Skip to content

တစ်နွယ်ငင် တစ်စင် ပါနိုင်သောကြောင့် နိုင်ငံသား အဖြစ် မှ ရုပ်သိမ်းပြီး ၊ ပြည်နှင်ဒဏ်ပေး ရန် ဆန္ဒ ဗိုလ်ချုပ်မှုး ကြီး ဟောင်း မှာ ရှိ နေ

228526_10151144584278913_1147082251_n

လတ်တလော မြန်မာ နိုင်ငံ တွင်း သို့  ပြန်လာ သည့် ပြည်တော် ပြန် နိုင်ငံရေး သမား များ အနက်
ABSDF ဥက္ကဌ ဟောင်းများ ဖြစ်သည့် ကိုမိုးသီးဇွန် နှင့် ဒေါက်တာ နိုင်အောင် တို့  သည် ၎င်း တို့ 
တာဝန် ထမ်းဆောင်ခဲ့ စဉ် က ဖြစ်ပွား ခဲ့ သည့် ကချင် ပြည်နယ် ပါဂျောင် ဒေသ တွင် ကျောင်းသား
များ အား အစု လိုက် အပြံ လိုက် သတ် ပွဲ နှင့် ဆပ်စပ် တာဝန် ရှိ နေ ၍ ၎င်း တို့  ကို ပြည်နှင့် ဒဏ်
ပေး ရန် စဉ်းစား ထား ကြောင်း FNG မှ သတင်း ရရှိသည်။

မြောက်ပိုင်း ဒေသ အစုလိုက် အပြုံ လိုက် ရက်စက် စွာ သတ်မှု တွင် သေဆုံး သွား သူ ၏
ကျန်ရစ်သူ မိသား စုများ က အပြစ် ရှိသည် ဟု စွပ်ဆွဲထား သည့် ဒေါက်တာ နိုင်အောင် နှင့်
ကို မိုးသီးဇွန် တို့ ၏ ကိစ္စသည် တစ်စ တစ်စ ကျယ် ပြန့် လာ ရာ အချို့  က ယခင် စစ်အစိုးရ
လက်ထက် က ရာဇ၀တ်မှု များ ၊ ရွှေဝါရောင် တော်လှန် ရေး တွင် သံဃာများ အသတ် ခံရမှု။
ဗဟန်း ငါးလောင်ပြိုင် လူသတ်မှု များ စသည် တို့  ကို ပါ အမှု မှန် ပေါ်ပေါက် ရေး ပါ တောင်း
ဆို လာကြသည်။

အမည် မဖော် လို သည့် ပြည်ထဲရေး ၀န်ကြီး ဌာန မှ အရာ ရှိ တစ်ဦး က ” သူ တို့  ပြဿနာ
က အမျိုးသား ရင်ကြားစေ့ ရေး နဲ့  ဒီမို ကရေစီ ခရီး ကို ပါ အနှောင့် အယှက် ဖြစ် သလို ဖြစ်
နေ ပြီ အထက် က တစ်ခုခု ဆုံး ဖြတ် ပါ လိမ့် မယ် ” ဟု FNG ကို ပြောသည်။

ပါဂျောင် ဒေသ မှ သေကံ မရောက် သက် မပျောက် ဘဲ လွတ်မြောက် လာသူများ နှင့် သေ
ဆုံး သူများ ၏ မိသားစု များ က လည်း မြန်မာ အစိုးရ အနေဖြင့် အပြစ် ရှိ သူများ ကို လွတ်
ငြိမ်း ချမ်းသာ ခွင့် ပေး ရန် မလို လား ဘဲ  တရားခွင် တွင် စီရင် ဆုံး ဖြတ် ရန် သာ လိုလား
သည် ဟု မနေ့  က ဆန္ဒ ထုတ် ဖော် ခဲ့ ကြသည်။

ဒေါက်တာ နိုင်အောင် နှင့် ကိုမိုးသီးဇွန်း တို့  နှစ်ဦး တွင် အဓိက တာဝန်ရှိ သည် ဆိုသည့် ပါဂျောင်
ဒေသ အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှု သည် အသက် အရွယ် ကြီးရင့် ပြီး ဖြစ် ပြီး မြန်မာ နိုင်ငံ
ဒီမိုကရေစီ ရေး ချောမွေ့  စွာ အသွင် ကူးပြောင်း နိုင်ရေး အတွက် လမ်းဖွင့် ပေး ခဲ့ သော စစ်ခေါင်း
ဆောင် ဟောင်း ဗိုလ်ချုပ်မှုး ကြီး သန်း ရွှေ အပါ အ၀င် လက် ရှိ အစိုးရ အဖွဲ့  ခေါင်းဆောင် များ ပါ
ဘုန်းကြီး အမှု ရွာ ပတ် သလို ဖြစ် နိုင် သဖြင့် ဦးသန်းရွှေ က ယခု ကဲ့ သို့  စီစဉ် ရခြင်း ဖြစ်သူ ဟု
သူ၏ မိသားစု ၀င် တစ်ဦး နှင့် နီးစပ် သူ တစ်ဦး က ပြောသည်။

ပြည်နှင်ဒဏ် ပေး ခြင်း ၊ နိုင်ငံ သား အဖြစ် မှ ရပ် စဲခြင်း  သို့  တည်း မဟုတ် အခြား ဆုံး ဖြတ် ချက်
တစ်ခု ခု ကို လည်း ၇၂ နာရီ အတွင်း အကောင် အထည် ဖော် မည် ဟု သိရသည်။
ထိုသတင်း နှင့် တစ်ဆက် တည်း ရဲတပ်ဖွဲ့  သတင်းဌာန မှ သိရသည့် သတင်း တစ်ခု မှာ
၎င်း တို့  ကို ပါဂျောင် ဒေသ ပြစ်မှု များ အတွက် ဖမ်းဆီး ထား ရန် အစီ အစဉ် ရှိ သည်
ဟု သိရသည်။

About these ads
8 Comments
  1. ဒါတွေကိုလိုက်လံတောင်းဆိုနေမယ်ဆို၇င်
    ကျန်တာတွေပါတောင်းဆိုလာတော့မယ်။
    အပြစ်ကင်းတဲ့သူတွေမဟုတ်တော့
    ဒီမိုကရေစီကိုနစ်နာပွန်းပဲ့စေတယ်..
    ပြီးတာတွေမေ့ပစ်နိုင်အောင်ကြိုးစားပြီး
    နောက်နောင်ဒီလိုမဖြစ်ပျက်စေဖိုကိုသာ
    ကြိုးပမ်းကြရမှာအဓိကအရေးကြီးပါတယ်..
    အနှစ်(၂၀)အတွက်နောက်ထပ်နောက်မကျစေချင်တာ
    မြန်မာနိုင်ငံအတွက်အရေးကြီးနေလို့ပါ။
    တကမ္ဘာလုံးမှာဝန်ဆန့်တိုးဝင်နိုင်သောအမေစုလည်း
    တိုင်းပြည်ကောင်းအောင်လုပ်ဖို့အချိန်တွေနောက်ကျနေပြီမို့
    တိုက်တွန်းချင်တယ်။
    သီးခံပြီးပေးဆပ်ခြင်းကဒီမိုကရေစီအတွက်ဆိုတာပဲ…….

    September 29, 2012
  2. zawlinn #

    88 တုံးကလူသတ်ကောင်တွေကိုတော့ မဖေါ်ထုတ်ကြပါလား၊

    September 23, 2012
  3. zawlinn #

    ၈၈ တုံးကသတ်ခဲ့သူများကိုအရင်ဖေါ်ထုတ်ပေးဖို့လိုအပ်ပါတယ်၊ ဘာဖြစ်လို့အဲဒါကိုမပြောကြတာလဲ၊

    September 23, 2012
  4. thar #

    မှန်တာပေါ့ဗျာငါ့အမေငါ့နှမငါ့ကိုယ်တိုင်အသက်ခံရခဲ့ရင်လဲ ခိုင်နှိင်မှာမဟုတ်ဘူး

    သူ့အမေ သူ့အစ်မ သူ့သားမယားတွေကိုသတ်ကြည့်ပါလားဘယ်လိုခံစားရမလဲဆိုတာ
    သိပါလိမ်မယ် ဒီလိုကောင်တွေကိုယ်နှိင်ငံမှာမပြောနဲ့ဒီလောကကြီးမှာတောင်မရှိသင့်ဘူး
    အကွက်ချောင်းပြီးကွင်စောင်နေတဲ့သူတွေ

    September 14, 2012
  5. အသေအချာဖတ်ရှု့လေ့လာပါ။လေ့လာပြီးမှသုံးသပ်ပါ။သုံးသပ်လို့ဆုံးဖြတ်ပြီးမှအပြစ်တင်ပါ။ကြီးသောအမှု့ကိုငယ်အောင်၊ငယ်သောအမှု့ကို ပပျောက်အောင်ဆောင်ရွက်ကြရမှာပဲမဟုတ်လား။ဘတ်မလိုက်တမ်းပြော ရမယ်ဆိုရင်တော့ ဒေါက်တာနိုင်အောင်ဟာ (ပါဂျောင်လူသတ်မှု့)မှာအရေအတွက်ပိုပြီး မိုးသီးထက်များနေ ရခြင်းဖြစ်ပါတယ်။ နိုင်အောင် ။မင်းမရှက်တက်ဘူးလား။ယောက်ျားဆိုရင် ရဲရဲကြီး ၀န်ခံလိုက်စမ်းပါ။

    September 13, 2012
  6. ကိုနန္ဒာလင်း #

    ကျွန်တော်လည်း ဒီအတိုင်းပါပဲ။

    September 11, 2012
  7. wrwjzeuz #

    ကျောင်သားတပ်မတော်နဲ့ တောထဲကအကြောင်းတွေတော့ မသိဘူး။

    ဟစ်တလာ မော်စီတုံး မီလိုဆီဗစ် ဗိုလ်နေဝင်း သခင်သန်းထွန်း ကဒါဖီ နဲ့ ဗလာဒီမျာပူတင် တို့လို နယ်ရှင်နယ်လစ်စတိုင် တနပ်စားအကွက်ခြောင်း အကွက်ပြောင်း အရည်းအသွေးမဲ့ လူပြိန်းကြိုက် စတန်းတွေနဲ့စည်းရုံးပြီး နိုင်ငံရေးလုပ်၊ ဗဟုသုတနဲပြီး သွေးကြွတဲ့ လူငယ်တွေကို နဘေးမှာ အမာခံထားအသုံးချ၊ ကိုယ့်ထက် တက်မြက်သူ အမြင်ကျယ်သူ ကိုယ့်အမှားထောက်ပြနိုင်သူဆို ဒိကောင် သစ္စာဖေါက် ထောက်လှမ်းရေးသမားပဲ ချကွာ ဆိုပြီးမျက်နှာလွှဲခဲပြစ် အပြတ်ရှင်းတဲ့နည်းတွေ မိုးသီးကျင့်သုံးလာတာ ၈လေးလုံး အရေးအခင်းကာလ ကတည်းက ကိုယ်တွေ့မြင်ခဲ့ရ နယူးယောက်မှာလည်းကြုံခဲ့ရတယ်။

    ဒီလူတွေဟာ တိုင်ပြည်အတွက် “အတိုင်အတာတရပ်အထိပဲ လိုအပ်တဲ့” ခေါင်းဆောင်မဖြစ်သင့် မတင်သင့်သူတွေ သိပ်ကြောက်ဖို့ကောင်တဲ့ အန္တရာယ်ရှိတဲ့ သူတွေပါပဲ။
    မြန်မာပြည်ကလူတွေ သတိသာထားကတော့။

    မနာလိုအမုန်းဖက်တာမဟုတ် ပဲ တိုင်ပြည်အတွက် အများအတွက် ဒီစာကိုရေး သတိပေးတာပါ။
    ကျွန်တော် နိုင်ငံရေးသမားမဟုတ်ပါ စောင့်ကြည်သူသက်သက်မျှသာ။

    September 10, 2012
    • phay thein #

      သိပ်မှန်တာပေါ့ဗျာ။ဒီကောင်မျိုးတွေကိုမြန်မာနိုင်ငံထဲမှာနေခွင့်မပေးသင့်ဘူး။လူသတ်ကောင်တွေ..

      September 11, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: