြန်လည် ပြင်ဆင် နေရာ ပြင် ဆင် မှု ၏ ၇၀ ရာ နှုန်း ကျော်
ပြီး စီး သွား ပြီ ဟု သိရသည်။

ဟိုတယ် ၏ မန်နေဂျာ ကို လည်း သြစတေးလျှ လူ မျိုး တစ်ဦး ထား  ရှိ မည် ဟု သတင်း ထွက် ပေါ် နေ
သည်။

ဒေါ်စန္ဒာဝင်း ၏ အဖေ ဦး နေ၀င်း သည် အရှေ့ တောင် အာရှ တွင် အချမ်းသာ ဆုံး နိုင်ငံ ဖြစ်သည့် မြန်မာ
နိုင်ငံ ကို အဆင်း ရဲ ဖြစ်အောင် လုပ် သွား ခဲ့ သည့် တစ်ပါတီ အာဏာရှင် ခေါင်းဆောင် တစ်ဦး ဖြစ်သည်။

About these ads
6 Comments
  1. sai #

    ကျန်းမာပါစေ။ချမ်းသာပါစေ။ဒီထက်ကိုကြီးပွားတိုးတက်ပါစေ။ဒီတစ်သက်ထဲအသက်ရှင်ရမှာမို့ လို့ ဆုတောင်းပေးတာပါ။

    September 13, 2012
    • sjqcezvy #

      ဒါလဲ နိဗ္ဗါန်သွားတော့မယ့်သူ လို့ ဆိုချင်တာပဲလား။

      September 14, 2012
  2. Unknown #

    Actually , Almost tourist wont stay there hotel. Because they are on the black list

    September 12, 2012
  3. လုပ်မနေပါနဲ့ လုပ်လဲ အကျိုးပေးမှာမဟုတ်ဘူး ခွေးရူးကောင်းစားတစ်မွန်းတည့်ပဲ အသက်ရှည်ရှည်နေနိုင်ကြပါစေ လူ့ဘဝ စည်းစိမ်ကို အပြည့် အဝ ခံစားသွားကြနော် နောက်ဘဝဆိုတာ မရှိတော့ဘူး…..။

    September 9, 2012
    • sjqcezvy #

      နောင်ဘဝဆိုတာ မရှိတော့ဘူး…..။ ဆိုတာ နိဗ္ဗါန်ရောက်မှသာ။
      နောင် လူ့ဘဝကို ရတော့မှာမဟုတ်ဘူး…..။ လို့လုပ်ပါဗျာ။

      September 11, 2012

Trackbacks & Pingbacks

  1. ဦးနေ၀င်း သမီးပိုင် န၀ရတ် ဟိုတယ် ပြန်ဖွင့်မည် « The Voice Of Rohingyas (ရိုဟင်ဂျာလူမျိုးစုရဲ့ အသံ)

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: